အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ

အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
18 May 2018 11:36 am တွင် တင်ခဲ့သည်
3636 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စုတွင် လူသူကင်းမဲ့လျက်ရှိသော တစ္ဆေမြို့တော်ကြီးများ များစွာရှိနေသည်။

ဝီကီပီဒီယာ၏ ဖော်ပြချက်အရ လူမနေသည့်နေရာပေါင်း ထောင်နှင့်ချီ၍ ရှိနေသည်ဟု ဆိုသည်။

ယင်းသို့ လူသူကင်းမဲ့လျက်ရှိသော နေရာများအနက် အရောင်းဈေးကွက်ဝင်လာသည့် နေရာအချို့ရှိနေသည်။

တစ္ဆေမြို့တော်တစ်ခုကို ယယ်ယူမည်ဆိုလျှင် နှလုံးခိုင်ဖို့ကား လို၏။

ဝယ်လက်သည် ယင်းနေရာများတွင် အခြေချနေထိုင်လျက်ရှိကြသည့် ဝိဥာဉ်များကို ခုခံကာကွယ်ရန် လိုအပ်သည့်နည်းတူ ပုံမှန်လူနေထိုင်နိုင်သည့်နေရာမျိုးဖြစ်လာစေရန် ကြိုးပမ်းရဦးမည်လည်း ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ရှိသည်ဆိုပါက အောက်ဖော်ပြပါ နေရာများကို ဝယ်ယူရန် လေ့လာနိုင်ပါသည်။

ဤနေရာများသည် နှလုံးမခိုင်သူများအတွက် မဟုတ်ချေ။ ဝယ်ယူရာတွင် မျက်လုံးကျယ်ကျယ်ဖွင့်ထားရန် လိုအပ်၏။ အထူးသဖြင့် ဝယ်ယူသည့်နေ့တွင် ဖြစ်သည်။

(၁) အော်ရီဂွန်ပြည်နယ်၊ မီလီကန်မြို့
ခေါ်ဈေး- ကန်ဒေါ်လာ ၁၄၉၉၀၀၀
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ဘန်းမြို့၏အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၇၅၂ တွင် တည်ရှိသော မီလီကန်အမည်ရှိ မြို့ငယ်ကလေးဖြစ်သည်။
လက်ရှိနေထိုင်သူ ဦးရေမှာ (၀) ဖြစ်သည်။

၁၉၄၀ ပြည့်နှစ်တွင် နေထိုင်သူ ၁ ဦးရှိခဲ့ရာမှ နောက်ပိုင်းတွင် လူဦးရေလျော့ကျသွားခြင်းလည်း ဖြစ်သည်။

မြေအကျယ်အဝန်း ၇၄ ဧကခန့်ရှိပြီး မီလီကန်စတိုးအမည်ရှိ စတိုးဆိုင်ဟောင်း ပါဝင်သည်။

မြေနေရာအများစုမှာ ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးပြုရန်သာ ဖြစ်သည်။

၁၈၃၄ ခုနှစ်မှ ၁၉၁၉ ခုနှစ်အထိ နေထိုင်သွားခဲ့သော ဂျော့ မီလီကန်ကို အစွဲပြုကာ မြို့အမည်ပေးထားခြင်းဖြစ်သည်။

စာပို့တိုက်တစ်ခုလည်း တည်ရှိခဲ့ဖူးပြီး ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးစာတိုက်အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရကာ စာပို့သူ ၁၂ ဦးသာရှိခဲ့သည်။

၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်ထုတ် အော်ရီဂိုနီယန် သတင်းစာ မျက်နှာဖုံးတွင် “လူတစ်ဦးတည်း နေထိုင်သောမြို့” အမည်ဖြင့် သတင်းတစ်ရပ်ဖော်ပြခဲ့ဖူးသည်။

ထိုစဉ်က နေထိုင်ခဲ့သူမှာ ဘီလီရန်း အမည်ရှိသူဖြစ်ပြီး မီလီကန်မြို့ကလေးတွင် တစ်ဦးတည်းသော နေထိုင်သူ ဖြစ်ခဲ့သည်။

အကျယ်အဝန်း- ၇၄ ဒသမ ၅၄ ဧက

(၂) ကော်လိုရာဒိုပြည်နယ်၊ စိန့် အယ်လ်မိုမြို့
အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်တွင်တည်ရှိသော စိန့် အယ်လ်မို တစ္ဆေမြို့၏ တောင်ဘက် ၁ ဒသမ ၆ မိုင်ခန့်အကွာတွင် တည်ရှိသော ယခုနေရာကို ပြန်လည်အသက်သွင်းလိုပါက အောက်ဆီဂျင်လိုအပ်ကောင်း လိုအပ်မည် ဖြစ်သည်။

ဂန်နီဆင် အမျိုးသားသစ်တောအတွင်း တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉၀၀၀ ခန့်တွင် တည်ရှိသည်။

အဆိုပါ အမြင့်မှတ်တွင် နေထိုင်သူများမှာ နားအူသည့် ဝေဒနာခံစားရလေ့ရှိသည်။

မြေအကျယ်အဝန်း ၄ ဧကခန့်ရှိပြီး သတ္တုတွင်းဟောင်းကြီးတစ်ခုလည်း ပါဝင်သည့်အပြင် ရထားလမ်းဟောင်းတစ်ခုလည်း ပါဝင်သည်။

တန်ဖိုးရှိသည့် ကျောက်သံပတ္တမြားများ တွေ့နိုင်ဖွယ်ရှိ၊ မရှိကို အာမခံချက်မပေးနိုင်သော်လည်း ဝယ်လက်အနေဖြင့် ရှေးဟောင်းအထိမ်းအမှတ်များ တွေ့ရမည်ကား အသေအချာပင် ဖြစ်၏။
ခေါ်ဈေး- ကန်ဒေါ်လာ ၈၉၅၀၀
မြေအကျယ်အဝန်း- ၄ ဒသမ ၁၄ ဧက
မြို့- စိန့်အယ်လ်မို
ပြည်နယ်- ကော်လိုရာဒို

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com
အရောင်းဈေးကွက်ဝင်လာသည့် တစ္ဆေမြို့တော်ကြီးများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service