Sun Hung Kai Properties ကုမ္ပဏီက နာမည်ကျော်သူဌေးကြီး လီကာရှင်း၏ CK Asset Holdings ကို ဖြတ်ကျော်ကာ ဟောင်ကောင်ရှိ စတုရန်းပေ ၂ သိန်းနီးပါးရှိသည့် မြေနေရာကို အစိုးရထံမှ ကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် လေလံအောင်မြင်

Sun Hung Kai Properties ကုမ္ပဏီက နာမည်ကျော်သူဌေးကြီး လီကာရှင်း၏ CK Asset Holdings ကို ဖြတ်ကျော်ကာ ဟောင်ကောင်ရှိ စတုရန်းပေ ၂ သိန်းနီးပါးရှိသည့် မြေနေရာကို အစိုးရထံမှ ကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် လေလံအောင်မြင် - Property News in Myanmar from iMyanmarHouse.com
17 May 2018 12:33 pm တွင် တင်ခဲ့သည်
3437 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်အခြေစိုက် နာမည်ကျော် အိမ်ခြံမြေ developer ဖြစ်သော Sun Hung Kai Properties (SHKP) သည် ကမ္ဘာပေါ်တွင် အိမ်ခြံမြေ ဈေးနှုန်းအမြင့်မားဆုံးဖြစ်သည့် ဟောင်ကောင်၏ ကိုင်တက်ခ်ဒေသ၌ စတုရန်းပေ ၂ သိန်းနီးပါးကျယ်ဝန်းသည့် လူနေမြေနေရာတစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် တင်ဒါဆွဲဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

SHKP က အဆိုပါနေရာကို ဟောင်ကောင်ဒေါ်လာ ၂၅ ဒသမ ၁၆ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ကြောင်း ဟောင်ကောင်မြေယာအရာရှိရုံးက တရားဝင်ထုတ်ပြန်ထားသည်။

တည်နေရာမှာ ကိုလုံးအရှေ့ရှိ ဟောင်ကောင်လေဆိပ်ဟောင်းနေရာဖြစ်ပြီး ယခင်က ဟောင်ကောင်တွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သည့် အရောင်းအဝယ်ထက် ယခုဝယ်ယူမှုမှာ ၄၆ ရာခိုင်နှုန်းခန့် ပိုမိုများပြားလျက်ရှိသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်း Sino Land ဦးဆောင်သည့် ကုမ္ပဏီများက ကိုလုန်းအရပ်ရှိ မြေနေရာတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁၇ ဒသမ ၂၈ ဘီလီယံဖြင့် ဝယ်ယူခဲ့မှုမှာ ဟောင်ကောင်တွင် တန်ဖိုးအကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။

ဟောင်ကောင်တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လျက်ရှိသည်မှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ စတုရန်းပေ ၁၇၈၀၀၀ ( စတုရန်းမီတာ ၁၆၅၃၇) ကျယ်ဝန်းသော အဆိုပါနေရာ အရောင်းအဝယ်ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သော အိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းများသည် ၂၀၁၆ ခုနှစ်မှ စတင်ကာ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုတိုင်ဆက်လက်မြင့်တက်နေခြင်း ဖြစ်သည်။

“ဝယ်ယူသွားတဲ့ဈေးနှုန်းဟာ မူလခန့်မှန်းထားတာထက် မြင့်မားနေတယ်။ ဒါက ဟောင်ကောင် deveoper တွေ မြေယာဆာလောင်မွတ်သိပ်နေတာ ကာလကြာမြင့်ခဲ့ပြီဆိုတာကို ပြသလိုက်တဲ့ လက္ခဏာတစ်ရပ်ပါပဲ” ဟု Knight Frank မှ ဒါရိုက်တာတစ်ဦးဖြစ်သူ သောမတ်စ်လမ်းက ပြောကြားသည်။

“ဒီဈေးနှုန်းက နောက်တစ်ချက်ဘာကိုညွှန်ပြနေလဲဆိုတော့ developer တွေဟာ ဟောင်ကောင်အိမ်ခြံမြေဈေးကွက်နဲ့ ကိုင်တက်ခ်ဒေသရဲ့ ဖွံ့ဖြိုးမှုအပေါ် ယုံကြည်မှုရှိတယ်၊ အကောင်းမြင်ထားတယ်ဆိုတာကို ပြနေပါတယ်” ဟုလည်း သောမတ်စ်လမ်းက ဆက်လက်ပြောကြားသည်။

မူလက အများခန့်မှန်းထားသည်မှာ ဟောင်ကောင်ဒေါ်လာ ၂၁ ဘီလီယံခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်မည်ဟု ခန့်မှန်းထားခဲ့ကြခြင်း ဖြစ်ရာ ယခုဈေးနှုန်းမှာ ခန့်မှန်းချက်ထက် ၂၀ ရာခိုင်နှုန်းခန့် များပြားနေသည်။

ယှဉ်ပြိုင်လေလံဆွဲရာတွင် ရှုံးနိမ့်သွားခဲ့ကြသည့် ကုမ္ပဏီများတွင် ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်း၏ CK Asset Holdings၊ Henderson Land Development၊ K Wah International ၊ Lifestyle International ၊ Wheelock Properties၊ Chime Corporation၊ New World Development နှင့် China Overseas Land & Investment ကုမ္ပဏီများ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Sun Hung Kai Properties ကုမ္ပဏီက နာမည်ကျော်သူဌေးကြီး လီကာရှင်း၏ CK Asset Holdings ကို ဖြတ်ကျော်ကာ ဟောင်ကောင်ရှိ စတုရန်းပေ ၂ သိန်းနီးပါးရှိသည့် မြေနေရာကို အစိုးရထံမှ ကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် လေလံအောင်မြင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service