တစ်ခေတ်ဆန်းလာတဲ့ အဆောက်အအုံ အလှဆင် သဘာဝထွက်ကုန်ဈေးကွက်

တစ်ခေတ်ဆန်းလာတဲ့ အဆောက်အအုံ အလှဆင် သဘာဝထွက်ကုန်ဈေးကွက် - Property News in Myanmar from iMyanmarHouse.com
17 May 2018 12:26 pm တွင် တင်ခဲ့သည်
3613 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာ ဒေသထွက် သဘာဝထုတ်ကုန်တွေနဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေနဲ့ အိမ်တွင်းအလှဆင်တဲ့လုပ်ငန်းက တဖြည်းဖြည်း ဈေးကွက်တစ်ခုဖြစ်လာနေကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

ဒါပေမဲ့လည်း သဘာဝထွက်ကုန်တွေဖြစ်တဲ့ သစ်၊ ဝါးနဲ့ ကြိမ်တွေကို အခြေခံပြီး ပြုလုပ်ထားတဲ့ပစ္စည်းတွေဟာ လက်နဲ့ အသေးစိတ်လုပ်ကြရတဲ့ ပစ္စည်းတွေများတာကြောင့် ဈေးနှုန်းအအတော်အတန်မြင့်တဲ့အတွက် လူတိုင်းတော့ မသုံးနိုင်ကြသေးဘူးဆိုတာလည်း လေ့လာတွေ့ရှိရပါတယ်။

ပြည်တွင်းမှာပဲ ဒီပစ္စည်းတွေကို စနစ်တကျနဲ့ နိုင်ငံတကာစံမီအောင် ပြုလုပ်ပြီး အာရှနဲ့ ဥရောပကို တင်ပို့နေတာ နှစ် ၂ဝ ကျော်သက်တမ်းရှိနေတဲ့ Bella Interiors Furniture and Accessories ကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးဘိုဘိုပိုင်ဦးက ''အနောက်နိုင်ငံတွေက လက်လုပ်ပစ္စည်းတွေကို တန်ဖိုးထားကြတယ်။ အဓိကအားဖြင့် သဘာဝထွက်ကုန်တွေကို အခြေခံပြီး ခေတ်မီအောင် လက်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းဆိုရင် သူတို့ပိုစိတ်ဝင်စားတယ်။ ဒါပေမဲ့ဈေးနှုန်းကမြင့်တော့ ပြည်တွင်းဈေးကွက်ထဲ သိပ်တိုးမပေါက်ဘူး''လို့ လက်ရှိဈေးကွက်ရဲ့ အနေအထားကို ပြောပြပါတယ်။

ဒီလိုဈေးနှုန်းကြီးမြင့်နေတဲ့ ပစ္စည်းတွေကြားထဲမှာ နောက်ထပ်တစ်မျိုးအနေနဲ့ ဈေးနှုန်းအများကြီးသက်သာတဲ့ ထုတ်ကုန်တစ်ခုလည်း ပေါ်ထွက်လာပါတယ်။ ဒီပစ္စည်းကတော့ ထန်းလျှော်ကို အသုံးပြုပြီး ရက်လုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

''အမှိုက်က ရွှေဖြစ်အောင် လုပ်တယ်လို့ ပြောလို့ရတယ်။ သာမန်ဆိုရင် ဒီထန်းလျှော်တွေကို ခုတ်ချပြီး မီးပုံဖိုလိုက်ကြတာများတယ်လေ''လို့ ဦးဘိုဘိုပိုင်ဦးက ဆိုပါတယ်။

၎င်းတို့အနေနဲ့ ထန်းလျှော်ကိုအခြေခံပြီး အိမ်သုံးပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် နှစ်နှစ်လောက် အချိန်ယူစမ်းသပ်ခဲ့ရပါတယ်။ သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့အတွက် စမ်းသပ်ထုတ်လုပ်ပြီး လွန်ခဲ့တဲ့လအနည်းငယ်ခန့်က အမေရိကန်ကကုမ္ပဏီတစ်ခုကို ကွန်တိန်နာတစ်လုံးစာ စတင်တင်ပို့ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။

ထန်းလျှော်နဲ့လုပ်တဲ့ ပစ္စည်းရဲ့ဈေးနှုန်းဟာ ကြိမ်၊ ဝါးတို့နဲ့ပြုလုပ်တဲ့ ပစ္စည်းတွေထက် ငါးဆလောက် ဈေးသက်သာပါတယ်။ ဒါကြောင့် ပြည်တွင်းဈေးကွက်မှာလည်း လူတန်းစားမရွေးအသုံးပြုနိုင်တဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေဖြစ်လာမယ်လို့လည်း ဦးဘိုဘိုပိုင်ဦးက ဆိုပါတယ်။

ဒီဘက်ခေတ်ထဲမှာတော့ လက်လုပ်ပစ္စည်းတွေထက် ဝယ်ယူရလွယ်ကူပြီး ဈေးနှုန်းသက်သာတဲ့ ခေတ်မီ အိမ်သုံးပစ္စည်းတွေကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာကို တွေ့မြင်နေရပါတယ်။

ဒါ့ပြင် ပရိဘောဂထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ပရိဘောဂထုတ်လုပ်ရောင်းချတာတင်မဟုတ်ဘဲ အိမ်တွင်းအလှဆင်တဲ့ လုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်လာကြတာကိုလည်း ဈေးကွက်အတွင်း လေ့လာတွေ့ရှိရပါတယ်။

ဒီလို တွဲဖက်လုပ်ကိုင်တဲ့ လုပ်ငန်းတွေကြောင့် အသုံးပြုတဲ့သူတွေအနေနဲ့ ကုန်ကျစရိတ်ကို အတန်အသင့်လျှော့ချနိုင်ပြီး စိတ်ကြိုက်ဒီဇိုင်းနဲ့ ပစ္စည်းတွေကိုလည်း အတုအပ စိတ်ပူစရာမလိုဘဲ မိမိစိတ်ကြိုက်ရွေးချယ် အသုံးပြုလို့ရပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ဝါးထက် ကြိမ်နဲ့ပြုလုပ်တဲ့ ပစ္စည်းတွေကို စိတ်ဝင်စားသူက ပိုမိုများပြားပြီး ကြိမ်နဲ့ပြုလုပ်တဲ့ပစ္စည်းတွေက နိုင်ငံခြားကို ပိုမိုတင်ပို့နိုင်တယ်လို့ ဦးဘိုဘိုပိုင်ဦးက ဆိုပါတယ်။

''ကြိမ်ကိုအခြေခံတဲ့ပစ္စည်းကို အဓိကထားထုတ်လုပ်ပြီး ဝါးကိုတော့ ပစ္စည်းအသေးစားတွေလောက်ပဲ ထုတ်တယ်''လို့ ဦးဘိုဘိုပိုင်ဦးက ဆိုပါတယ်။

အဓိကအားဖြင့် ဥရောပနိုင်ငံတွေက ဒီပစ္စည်းတွေကို အများဆုံးစိတ်ဝင်စားကြပြီး အဲဒီနိုင်ငံတွေကိုပဲ အဓိကတင်ပို့ရောင်းချတယ်လို့လည်း သူကဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံဟာ ဝါးအထွက်နှုန်းပိုများပေမဲ့ဝါးကရတဲ့ ဝင်ငွေက အရမ်းနည်းနေတာကို သုတေသနစာတမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံက ဝါးထုတ်ကုန်တွေဟာ နည်းပညာတွေအပြင် ဒီဇိုင်းပိုင်းမှာ လည်း ရှေးခေတ်ပုံစံတွေထဲက ရုန်းထွက်ပြီး ဆန်းသစ်တီထွင်နိုင်ဖို့ လိုအပ်နေ တဲ့အပြင် ငွေကြေးကုန်ကျမှု လျှော့ချနိုင်အောင်၊ အချိန်သက်သာအောင် စက်ပစ္စည်းတွေလည်း အများကြီးသုံးမှသာ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်တယ်လို့ ဝါးလက်မှုပညာရှင် ဦးဇော်လွင်ဦးက ပြောပါတယ်။

ဒါ့ပြင် ကိုယ်ပိုင်ဒီဇိုင်းတီထွင်ပြီး ထုတ်လုပ်ကြတဲသူတွေရှိပေမဲ့ ဒီဇိုင်းမူပိုင်ခွင့်လို ဥပဒေမျိုးတွေမရှိတာကြောင့် ပစ္စည်းပုံစံတူပေမဲ့အရည်အသွေးနဲ့ဈေးနှုန်းပိုနိမ့်တဲ့ပစ္စည်းတုတွေထွက်ပေါ်လာတာကြောင့် ဆက်လက်လုပ်ကိုင်လိုစိတ် လျော့နည်းလာကြတယ်လို့လည်း ဦးဇော်လွင်ဦးက ဆိုပါတယ်။

''မြန်မာပြည်ကလူတွေက သစ်ကိုပိုတန်ဖိုးထားပြီး ဝါးတို့ကြိမ်တို့ရဲ့ တန်ဖိုးကို အသုံးမချတတ်ကြသလို၊ တန်ဖိုးလည်း သိပ်မထားတတ်ကြဘူး''လို့ဦးဇော်လွင်ဦးက ဆိုပါတယ်။

မြန်မာ့ပြည်က ဝါးနဲ့လုပ်တဲ့ အလှဆင်ပစ္စည်းတွေ ဈေးကြီးတာဟာ ပစ္စည်းပြုလုပ်တဲ့အဆင့်တိုင်းကို လက်နဲ့ လူအင်အားနဲ့ပဲ လုပ်တာကြောင့် အချိန်ကုန်၊ ငွေကုန်များပြီး အရည်အသွေးကလည်း ထင်သလောက် မကောင်းဘဲ နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ဖို့ ခက်ခဲနေတာကြောင့်လို့ ဦးဘိုဘိုပိုင်ဦးက ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာဆိုရင် ဝါးစိုက်ပျိုးတဲ့ ဝါးတောတွေနားမှာပဲ ပစ္စည်းကုန်ကြမ်း ထုတ်လို့ရတဲ့အထိ နှီးဖြာတဲ့စက်တွေ၊ နှီးခွေတဲ့စက်တွေကို တည်ဆောက်ထားပြီး ကုန်ချောဖြစ်ဖို့အတွက် နောက်ဆုံးလိုအပ်တဲ့အဆင့်အနည်းငယ်ကိုသာ စက်ရုံကိုပို့ဆောင်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ၄င်းကဆိုပါတယ်။

''တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပညာအရမ်းနောက်ကျနေပြီ။ သူတို့နဲ့ နည်းပညာလည်း အရမ်းကွာသွားပြီ။ ကျွန်တော်တို့က ကျပ်ငွေသုံးသိန်းလောက်နဲ့ ရောင်းနေရတဲ့ပစ္စည်းကို သူတို့က ၁ဝ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တယ်''လို့ ဦးဘိုဘိုပိုင်ဦးက ဆိုပါတယ်။

၎င်းတို့အနေနဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေအတွက်ဆိုရင် အဆောက်အအုံတစ်ခုလုံးအတွက် အလှဆင်ပေးရမယ့် စီမံကိန်းအလိုက်လုပ်ငန်းကြီးတွေကို အလှဆင်သည့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းငယ်တွေကို လက်ခံလုပ်ကိုင်ပေးခြင်းမရှိပါဘူး။

နိုင်ငံတကာကိုတင်ပို့တဲ့ ထုတ်ကုန်တွေအတွက် စာချုပ်မှာကတိပြုထားတဲ့ အရည်အသွေးမီအောင် ဂရုတစိုက်ပြုလုပ်ရတဲ့အတွက် ကျန်တဲ့လုပ်ငန်းသေးတွေကို လိုက်မလုပ်နိုင်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဝါးကိုအခြေခံပြီး ပြုလုပ်ထားတဲ့ပစ္စည်းတွေနဲ့ အလှဆင်တဲ့လုပ်ငန်းကို မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်တဲ့ကုမ္ပဏီအရေအတွက်က အနည်းငယ်သာ ရှိပါသေးတယ်။ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ အရှေ့က ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ အလှဆင်ထားတဲ့ ရေပန်းငယ်နဲ့ ဝါးပန်းခြင်းကြီး ပေါင်းစပ်ထားတဲ့ အလှဆင်မှုအပါအဝင် အခြားဝါးနဲ့ပြုလုပ်ထားတဲ့ အလှဆင်ပစ္စည်းတွေကို ထိုင်းနိုင်ငံအခြေစိုက်တဲ့ကုမ္ပဏီတစ်ခုက လာရောက်အလှဆင်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီကတော့ Bamboo Factory Furniture & Landscape Design Myanmar ဆိုတဲ့ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံမှာအခြေစိုက်ပေမဲ့ မြန်မာလုပ်ငန်းရှင်နဲ့ နိုင်ငံခြားသားတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ထိုင်းမှာလည်း နာမည်ရနေပြီဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီရဲ့ထုတ်ကုန်တွေကို အဓိကအားဖြင့် နိုင်ငံတကာကို ၈ဝ ရာခိုင်နှုန်းတင်ပို့ပြီးတော့ ကျန်တဲ့၂ဝ ရာခိုင်နှုန်းကိုတော့ ပြည်တွင်းမှာပဲ ဖြန့်ဖြူး ရောင်းချတယ်လို့ ကုမ္ပဏီရဲ့ Myanmar Project Manager & Distributor ဦးမြတ်သူဟိန်းကဆိုပါတယ်။

သူတို့ရဲ့ပစ္စည်းတွေက ရာနှုန်းပြည့် လက်မှုပစ္စည်းဖြစ်တာကြောင့် လုပ်အားခ လည်းဈေးကြီးတဲ့အတွက် ဒီလိုပစ္စည်းတွေကို ပြည်တွင်းသုံးစွဲသူတွေကလည်း တန်ဖိုးထားကြတယ်လို့ ဆိုပါတယ်။ ဝါးနဲ့အလှဆင်တဲ့ စီမံကိန်းကြီးတွေကိုကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက အဓိက အလှဆင်လေ့ရှိတယ်လို့လည်း သူကဆိုပါတယ်။

''မြန်မာပြည်ကလူတွေက သစ်နဲ့လုပ်တဲ့ပရိဘောကမှူကထကမပ (ဇိမ်ခံပစ္စည်းအဆင့်) ထင်တာ။ တကယ်တော့ ဝါးနဲ့ပြုလုပ်တဲ့ပစ္စည်းလည်း သူများလွယ်လွယ် ကော်ပီယူလို့မရရင် ရှားပါးပစ္စည်းဖြစ်ပါတယ်''လို့ ဦးမြတ်သူဟိန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သစ်ဈေးက နိုင်ငံတကာနဲ့ယှဉ်ရင် ဈေးသက်သာတဲ့အတွက် ဝါးကိုအသုံးပြုသူရှားပြီး သစ်သား ကိုပဲအဓိက အသုံးပြုကြတယ်လို့ သူက ဆိုပါတယ်။ ဝါးရဲ့အားသာချက်က ပေါ့ပါးပြီး မျက်နှာကြက်တွေ၊ နံရံတွေမှာ ချိတ်ထားလို့ရပါတယ်။ ဒါ့ပြင် ဝါးက စိုက်ပျိုးထုတ်လုပ်ရလွယ်ကူမြန်ဆန်ပြီးတော့ သစ်ကတော့ နှစ်ရှည်လများ ပြန်လည်စိုက်ပျိုးရပါတယ်။

မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာတော့ ဝါးနဲ့အလှဆင်တဲ့ပစ္စည်းတွေနဲ့ စီမံချက်တွေကို ကုန်တိုက်တွေ၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေက အဓိကမှာယူကြပြီး ဂျန်းရှင်းစီးတီးမှာအလှဆင်ထားတဲ့ ဝါးပန်းခြင်း အလုံးကြီးတွေကို နှစ်လအတွင်း အပြီးသတ် အလှဆင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

''ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက လက်မှုပစ္စည်းတွေဖြစ်လို့ ပရောဂျက်ကြီးရင် ကျွမ်းကျင်လုပ်သားအင်အားများများသုံးပြီး အသေးစိတ်လုပ်ရတဲ့အတွက်ဈေးပိုကြီးတယ်။ အချိန်ပေးနိုင်ရင် ဈေးသက်သာသလို အသေးစိတ်သိပ်မလုပ်ရင်လည်း ဈေးပိုသက်သာနိုင်ပါတယ်''လို့ ဦးမြတ်သူဟိန်းက ဆိုပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့အိမ်အလှဆင်ပစ္စည်းတွေ အရောင်းပြပွဲကြီးတွေကို ပြုလုပ်လာကြပြီး မြန်မာနိုင်ငံမှာ ဝါးနဲ့ကြိမ်ကိုအခြေခံပြီး ထုတ်လုပ်တဲ့ပစ္စည်းတွေ သုံးတဲ့သူများလာမယ်ဆိုရင် သူတို့အနေနဲ့ ဆိုင်ခွဲဖွင့်လိုကြောင်းလည်း ဆိုပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် jamboo acFtory uFrniture & lansdcape Design jyanmar ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့ နေရာငှားခဈေးကြီးတာ၊ အလုပ်သမားထိန်းသိမ်းရခက်တဲ့ပြဿနာတွေနဲ့ ပြည်တွင်းသုံးစွဲမှု နည်းပါးတာတွေ ကြောင့် လာမလုပ်ဖြစ်သေးဘူးလို့ ဦးမြတ်သူဟိန်းက ဆိုပါတယ်။

''ကျွမ်းကျင်ဝန်ထမ်းမရှိသလို ကျွမ်းကျင်ပြီး နည်းပညာနိုင်တဲ့ဆရာလည်းမရှိသေးဘူး။ နည်းပညာပေးပြီး ကျွမ်းကျင်ဝန်ထမ်းရှာရင်တော့ မြန်မာပြည်က ဝန်ထမ်းတွေက ပညာရတာနဲ့ လစာပိုမပေးရင် ထွက်မယ်ဆိုတာက များတယ်''လို့ ဦးမြတ်သူဟိန်းက ဆိုပါတယ်။

၎င်းတို့ကုမ္ပဏီအနေနဲ့ ကုန်ပစ္စည်းအတွက် ကုန်ကြမ်းကို ကိုယ်တိုင်စိုက်ပျိုးပြီး တစ်ခါတစ်ရံ လုံလောက်မှုမရှိရင် Supplier တွေဆီကတစ်ဆင့် ဝယ်ယူရတယ်လို့ဆိုပါတယ်။ ဝါးတွေထဲမှာမှ လိုသလိုကွေးလို့ ရပြီး ထုတ်ကုန်အရည်အသွေးပိုမြင့်တဲ့ Seesuk ဆိုတဲ့ဝါးမျိုးစိတ်ကို ရွေးချယ်အသုံးပြု တယ်လို့လည်း ဦးမြတ်သူဟိန်းက ပြောပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service