စင်္ကာပူအစိုးရပိုင် ကုမ္ပဏီက အမေရိကန်ကုမ္ပဏီခွဲတစ်ခုနှင့် ပူးပေါင်းကာ တရုတ်ပြည်အငှားအိမ်ရာဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်

စင်္ကာပူအစိုးရပိုင် ကုမ္ပဏီက အမေရိကန်ကုမ္ပဏီခွဲတစ်ခုနှင့် ပူးပေါင်းကာ တရုတ်ပြည်အငှားအိမ်ရာဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
16 May 2018 11:15 am တွင် တင်ခဲ့သည်
3230 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူအစိုးရပိုင် ကုမ္ပဏီ GIC သည် အမေရိကန်ကုမ္ပဏီခွဲတစ်ခုနှင့် ပူးပေါင်းကာ တရုတ်ပြည်အငှားအိမ်ရာဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

GIC ၏ မူလအမည်မှာ စင်္ကာပူအစိုးရ ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်းဖြစ်ပြီး စင်္ကာပူ၏ နိုင်ငံခြားအရန်ငွေများကို စီမံခန့်ခွဲနိုင်ရန် ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ GIC က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် Warburg Pincus ကုမ္ပဏီ၏ ကုမ္ပဏီခွဲ၊ အိမ်ခြံမြေကုမ္ပဏီ ဖြစ်သော Nova နှင့် လက်တွဲကာ တရုတ်ပြည်အငှားအိမ်ခြံမြေဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ် လာခြင်းလည်း ဖြစ်သည်။

GIC နှင့် Nova တို့၏ ပူးတွဲကြေညာချက်တစ်ရပ်အရ တရုတ်ပြည်အတွင်းရှိ ပထမတန်းစားမြို့ကြီးများ၏ အချက်အခြာနေရာများတွင် အရည်အသွေးမှီ အငှားလူနေအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ဝယ်ယူခြင်း၊ ပြန်လည်မွမ်းမံခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း ကဏ္ဍများအတွက် ယွမ်ငွေ ၄ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၆၇၅ သန်း) ခန့် ရင်းနှီးမြှုပ်နှံသွားကြမည်ဖြစ်ကြောင်း ကြေညာထားသည်။

သဘောတူညီမှုတွင် Nova ကုမ္ပဏီ၏ ရှယ်ယာအချို့ကို ဝယ်ယူခွင့်ပြုမည့်အချက်လည်း ပါဝင်ကာ ယခုနှစ် တတိယ ၃ လပတ်တွင် အကောင်အထည်ဖော်သွားဖွယ်ရာရှိသည်။

ဘဏ္ဍာငွေ ကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသော GIC သည် Nova ကုမ္ပဏီတွင် ပူးတွဲတည်ထောင်သူများပြီးလျှင် အကြီးမားဆုံး ပူးပေါင်းရင်းနှီးမြှုပ်နှံသူဖြစ်လာမည်ဖြစ်ကာ Nova ၏ စီမံကိန်းများတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားဖွယ်ရှိသည်။

“မြို့ပြလူနေမှုအသွင်ကို ကူးပြောင်းနေပြီး လျင်မြန်စွာဖွံ့ဖြိုးကြီးထွားလာနေတဲ့ တရုတ်ပြည် အငှားလူနေခန်းဈေးကွက်ဟာ ကျွန်တော်တို့ကို ရေရှည်ရင်းနှီးမြှုပ်နှံသူအဖြစ် ဝင်ရောက်ဖို့ ဆွဲဆောင်မှုတွေရှိနေပါတယ်။

ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ ဝင်ငွေရှိတဲ့ အုပ်စုတွေဟာ အိမ်ငှားနေထိုင်သူပမာဏ များပြားလာတာကို တွေ့နေရတယ်” ဟု GIC ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲ လီကော့ဆန်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူအစိုးရပိုင် ကုမ္ပဏီက အမေရိကန်ကုမ္ပဏီခွဲတစ်ခုနှင့် ပူးပေါင်းကာ တရုတ်ပြည်အငှားအိမ်ရာဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service