နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ

နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
15 May 2018 12:50 pm တွင် တင်ခဲ့သည်
3737 ကြိမ် ကြည့်ရှု့ပြီး
နိုဘယ်ဆုရ ကမ္ဘာကျော်စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားရာ နယူးယောက်မြို့ ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

ဂျွန်စတိန်းဘက်ခ်သည် ကယ်လီဖိုးနီးယားဇာတိဖြစ်ပြီး ပူလစ်ဇာဆုရခဲ့သော The Grapes of Wrath ဝတ္ထုကြီးဖြင့် နာမည်ကျော်ခဲ့သည်။

ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည်မှာ နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ်၊ အရှေ့ ၇၂ လမ်း၊ အမှတ် ၁၉၀ ရှိ မိုးမျှော်တိုက်ကြီး၏ ၃၄ ထပ်မြောက်ရှိ အခန်းတွင် ဖြစ်သည်။

၃၄ ထပ်ရှိ အခန်းတွင် ဘဝ၏နောက်ဆုံးအချိန်ကာလများကို စာရေးသားရင်းဖြတ်သန်းခဲ့ကာ ၁၉၆၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

ထိုအခန်းတွင် တတိယမြောက်ဇနီးဖြစ်သူ အီလိုင်း အန်ဒန်ဆန်နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

(အီလိုင်း အန်ဒါဆန်မှာ ၂၀၀၃ ခုနှစ်တွင် ကွယ်လွန်သွားသည်)

နေအိမ်ခန်း အကျယ်အဝန်းမှာ စတုရန်းပေ ၃၇၀၀ ခန့် ဖြစ်ပြီး ဈေးကွက်တင်ထားသည့် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းဖြစ်သည်။

လက်ရှိပိုင်ရှင်များက ပြန်လည်မွမ်းမံခြင်းများ ပြုလုပ်ခဲ့သော်လည်း ဂျွန်စတိန်းဘက်ခ် စာရေးစာဖတ်လုပ်ရာ နေရာကိုမူ မူလလက်ရာမပျက် မပြုမပြင် ထိန်းသိမ်းထားသည်။

ဂျွန်စတိန်းဘက် အသုံးပြုခဲ့သော သစ်သားစားပွဲ၊ နံရံပေါ်တွင် ရေးသားထားသည့်စာများ၊ ပိုစတာများမှာ သူရှိခဲ့စဉ်ကအတိုင်း ထားရှိသည်ဟု ဆိုသည်။

ဂျွန်စတိန်းဘက်ရှိခဲ့စဉ်က အခန်းငယ်မျှသာဖြစ်သော်လည်း ယနေ့တွင်မူ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်လာကာ ခရိုင်စလာ အဆောက်အအုံနှင့် အင်ပိုင်ယာစတိတ် အဆောက်အအုံကြီးများကို လှမ်းမျှော်တွေ့မြင်နေရသည့် မြင်ကွင်းရှိသည်။

နေအိမ်ခန်းဝန်းကျင်ရှိမြင်ကွင်းကား ကြီးမားစွာပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ပန်းခြံရိပ်သာလမ်း၊ အမှတ် ၄၃၂ တွင် နယူးယောက်၏ အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးပေါ်ပေါက်လာကာ ၂၀၁၅ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

“နယူးယောက်သည် အကျည်းတန်လှသော မြို့၊ ညစ်ပတ်လှသော မြို့တစ်မြို့ ဖြစ်၏။ ယာဉ်ကြောပိတ်ဆို့မှုမှာ ရူးသွပ်ဖွယ်ရာ ဖြစ်၏။ အပြိုင်အဆိုင်ပြင်းထန်ပုံမှာ သတ်တော့မည် ဖြတ်တော့မည်အလား မှတ်ထင်ရ၏” ဟု ဂျွန်စတိန်းဘက်ခ်က နယူးယောက်တိုင်းမ် သတင်းစာကြီးတွင် ၁၉၅၃ ခုနှစ်၌ ရေးသားခဲ့သည့် အက်ဆေးတစ်ပုဒ်တွင် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။

“ဒါပေမယ့် နယူးယောက်ဟာ တစ်ခါနေဖူးပြီးသွားရင် ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်သွားတတ်တာက ထူးခြားချက်ပဲ”ဟု ဂျွန်စတိန်းဘက်ခ်က ဆိုသည်။

ဈေးကွက်တင်သည့် ကုမ္ပဏီမှာ နယူးယောက်အခြေစိုက် Stribling အိမ်ခြံမြေကုမ္ပဏီ ဖြစ်သည်။

အမည်ရင်းမှာ ဂျွန် အန့်စ် စတိန်းဘက်ခ် ဂျူနီယာဖြစ်ပြီး ၁၉၀၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် မွေးဖွားသည်။

ဂျွန်စတိန်းဘက်ခ်သည် ကယ်လီဖိုးနီယားပြည် ဆာလီနာ့စ်မြို့သားဖြစ်သည်။ ဂျွန်စတိန်းဘက်ခ်နေထိုင်သော မြို့အလည်တွင် ဆာလီနာ့စ်မြစ်ကြီး ဖြတ်သန်းစီးဆင်းလျက်ရှိကာ မြစ်၏တစ်ဖက်တစ်ချက်တွင် စိုက်ပျိုးရေးများ လုပ်ကိုင်ကြသည်။

ဂျွန်စတိန်းဘက်သည် ဂျာမန်အနွယ်များဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသူများဖြစ်သည်။

မျိုးရိုးစဉ်ဆက် ဆာလီနာ့စ်တွင်အခြေချနေထိုင်ကာ စီးပွားရေးပြေလည်ခဲ့ကြသော်လည်း ဂျွန်စတိန်းဘက်တို့ လက်ထက်တွင် မပြေလည်ကျတော့ပေ။

ဂျွန်စတိန်းဘတ်မှာ အလုပ်မျိုးစုံ လုပ်ခဲ့ရပြီး စတန်းဖို့ဒ် တက္ကသိုလ်မှ ထွက်လိုက်ချိန်တွင် မြေတိုင်းစာရေး၊ သစ်သီးခူးသူ၊ ဂိုဒေါင်စောင့် ၊ ကူလီအထမ်းသမား၊ စက်ရုံအလုပ်သမား အစရှိသည့် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။

ပူလစ်ဇာ ဆုရ စာအုပ်ဖြစ်သည့် The Grapes of Wrath (၁၉၃၉) (ဆရာမောင်ထွန်းသူက ဒေါသမာန်အမည်ဖြင့် မြန်မာပြန်) အမည်ရှိ စာအုပ် နှင့် East of Eden (၁၉၅၂) (ဆရာမိုးဝေက အပယ်ခံသားအမည်ဖြင့် မြန်မာပြန်ထား) စသည့် ၀တ္ထုရှည်များနှင့် Of Mice and Men (၁၉၃၇) (ဆရာမောင်ထွန်းသူက တို့ပိုင်တဲ့မြေအမည်ဖြင့် မြန်မာပြန်ထား) စသည့် ၀တ္ထုလတ်များဖြင့် လူသိများထင်ရှားသည်။

အခြားထင်ရှားသည့် နာမည်ကျော်ဝတ္ထုများမှာ တော်တီလာဖလက် (၁၉၃၅) နှင့် ကင်နရီ ရိုး (၁၉၄၅) တို့ဖြစ်ကြသည်။

ဂျွန်စတိန်းဘက်သည် ၁၉၆၂ခုနှစ်တွင် စာပေနိုဘယ်ဆု ရရှိခဲ့သည်။

ဂျွန်စတိန်းဘက်ခ်သည် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် နယူးယောက်မြို့၌ နှလုံးရောဂါဖြင့် ကွယ်လွန်သည်။

သူသည် ဘဝတစ်လျှောက်လုံး ဆေးလိပ်သောက်ခဲ့သူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်သာရှိသေးသည်။

ရင်ခွဲစစ်ဆေးချက်များအရ နှလုံးသွေးလွှတ်ကြော ပိတ်ဆို့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်ခ် နောက်ဆုံးနေထိုင်သွားခဲ့သည့် နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service