ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် တိုက်ခန်းများ ဆက်လက်ရောင်းချပေးလျက်ရှိ

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် တိုက်ခန်းများ ဆက်လက်ရောင်းချပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
9 May 2018 10:41 am တွင် တင်ခဲ့သည်
8727 ကြိမ် ကြည့်ရှု့ပြီး
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှ နေအိမ်တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် မည်သူမဆို ဝယ်ယူနိုင်ကြပြီဖြစ်ရာ နေအိမ်တိုက်ခန်း များကို ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

တန်ဖိုးငွေကျပ်ဘီလီယံ ၃ဝ ခန့် အကုန်အကျခံဆောက်လုပ်ထားသည့် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှာ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ပထမအဆင့်)အနီး၌ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ဆုံရာ နေရာ၌ တည်ရှိသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်) ၌ နေအိမ်တိုက်ခန်း စတုရန်းပေ ၉၂၇ အကျယ်အဝန်းရှိ အထပ်မြင့်ရှစ်ထပ်တိုက် အဆောက်အအုံ ၁၉ လုံးနှင့် နေအိမ်တိုက်ခန်းစတုရန်းပေ ၆၁၄ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက် အဆောက်အအုံရှစ်လုံးတို့ကို ဆောက်လုပ်ထားကာ စုစုပေါင်း အဆောက်အအုံ ၂၇ လုံးဆောက်လုပ်ထားကြောင်းနှင့် အိမ်ခန်းပေါင်း ၈၆၄ ခန်း ပါဝင်ဆောက်လုပ်ထားကြောင်းသိရသည်။

ယခုအခါ အဆိုပါစီမံကိန်းမှမဲဖောက်ရောင်းချပေးထားသော နေအိမ် တိုက်ခန်းဝယ်ယူလိုသည့် လျှောက်လွှာပေါင်း ၅ဝဝဝ ကျော် လက်ခံရရှိခဲ့ကြောင်း နှင့် အဆိုပါနေအိမ်တိုက်ခန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၇ ရက် မှ ဒီဇင်ဘာ ၁၇ ရက်အထိ နှစ်လတာကာလအတွင်း ပထမအရစ်ငွေပေးသွင်းရန် သတ်မှတ်ခဲ့ရာ နေအိမ်တိုက်ခန်းပေါင်း ၄၅၂ ခန်းသာ ငွေပေးသွင်းခဲ့ကြောင်း သိရသည်။ ကျန်ရှိနေအိမ်တိုက်ခန်း ၄၁၂ ခန်းမှာ မဲစနစ်ဖြင့် လျှောက်ထားခဲ့ ကြသော်လည်း လက်ရှိလာရောက်ငွေပေးသွင်းခြင်း မရှိသောကြောင့် ဝယ်ယူခွင့် ရရှိသူစာရင်းမှ တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်ပြီး အဆိုပါနေအိမ်တိုက်ခန်းများ ကို မတ် ၂၈ ရက်မှစတင်၍ မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ပြီ ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

လက်ရှိအနေအထားအရ စတုရန်းပေ ၆၁၄ အကျယ်အဝန်းရှိ နေအိမ် တိုက်ခန်းများဆောက်လုပ်နေမှုမှာ ရာခိုင်နှုန်း ၈ဝ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး မကြာမီဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သောကြောင့် ကျန်ပေးသွင်းရမည့် အရစ်များကိုလည်း ဆက်လက်ပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း၊ စတုရန်းပေ ၉၂၇ အကျယ်အဝန်းရှိ နေအိမ်တိုက်ခန်းများကိုလည်း ဆက်လက်ဆောက်လုပ် လျက်ရှိပြီး နေအိမ်တိုက်ခန်းအနည်းငယ်သာရောင်းချရန် ကျန်ရှိသောကြောင့် အဆိုပါနေအိမ်တိုက်ခန်းများကိုလည်း မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ကြကြောင်းနှင့် နေအိမ်တိုက်ခန်းများကို အင်တိုက်အားတိုက်ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါနေအိမ်တိုက်ခန်းများ၏ရောင်းဈေးအနေဖြင့် စတုရန်းပေ ၆၁၄ အကျယ်အဝန်းရှိ အခန်းအား ငွေကျပ် ၂၈၅ သိန်းဖြင့်လည်းကောင်း၊ စတုရန်းပေ ၉၂၇ အကျယ်အဝန်းရှိ အခန်းအားငွေကျပ် ၃၇၇ သိန်းဖြင့်လည်းကောင်း စီစဉ်ရောင်းချပေးထားပြီး အခန်းဝယ်ယူခွင့်ရရှိသူများသည် အခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ဝယ်ယူပြီးနှစ်လအတွင်းအပြီးသတ် ငွေပေးသွင်းရန် သတ်မှတ်ထားကြောင်း၊ စတုရန်းပေ ၆၁၄ အကျယ်အဝန်းရှိ အခန်းအတွက် ပထမအရစ် ငွေကျပ် ၈၅ ဒသမ ၅ သိန်းကိုလည်းကောင်း၊ စတုရန်းပေ ၉၂၇ အကျယ်အဝန်းရှိ အခန်းအတွက် ပထမအရစ်ငွေကျပ် ၁၁၃ ဒသမ ၁ သိန်းကို လည်းကောင်း အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြကြောင်းနှင့် ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ အခန်းတန်ဖိုးအတွက် ၁ဝ နှစ် အရစ်ကျဝယ်ယူနိုင်ကြောင်း၊ ထို့အပြင် အဆိုပါ စတုရန်းပေ ၆၁၄ အကျယ်အဝန်းရှိ နေအိမ်တိုက်ခန်းနှင့် စတုရန်းပေ ၉၂၇ အကျယ်အဝန်းရှိ နေအိမ်တိုက်ခန်းများကို ဝယ်ယူလိုပါ က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ ဆက်သွယ်ရန်ဖုန်းနံပါတ် ဝ၁-၃၇၈၁၅၇၊ ဝ၉-၄ဝ၂၂၅၁၄၁၁၊ ဝ၉-၄ဝ၂၂၅၁၄ဝဝ နှင့် ဝ၉-၄ဝ၂၂၅၁၄၂၂ တို့သို့ မည်သူမဆို ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ကြကြောင်း သိရသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှ နေအိမ်တိုက်ခန်း များကို ဝယ်ယူနေထိုင်ကြသောပြည်သူများအနေဖြင့် ခေတ်မီစွာနေထိုင်နိုင် ကြတော့မည်ဖြစ်ပြီး ကလေးများအတွက် ကစားကွင်းများနှင့် အပန်းဖြေ ဥယျာဉ်များ ထည့်သွင်းဆောက်လုပ်ထားသောကြောင့် နိုင်ငံတကာအဆင့်မီ အိမ်ရာစီမံကိန်းဖြစ်ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service