ရွှေတင်သွင်း၊တင်ပို့လုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြည်တွင်းရွှေလုပ်ငန်းရှင်များ စီစဉ်

ရွှေတင်သွင်း၊တင်ပို့လုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြည်တွင်းရွှေလုပ်ငန်းရှင်များ စီစဉ် - Property News in Myanmar from iMyanmarHouse.com
9 May 2018 9:57 am တွင် တင်ခဲ့သည်
3897 ကြိမ် ကြည့်ရှု့ပြီး
ရွှေကို ပြည်ပတင်ပို့ရန် နှင့် ပြည်ပမှ တင်သွင်းရန် ပြည်တွင်းရွှေလုပ်ငန်းရှင်များက စီစဉ်နေကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိအစိုးရသည် ရွှေတင် သွင်း၊ တင်ပို့ခြင်းကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီးနောက် အိမ်နီချင်း နိုင်ငံများသို့ စမ်းသပ် တင်ပို့ခြင်း၊ တင်သွင်းခြင်းပြုလုပ် ရန် စီစဉ်နေကြောင်း ရွှေလုပ်ငန်း ရှင်းများက ပြောသည်။

‘‘အစမ်းပို့ကြည့်မယ်၊ သွင်း ကြည့်မယ်။ ဒီမှာ အခက်အခဲတွေ ရှိရင် အစိုးရကို တင်ပြပြီး လိုအပ် တာတွေ ပြင်ဆင်ခိုင်းမယ်’’ ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးအုန်း မြိုင်က ပြောသည်။

စမ်းသပ်လုပ်ဆောင်ရာတွင် ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ များကို ပထမဦးစားပေးဆောင် ရွက်နေသည်ဟု ၎င်းကပြောသည်။

ရွှေတင်ပို့ခြင်း၊ တင်သွင်း ခြင်းကို ပြည်ပနိုင်ငံများတွင် လေ့ လာနေဆဲဖြစ်ပြီး မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း၊ ရန်ကုန် နှင့် မန္တလေးရှိ အသင်းများနှင့် လည်း ညှိနှိုင်းနေဆဲဖြစ်သည်ဟု အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦး အောင်ဆန်းဝင်းက ပြောသည်။

ရွှေတင်ပို့၊ တင်သွင်းရန် အစိုးရ၏ ရွှေဈေးကွက်စောင့် ကြည့်အကဲဖြတ် ထိန်းညှိရေးကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြော သည်။

အဆိုပါကော်မတီသည် ရွှေတင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ရွှေဈေးကွက်ကို ထိန်းညှိပေးရန်၊ ဝယ်လိုအား၊ ရောင်းလိုအား ချိန်ညှိရန်နှင့် တင်ပို့ခြင်း၊ တင်သွင်း ပမာဏ၊ စံချိန်၊ ဈေးနှုန်းနှင့် တန်ဖိုး သတ်မှတ်ရန် ဖြစ်သည်။

ရွှေတင်ပို့၊ တင်သွင်းရန် နည်းဥပဒေများ၊ ပြင်ဆင်ရန် ကျန်ရှိနေပြီး လက်ရှိအချိန်အထိ တရားဝင်လုပ်ဆောင်နိုင်ခြင်း မရှိသေး ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

နိုင်ငံတော်သယံဇာတထွက် ကုန်ရွှေသတ္တုကို တရားဝင် တင် ပို့ခွင့်၊ တရားဝင်အခွန်အခရရှိစေ ရန်နှင့် ရွှေဈေးကွက် တရားဝင် ဖြစ်စေရန် မြန်မာနိုင်ငံသားလုပ် ငန်းရှင်များအား တင်ပို့ခြင်း၊ တင် သွင်းခြင်းကို ဇန်နဝါရီ ၂၂ ရက်၌ အစိုးရက စတင်ခွင့်ပြုခဲ့သည်။

ရွှေတင်ပို့ခြင်း၊ တင်သွင်း ခြင်းတွင် စံချိန်မီရွှေတုံး၊ ရွှေခဲ၊ရွှေ ဒင်္ဂါးများနှင့် လက်ဝတ်ရတနာ၊ ၁၅ ပဲ၊ ၁၆ ပဲရည် ရွှေတုံးများလည်း ပါဝင်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service