မုံရွာမြို့ တက္ကသိုလ်သုံးခုအနီးရှိ အိမ်ခြံမြေများကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသမှ လာရောက် ၀ယ်ယူမှုကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ်ကောင်းနေကြောင်း သိရ

မုံရွာမြို့ တက္ကသိုလ်သုံးခုအနီးရှိ အိမ်ခြံမြေများကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသမှ လာရောက် ၀ယ်ယူမှုကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ်ကောင်းနေကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
8 May 2018 12:31 pm တွင် တင်ခဲ့သည်
4331 ကြိမ် ကြည့်ရှု့ပြီး
မုံရွာမြို့ တက္ကသိုလ်သုံးခုအနီးရှိ အိမ်ခြံမြေများအား စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသမှ လာရောက် ၀ယ်ယူနေမှုကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ် အားကောင်းနေကြောင်း မုံရွာအိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။

မုံရွာအိမ်ခြံမြေများသည် အရောင်းအ၀ယ် သွက်နေသော်လည်း အိမ်ဝန်းဈေးနှုန်းသည် ဈေးမတက်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသက လာရောက်ဝယ်ယူနေခြင်းသည် အိမ်ခြံမြေ လာရောက်ဝယ်ယူသူများဘက်က အဆောင်နှင့် လူများ သီးသန့်နေထိုင်ရန်အတွက် ယင်းကဲ့သို့ လာရောက်ဝယ်ယူ နေကြကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

“ အိမ်ခြံမြေ အရောင်းအ၀ယ်ကတော့ အခုလောလောဆယ်မှာ ရောင်းအားသွက်ပါတယ်။ ဈေးကတော့ မတက်ပါဘူး။ ဒါပေမဲ့ အိမ်ခြံမြေ အရောင်းအ၀ယ်ကတော့ ပိုပြီးတော့ သွက်လာပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက အ၀ယ်တွေ ဆင်းလာကြတယ်။ အထက်ပိုင်းကလည်း အတော်လေးကို အ၀ယ်လိုက်ကြပါတယ်။ အချို့ကလည်း မုံရွာတက္ကသိုလ်တွေနဲ့ နီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် အဆောင်ဖွင့်ဖို့ ၀ယ်ကြတယ်။ အချို့ကလည်း ဒီမှာပဲ အခြေချနေထိုင်ဖို့ရာ အတွက်လည်း ၀ယ်ကြတယ်။ အဓိကတော့ ဒီချမ်းမြ၀တီရပ်ကွက်ဆိုတာ တက္ကသိုလ်သုံးခုနဲ့ နီးတာကိုးဗျာ့။ ကျောင်းသုံး ကျောင်းနဲ့နီးတဲ့ ချမ်းမြ၀တီရပ်ကွက်က အိမ်ခြံမြေတွေက ပိုပြီးတော့ အရောင်းအ၀ယ် အသွက်ဆုံးဖြစ်တယ်။ ဒုတိယကတော့ နန္ဒ၀န်ရပ်ကွက်ပါ။ အဲဒီမှာလည်း အိမ်ခြံမြေကွက်တွေ ရောင်းအားကောင်းပါတယ် ” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှ ကိုညိုဝင်းက ပြောကြားသည်။

ထိုသို့ မုံရွာအိမ်ခြံမြေများ အရောင်းအ၀ယ် အားကောင်းနေခြင်းသည် ကျပ်သိန်း ထောင်ချီတန်သည့် အိမ်ဝန်းများအား တန်ဖိုးနည်း မြေကွက်များအဖြစ် ဖော်ဆောင်ပြီး အိမ်ခြံမြေများ အရောင်းအ၀ယ် ပြုလုပ်သူများနှင့် ၀ယ်ယူသူများအကြား အရောင်းအ၀ယ် ပြုလုပ်နေရကြောင်း၊ ၀ယ်ယူသူများ ဘက်ကလည်း တန်ဖိုးနည်းမြေကွက်များ ဖြစ်သည့်အတွက် ပိုမိုဝယ်ယူလာကြကြောင်း မုံရွာအိမ်ခြံမြေ အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ကိုမြတ်ထိုက်စိုးက ဆိုသည်။

“တစ်ထောင်တန် အိမ်ဝန်းတွေကို သူ့အစိတ်နဲ့သူ၊ သူ့အပိုင်းနဲ့သူ ပိုင်းပြီးတော့ ရောင်းကြတော့ တစ်ပိုင်တစ်နိုင်ပေါ့နော်။ တစ်ထောင်တန်ကို လူတိုင်းမ၀ယ်နိုင်ပေမဲ့ တစ်ထောင်တန်ကို စိတ်ပြီးတော့ ရောင်းလိုက်တော့ ၀ယ်နိုင်တဲ့သူလည်း များတယ်။ အဲဒီလိုတွေ စိတ်ရောင်းကြတော့ အိမ်ခြံမြေ ၀ယ်လက်ကလည်း ပိုပြီးတော့ သွက်လာတယ်။ အိမ်ဝန်းဝယ်ယူသူတွေ အနေနဲ့ ဂရန်စတာတွေကို သေချာစိစစ်ပြီးတော့ ကျွန်တော်တို့က ရောင်းချပေးတာပါ။ စာရွက်စာတမ်းမစုံတဲ့ မြေကွက်တွေဆိုရင် ကျွန်တော်တို့ ပွဲစားတွေကလည်း အရောင်းအ၀ယ် မလုပ်ပါဘူး။ စာရွက်စာတမ်းစုံတော့ ၀ယ်တဲ့သူတွေ အနေနဲ့လည်း စိတ်ချမ်းသာတယ်။ ရောင်းတဲ့သူ အနေနဲ့လည်း စိတ်ချမ်းသာတယ်” ဟု ၎င်းကဆိုသည်။

မုံရွာအိမ်ခြံမြေ အရောင်းအ၀ယ်သွက်နေသည့် ရပ်ကွက်ကြီးသုံးခုသည် ချမ်းမြ၀တီရပ်ကွက်၊ နန္ဒ၀န်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့ဖြစ်ကြောင်း၊ ယင်းရပ်ကွက်ကြီး သုံးခုသည် တက္ကသိုလ်ကြီး သုံးခုနှင့် အလွန်နီးကပ်နေကြောင်း၊ ချမ်းမြ၀တီရပ်ကွက်သည် တက္ကသိုလ်ကြီး သုံးခုကြားမှာ တည်ရှိနေသောကြောင့် ယင်းရပ်ကွက် အတွင်းရှိ အိမ်ခြံမြေများက အရောင်းအ၀ယ် ပိုမိုအားကောင်းကြောင်း ၀ါရင့်အိမ်ခြံမြေ အကျိုးတော်ဆောင် (မုံရွာ) ကိုဇော်ထွန်းက ဆိုသည်။

“ မုံရွာမှာ အိမ်ခြံမြေ အရောင်းအ၀ယ် အားကောင်းဆုံးနေရာကတော့ သုံးခုလောက်ပါပဲ။ ချမ်းမြ၀တီရပ်ကွက်ရယ်၊ နန္ဒ၀န်ရပ်ကွက်ရယ်၊ မြို့သစ်ရပ်ကွက်ရယ်ပေါ့နော်။ အားလုံးထဲမှာတော့ ဒီချမ်းမြ၀တီက ပိုပြီးတော့ အားကောင်းတယ်။ ချမ်းမြ၀တီရပ်ကွက်က အဓိကတော့ဗျာ မိန်းတက္ကသိုလ်ကြီး သုံးခုကြားမှာ တည်နေတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ပါ ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မုံရွာမြို့တွင် အစိုးရက တရားဝင် ဂရန်ချပေးထားသည့် ရပ်ကွက်ကြီးသုံးခု အတွင်းရှိ အိမ်ခြံမြေများ၏ ဈေနှုန်းများသည် ၁၀ ပေ နှင့် ပေ ၄၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀၊ ပေ ၃၀ နှင့် ပေ ၈၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၅၀၊ ပေ ၃၀ နှင့် ပေ ၅၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀ အထိ ရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service