အမေရိကန်သမ္မတ (၅) ဦးနှင့် သမိုင်းဝင်ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး (၅) ခု

အမေရိကန်သမ္မတ (၅) ဦးနှင့် သမိုင်းဝင်ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး (၅) ခု - Property News in Myanmar from iMyanmarHouse.com
8 May 2018 12:02 pm တွင် တင်ခဲ့သည်
4532 ကြိမ် ကြည့်ရှု့ပြီး
ယခုအခါ အမေရိကနသမ္မတဟောင်း ၅ ဦးနှင့် သမိုင်းဝင် ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး ၅ လုံးမှာ အရောင်းဈေးကွက်သို့ ၀င်ရောက်လာသည်။

အီရီရေကန်ကြီး၏ ကမ်းခြေမှသည် ကယ်လီဖိုးနီးယား တောင်ပိုင်း သဲကန္တာရများအထိ ဖြန့်ကျက်တည်ရှိသော အောက်ပါ စံအိမ်ကြီးများသည် အမေရိကန်ပြည်ထောင်စု၏ တပ်ပေါင်းစုအကြီးအကဲသမ္မတကြီးများ (သို့မဟုတ်) ၎င်းတို့၏ မိသားစုများနှင့် ဆက်နွှယ်မှုရှိသော စံအိမ်ကြီးများ ဖြစ်ကြသည်။

+++ ဂျော့ခ်ျဝါရှင်တန်၏ မန်ဟက်တန်စံအိမ် +++
ခေါ်ဈေး - ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း

နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် တည်ရှိပြီး ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
၁၇၆၇ ခုနှစ်က ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး ဗြိတိသျှ အရာရှိတစ်ဦးနေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။

ဂျော့ခ်ျ ၀ါရှင်တန်က အမေရိကန်တော်လှန်ရေးကာလ အတွင်း အဆိုပါနေအိမ်ကို သူ၏အခြေစိုက်ရုံးချုပ်အဖြစ် အသုံးပြုခဲ့သည်။

နယူးယောက်မြို့ အထင်ကရနေရာများ ထိန်းသိမ်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တစ်ရပ်အရ ဂျွန်အဒမ်စ်သည် ဂျော့ခ်ျဝါရှင်တန်၏ ဒုတိယ သမ္မတအဖြစ် အဆိုပါနေအိမ်တွင် နေထိုင်သွားခဲ့ဖူးသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် အမေရိက၏ တတိယမြောက် ဒုသမ္မတဖြစ်သူ အာရွန်ဘားရ်က ၀ယ်ယူခဲ့သည်။

အာရွန်ဘားရ်သည် အမေရိကန်ပြည်ကို စတင်ထူထောင် ခဲ့ကြရာတွင် ပါဝင်ခဲ့သော အလက်ဇန္ဒြာ ဟမ်မိလ်တန်နှင့် နှစ်ဦးချင်းချိန်းဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြရာတွင် ဟမ်မိလ် တန် သေဆုံးသွားခဲ့သည်။

ချိန်းဆိုပစ်ခတ်မှု ပြုလုပ်ခဲ့သည်မှာ ၁၈၀၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်ဖြစ်ပြီး နယူးဂျာစီပြည်နယ်၊ ဟတ်ဆန်ခရိုင်၊ ၀ီဟောကန်မြို့တွင်ဖြစ်ပြီး ဟတ်ဆန်မြစ်၏ အနောက်ဘက် ကမ်းပါးတွင် ဖြစ်သည်။

ဟမ်မိလ်တန်ပစ်လိုက်သော ကျည်သည် အာရွန်ဘားရ် ၏ ဦးခေါင်းအပေါ်တည့်တည့်ရှိ သစ်ကိုင်းကို ထိမှန်ခဲ့ပြီး အာရွန်ဘားရ်၏ ပစ်ခတ်ချက်မှာမူ ဟမ်မိလ်တန်၏ ၀မ်းဗိုက် အောက်ပိုင်းကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ထူးဆန်းသည့် တိုက်ဆိုင်မှုမှာ ၎င်းင်းတို့ချိန်းဆိုပစ်ခတ် ကြခြင်းမပြုမီ ၃ နှစ်ခန့် အလိုကလည်း ဟမ်မိလ်တန်၏ အကြီး ဆုံးသား ဖိလစ်သည်လည်း ထိုနေရာတွင်ပင် လူတစ်ဦးနှင့်ချိန်း ဆိုသေနတ်ပစ်ကာ သေဆုံးသွားခဲ့သည့်နေရာဖြစ်နေခြင်းပင်။

ယခင်က ဥရောပနှင့် အမေရိကန်ပြည်ထောင်စု တို့တွင် လူနှစ်ဦးအကြား မကျေနပ်မှုများရှိပါက နှစ်ဦးချင်းချိန်း ဆိုကာ ရင်ဆိုင်၍ သေနတ်ဖြင့် ပစ်ခတ်ကြရန် တရားဝင်ခွင့်ပြု ထားသည်။

ဂျော့ခ်ျ ၀ါရှင်တန်၏ နေအိမ်ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၄၄၀၀ ခန့်ရှိသည်။

ဂရိ ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထား ပြီး လေးထပ်အဆောက်အအုံဖြစ်ကာ အိပ်ခန်း ၇ ခန်း၊ ရေချိုး ခန်း ၄ ခန်း ပါဝင်သည်။

အိပ်ခန်း ၅ ခန်းတွင် မီးလင်းဖိုများ ပါဝင်ပြီး ကြမ်းပြင် မှ မျက်နှာကြက်အထိမြင့်မားသည့် ပြတင်းများ အများအပြား ပါဝင်သည်။

+++ အမေရိကန်၏ (၃၈) ဆက်မြောက် သမ်္မတ ဂျရဲ ဖို့ဒ်၏ မြေ ပေါ်တွင် ဆောက်လုပ်ထားသည့်အိမ် +++
ခေါ်ဈေး- ကန်ဒေါ်လာ ၃ ဒသမ ၆၉၅ သန်း

ကယ်လီဖိုးနီးယားပြည်နယ်၊ ရေးဗားဆိုက်ဒ်ခရိုင်၏ ပင်လယ်ကမ်းခြေအပန်းဖြေမြို့ဖြစ်သော ရန်ချို မိုင်ရေ့ခ်ျတွင် တည်ရှိပြီး အမေရိကန်ပြည်၏ ၃၈ ဆက်မြောက်သမ္မတ ဂျရဲ ဖို့ဒ်ပိုင်ဆိုင်ခဲ့သည့် မြေနေရာပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်ဖြစ်သည်။

အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်ကြောင်း ဈေးကွက်တင်သည့် Coldwell Banker ကုမ္ပဏီမှ အကျိုးဆောင် တစ်ဦးဖြစ်သူ ဂျွန် နယ်လ်ဆင်က ပြောကြားသည်။

နေအိမ်တည်ရှိရာ မြေနေရာသည် ယခင်က ဂျရဲဖို့ဒ် က ရုံးခန်းအဖြစ်အသုံးပြုခဲ့ဖူးသည့်အပြင် လျှို့ဝှက်ထောက်လှမ်း ရေးအဖွဲ့ Secret Service အခြေစိုက်ရာလည်း ဖြစ်ခဲ့ဖူးသည်။

ဂျရဲဖို့ဒ်သည် အိမ်ဖြူတော်မှ ၁၉၇၆ ခုနှစ်တွင် တာဝန်ပြီးဆုံးပြီး နောက်ပိုင်း ဇနီးဖြစ်သူဘက်တီနှင့်အတူ ရန်ချိုမိုင်ရေ့ခ်ျသို့ ပြောင်းရွှေ့ခဲ့သည်။

ယင်းနောက် ကွယ်လွန်သည့်အချိန် ၂၀၀၆ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။

ဆန်းဒန်လမ်းပေါ်တွင် တည်ရှိပြီး နေအိမ်အကျယ် အ၀န်းမှာ စတုရန်းပေ ၅၈၀၀ ကျော်ရှိကာ ရေကူးကန်တစ်ခု ပါဝင်သည်။

+++ (၁၆) ဆက်မြောက် သမ္မတကြီး အေဘရာဟမ် လင်ကွန်း၏ မြေးဖြစ်သူပိုင်ဆိုင်ခဲ့သည့် စံအိမ် +++

တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလက်စ်တန် မြို့ တွင် တည်ရှိပြီး ၁၈၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။

Sword Gate House ဟု အမည်ပေးထားပြီး နေအိမ်၊ မိန်းကလေးစာသင်ကျောင်း၊ တည်းခိုခန်း အစရှိသဖြင့် အမျိုး မျိုး အသုံးပြုခဲ့ကြောင်း Handsome Properties က ထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။

၁၉၃၀ ပြည့်နှစ်တွင် အဆိုပါနေအိမ်ကို အေဘရာ ဟမ် လင်ကွန်း၏ မြေးမဖြစ်သူ ဂျက်စီ လင်ကွန်း ရန်းဒေါ့ဖ် က ၀ယ်ယူခဲ့ပြီး အပန်းဖြေနေအိမ်အဖြစ် အသုံးပြုခဲ့သည်။

လီဂါရီလမ်းပေါ်တွင် တည်ရှိပြီး နေအိမ်အကျယ် အ၀န်း စတုရန်းပေ ၁၇၀၀၀ ကျော်အထိ ကျယ်ဝန်းကာ အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၆ ခန်းပါဝင်သည်။

ခြံဝန်းအကျယ်မှာ ၀ ဒသမ ၈၇ ဧကရှိပြီး ကားဂိုဒေါင် တစ်ခု ပါဝင်သည်။

+++ လုပ်ကြံခံခဲ့ရသည့် သမ်္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဇနီးဖြစ်သူ ဂျက်ကလင်းကနေဒီတို့ ဆုံဆည်းခဲ့ရာ နေအိမ် +++
ခေါ်ဈေး- ကန်ဒေါ်လာ ၁ ဒသမ ၇၂၅ သန်း

ဝါရှင်တန်ဒီစီ၊ ဂျော့ခ်ျတောင်းအရပ်တွင်တည်ရှိသည့် ယခုနေအိမ်သည် ဂျွန်အက်ဖ်ကနေဒီ နေထိုင်ခဲ့ဖူးသည့် နေ အိမ်ကား မဟုတ်ချေ။

သို့ရာတွင် အလွန်အရေးပါသည့် ညစာစားပွဲတစ်ခု ကျင်းပခဲ့ရာနေရာတစ်ခု ဖြစ်၏။

၁၉၅၁ ခုနှစ်တွင် စာနယ်ဇင်းသမား ချားလ်စ် ဘားလက်ထ်နှင့် ဇနီးမာသာတို့သည် ကျူလမ်းရှိ ယခုနေအိမ် ကို ငှားရမ်းခဲ့ပြီးနောက် ညစာစားပွဲတစ်ခု ကျင်းပရာတွင် ထို အချိန်က လွှတ်တော်အမတ်ဖြစ်နေသူ ဂျွန်အက်ဖ်ကနေဒီကို ဂျက်ကလင်း ဘိုဗီယာအမည်ရှိ မိန်းကလေးတစ်ဦးနှင့် မိတ်ဆက် ပေးခဲ့သည်။

ယင်းသို့ ဆုံစည်းခဲ့ကြပြီးနောက် ၂ နှစ်ကြာသော အခါ ဂျွန်အက်ဖ်ကနေဒီနှင့် ဂျက်ကလင်းတို့သည် ရိုဒီအိုင်း လန်းရှိ နယူးပို့ထ်တွင် လက်ထပ်ခဲ့ကြလေသည်။

၁၈၉၅ ခုနှစ်တွင် ယင်းနေအိမ်ကို ဆောက်လုပ်ခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် အကြီးစားမွမ်းမံပြုပြင်မှုများ ပြုလုပ်ခဲ့သည်။

အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး မီးဖိုဆောင်တွင် စတီးအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည်။

+++ (၂၇)ဆက်မြောက် သမ္မတ ၀ီလျံ ဟောင်းဝပ် တပ်ဖ်အား ဧည့်ခံခဲ့ဖူးသည့် ကမ်းခြေနေအိမ် +++
ခေါ်ဈေး- ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း

ဝီလျံ ဟောင်းဝပ် တပ်ဖ်သည် အမေရိကန်ပြည်ထောင်စု ၏ ၂၇ ဆက်မြောက် သမ္မတဖြစ်ပြီး ၁၉၀၉ ခုနှစ်၊ မတ်လ ၄ ရက်မှ ၁၉၁၃ ခုနှစ် မတ်လ ၄ ရက်အထိ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်ရှိ နာမည်ကျော် အီရီရေကန်ကြီးအတွင်းရှိ Put-in-Bay ကျွန်းပေါ် တွင် တည်ရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါ နေအိမ်ဖြစ်ကာ အမျိုးသားသမိုင်းဝင်နေရာများ မှတ်ပုံတင်ဌာန မှ မှတ်တမ်းတင်ထားခြင်းခံရသည်။

အင်ဆယ်လ်ရူဟီဟု နေအိမ်ကို အမည်ပေးထားပြီး ၁၈၇၅ ခုနှစ်ခန့်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ရေ ကြောင်းဗိုလ်ချုပ်ကြီး ဂျွန် ဂျေ-ဟန့်ကာနှင့် ဇနီးဖြစ်သူ မီနီတို့၏ နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အိုဟိုင်းအိုးပြည်သားဖြစ်သော ၀ီလျံဟောင်းဝပ် တပ်ဖ်သည် ယင်းနေအိမ်သို့ ကြိမ်ဖန်များစွာ သွားရောက်လည် ပတ်ခဲ့ကြောင်း အရောင်းဈေးကွက်တင်သည Bolte Real Estate ၏ ကြော်ငြာတွင် ဖော်ပြသည်။

တပ်ဖ်သည် အဆိုပါနေအိမ်သို့ မကြာခဏလည် ပတ်လေ့ရှိသူဖြစ်ရာ ယင်းနေအိမ်တွင် တပ်ဖ်အတွက် အထူးပြု လုပ်ထားသည့် ကြီးမားလှသော ကုလားထိုင်ကြီးတစ်လုံး ထားရှိရသည်ဟု ဆိုသည်။

ခြံဝန်းအကျယ်မှာ တစ်ဧကနီးပါးရှိပြီး နေအိမ်အကျယ် အ၀န်းမှာ စတုရန်းပေ ၃၆၀၀ ကျော်ရှိကာ မီးလင်းဖိုတစ်ခု၊ အိမ်ရှေ့ဆင်ဝင်နှင့် ကားဂိုဒေါင်တို့ ပါဝင်သည်။

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အမေရိကန်သမ္မတ (၅) ဦးနှင့် သမိုင်းဝင်ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး (၅) ခု - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတ (၅) ဦးနှင့် သမိုင်းဝင်ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး (၅) ခု - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတ (၅) ဦးနှင့် သမိုင်းဝင်ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး (၅) ခု - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတ (၅) ဦးနှင့် သမိုင်းဝင်ဆက်နွှယ်မှုများရှိခဲ့သည့် စံအိမ်ကြီး (၅) ခု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service