ရန်ကုန် အနောက်တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၌ တက္ကသိုလ်တစ်ခု ထည့်သွင်းတည်ဆောက်ရန် လျာထား

ရန်ကုန် အနောက်တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၌ တက္ကသိုလ်တစ်ခု ထည့်သွင်းတည်ဆောက်ရန် လျာထား - Property News in Myanmar from iMyanmarHouse.com
8 May 2018 11:14 am တွင် တင်ခဲ့သည်
6323 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်အနောက် တောင်ပိုင်းဒေသ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၌ ဒလမြို့နယ်အတွင်း တက္ကသိုလ်တစ်ခု ထည့်သွင်းတည် ဆောက်သွားရန် လျာထားလျက်ရှိ ကြောင်း ရန်ကုန်အနောက်တောင်ဒေသမြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှင်း လင်းပွဲအခမ်းအနားမှ သိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှရေးဆွဲထားရှိသော ရန်ကုန် အနောက်တောင်ဒေသ မြို့ပြဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း၌ အဆိုပါဒေသတွင် နေထိုင်သူများ၏ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဒေသခံများ အနေဖြင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူဆည်းပူးနိုင်ရန် တက္ကသိုလ်တစ်ခုတည်ဆောက်ရန် အတွက် ထည့်သွင်းရေးဆွဲထားကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က ပြောသည်။ အဆိုပါ ရန်ကုန်တိုင်းအနောက် တောင်ပိုင်းဒေသ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းသဘောထား ပုံစံရှင်းလင်းခြင်း အခမ်းအနားကို မေ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ကျင်းပခဲ့ ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးတို့မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၈)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးနှင့် ရန် ကုန်တိုင်းဒေသကြီးအစိုးရမှ စက်မှု လက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

''ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံ့တေး၊ ဆိပ်ကြီးခနောင်တို စတဲ့ ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ တက္ကသိုလ်သွားတက်ရတဲ့အခါမှာ ဝေးကွာတဲ့ အရပ်ဒေသတွေမှာ သွားတက်ရောက်နေရတဲ့အတွက် ဒီစီမံကိန်းထဲမှာ ပါဝင်နေတဲ့ မြို့ နယ်တွေအတွင်းမှာ တက္ကသိုလ်တစ်ခုခုကို ထည့်သွင်းတည်ဆောက် သွားနိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပါတယ်''ဟု ဒေါ်အေး အေးမြင့်က ပြောသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်ဖက်လူမှုအဖွဲ့ အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့အနေနဲ့ ကတော့ ဒီဒေသထဲမှာ တက္ကသိုလ်တစ်ခု ဆောက်လို့ ဘာမှထူးလာမှာ မဟုတ်ဘူးလို့ ယူဆတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေတွေ အကုန်အကျခံပြီး တည်ဆောက်မယ့် တက္ကသိုလ်တစ်ခုထက် ဒီဒေသမှာ နေထိုင်တဲ့ လူပေါင်းများစွာ အကျိုးရှိမယ့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းကျောင်းတွေ ဖွင့်လှစ် ပေးမယ်။ အဲဒီသင်တန်းကျောင်းကိုလည်း အလယ်တန်းအဆင့်က နေစပြီး တက်လို့ရမယ့် အနေအထား မျိုးဆိုရင် ဒီဒေသမှာရှိတဲ့ လူတွေအားလုံးအတွက် အကျိုးရှိတယ်။အခုဆိုရင် ကော့မှူးမှာပဲ အသက် မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းကျောင်းတစ်ခုပဲရှိ တယ်။ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်းလိုမျိုး တွေကို တက္ကသိုလ်တည်ဆောက်မယ့် အစားများများတည်ဆောက် ပေးဖို့ပဲအလိုရှိတယ်''လို့ပြောသည်။

ရန်ကုန်အနောက်တောင်ပိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးမြို့ပြစီမံကိန်းပုံစံအား မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေးဆွဲထားခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် အနောက်တောင်ပိုင်းဒေသ မြို့နယ်များဖြစ်သော ဆိပ်ကြီးခ နောင်တို၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံ့တေးနှင့် ကိုးကိုးကျွန်းမြို့ နယ်များ ပါဝင်ကြောင်းသိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ရန်ကုန်အနောက်တောင်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်လည်းကောင်း၊ အဆိုပါ စီမံကိန်းတွင်ပါဝင်သည့် ဒလမြို့သစ်စီမံကိန်း အားကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့နှင့် လည်း ကောင်း ပူးပေါင်းရေးဆွဲပြီးဖြစ်သည့်အပြင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို လုပ်ဆောင်သွားရန် ပြင်ဆင်လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စက်မှုလက်မှု၊ လျှပ်စစ်နှင့်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်၏ပြောကြားချက်အရ သိရသည်။


Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service