တိုက်ဂါးဝုဒ်၏ ဇနီးဟောင်းက ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချတော့မည်

တိုက်ဂါးဝုဒ်၏ ဇနီးဟောင်းက ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
7 May 2018 12:17 pm တွင် တင်ခဲ့သည်
4144 ကြိမ် ကြည့်ရှု့ပြီး
တိုက်ဂါးဝုဒ်၏ ဇနီးဟောင်း အီလင်း နော်ဒီဂရန်သည် ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် နော်ဒီဂရန်သည် ဆွီဒင်မော်ဒယ်တစ်ဦးဖြစ်ပြီး တိုက်ဂါးဝုဒ်နှင့် ကွာရှင်းပြတ်စဲရာတွင် ကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါငွေများမှ ထက်ဝက်ခန့်အသုံးပြုကာ ယခုစံအိမ်ကြီးကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။

North Palm Beach ရှိ ပင်လယ်ကမ်းခြေစံအိမ်ကြီးဖြစ်ကာ အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၈ ခန်းအထိ ပါဝင်သည်။

ခြံဝန်းအကျယ် ၁ ဒသမ ၄ ဧကရှိပြီး နေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေပေါင်း ၂၅၈၇၈ အထိ ကျယ်ဝန်းကာ အပန်းဖြေစခန်းသို့ ရောက်ရှိနေသည့်အလား ခံစားရမည်ဟု ဆိုသည်။

ဧည့်ခန်းနှင့် ညစာစားခန်းများမှတစ်ဆင့် ပင်လယ်ရှုမျှော်ခင်းကို တိုက်ရိုက်ကြည့်ရှုခံစားနိုင်သည်။

လှပထည်ဝါစွာဆောက်လုပ်ထားသည့် မီးဖိုဆောင်အတွင်း ရုတ်တရက် မတွေ့မြင်နိုင်သည့် ရုပ်မြင်သံကြားစက်၊ ကော်ဖီဘား၊ အေးခဲစနစ်ထည့်သွင်းထားသည့် အံဆွဲများ၊ ရိက္ခာထားသိုခန်း၊ ကောင်တာထိုင်ခုံများ၊ ပင်လယ်ရှုမျှော်ခင်းကို ကြည့်ရှုနိုင်မည့် နံနက်စာ စားခန်းတို့ ပါဝင်သည်။

ထည်ဝါခန့်ညားသည့် လှေကားကြီး၏ အပေါ်တွင် အဆင့် ၃ ဆင့်ရှိ ဆွာရော့ဗ်စကီး သလင်းဖန်မီးဆိုင်းကြီး ချိတ်ဆွဲထားသည်။ နော်ဒီဂရန်သည် တိုက်ဂါးဝုဒ်၏ အချစ်ရေးဇာတ်လမ်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း ၂၀၁၀ ပြည့်နှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။ တိုက်ဂါးဝုဒ်ကလည်း အဆိုပါအဖြစ်အပျက်နှင့် စပ်လျဉ်း၍ “ကျွန်တော် သစ္စာမရှိခဲ့ဘူး။ အချစ်ရေးဇာတ်လမ်းတွေ ဖြစ်ခဲ့တယ်။ သူ့အပေါ်မှာ လိမ်ညာလှည့်စားခဲ့ပါတယ်” ဟု ဝန်ခံပြောကြားခဲ့သည်။

“ကျွန်တော် လုပ်ခဲ့တာဟာ လက်မခံနိုင်စရာပါ။ ဒီအတွက် ပေးဆပ်ဖို့ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်” ဟု တိုက်ဂါးဝုဒ်က ဆိုသည်။
တိုက်ဂါးဝုဒ်နှင့် နော်ဒီဂရန်တို့သည် အိမ်ထောင်သက် ၆ နှစ်အတွင်း ဆမ်နှင့် ချာလီအမည်ရှိ ရင်သွေး ၂ ဦး ထွန်းကားခဲ့သည်။
နော်ဒီဂရန်က “ကလေးတွေကို အကြောင်းပြုပြီး သူနဲ့ကျွန်မကြားမှာ ဆက်ဆံရေးကောင်းရှိပါတယ်။ သူက ဖခင်ကောင်းတစ်ယောက်ပါပဲ” ဟုလည်း ပြောကြားထားသည်။

စံအိမ်ကြီး၏ Master Bedroom တွင် ဇနီးမောင်နှံ ၂ ဦး သီးခြားရေချိုးနိုင်မည့် ရေချိုးခန်းများ၊ အဝတ်အစားထားသိုခန်း၊ မီးလင်းဖို ၃ ခု၊ အတ္တလန္တိတ်သမုဒ္ဒရာ၏ သာယာလှပသည့်ရှုမျှော်ခင်းများကြည့်ရှုကာ ပင်လယ်သံကို
နားထောင်နိုင်မည့် လသာဆောင်တို့ ပါဝင်သည်။

ဧည့်သည်များ တည်းခိုရန် အိပ်ခန်း ၄ ခန်းပါဝင်ပြီး အိပ်ခန်းတိုင်းတွင် ရေချိုးခန်းနှင့် အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်။

ခေါင်မိုးပေါ်တွင် တည်ရှိသော လသာဆောင်မှတစ်ဆင့် အသက်ရှုမှားဖွယ် ပင်လယ်ရှုမျှော်ခင်းများကို ကြည့်မျှော်ခံစားနိုင်သည်။

ထို့အပြင် ဝိုင်သိုလှောင်ခန်း၊ အိမ်တွင်းရုပ်ရှင်ရုံ၊ လေ့ကျင့်ခန်းခန်းမ၊ ကား ၄ စင်းဆန့် ကားဂိုဒေါင်၊ ရေကူးကန်၊ ဘတ်စ်ကက်ဘောကွင်း၊ ဂေါက်ကွင်းငယ်တို့ ပါဝင်သေးသည်။

ခြံဝန်းအတွင်းတွင်လည်း သီးသန့်ဧည့်ဂေဟာတစ်လုံး ပါဝင်သေးပြီး အိပ်ခန်း ၂ ခန်းပါ အခန်း ၂ ခန်း ဖွဲ့စည်းပေးထားသည်။

နော်ဒီဂရန်သည် ယခုစံအိမ်ကြီးအပြင် တိုက်ဂါးဝုဒ်နှင့် ကွာရှင်းပြီးနောက်ပိုင်း ဝယ်ယူခဲ့သော အိပ်ခန်း ၂ ခန်းပါ ကွန်ဒိုခန်းတစ်ခန်းကိုလည်း ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တိုက်ဂါးဝုဒ်၏ ဇနီးဟောင်းက ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
တိုက်ဂါးဝုဒ်၏ ဇနီးဟောင်းက ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
တိုက်ဂါးဝုဒ်၏ ဇနီးဟောင်းက ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
တိုက်ဂါးဝုဒ်၏ ဇနီးဟောင်းက ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၅၀ နီးပါးဖြင့် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service