လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည်

လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
7 May 2018 11:39 am တွင် တင်ခဲ့သည်
3748 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တွင် ဈေးဆိုင်ခန်းများဖွင့်လှစ်ထားသည့် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည်ဖြစ်ကြောင်း daily mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အခန်းအားလုံးမှာ လုပ်ငန်းသုံးဖြစ်သော်လည်း လူနေအိမ်များအဖြစ် ပြန်
လည်ဆောက်လုပ်ခွင့်ရှိသည်ဟု ဆိုသည်။

တည်နေရာမှာ လန်ဒန်မြို့ ၏ လူစည်ကားသော အစ္စလင်တန်အရပ်တွင်
တည်ရှိပြီး Rheidol Mews အမည်ရှိ ဈေးဆိုင်တန်းလမ်းတစ်ခုလုံးဖြစ်ကာ
အဆောက်အအုံပေါင်း ၂၁ လုံးပါဝင်သည်။

ယခုမေလလယ်ပိုင်းတွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေး
မှာ ပေါင် ၄ သန်း ( ကန်ဒေါ်လာ ၅ ဒသမ ၄ သန်း) ဖြစ်သည်။

Rheidol Mews ကို လွန်ခဲ့သည့် ၇၈ နှစ်တာ ကာလပတ်လုံး မိသားတစ်စုတည်းမှ လက်မပြောင်းဘဲ ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ကြောင်း လေလံတင်ရောင်းချမည့် Allsop လေလံအဖွဲ့၊ အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြသည်။

Mews ဟုခေါ်သော မြင်းဇောင်းမှ ဈေးဆိုင်အဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုထားသည့် နေရာများကို လန်ဒန်တွင် နေရာအနှံ့အပြား၌ တွေ့ရှိနိုင်
သည်။

၁၇ ရာစုနှင့် ၁၈ ရာစုအတွင်း ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပြီး အဆောက်
အအုံကြီးများ၏ နောက်ဘက်တွင် ဆောက်လုပ်လေ့ရှိကြသည်။

Rheidol Mews ဈေးဆိုင်လမ်းမှာ ယခုအခါ ဝပ်ရှော့များနှင့် ရုံးခန်းများအခြေစိုက်ရာဖြစ်နေပြီး ကျောက်မျက်ကုမ္ပဏီတစ်ခုနှင့် ဗိသုကာကုမ္ပဏီတစ်ခုလည်း ပါဝင်သည်။

သို့ရာတွင် အဆိုပါဆိုင်ခန်း၊ ရုံးခန်းများကို လူနေအိမ်များအဖြစ်လည်း ပြောင်းလဲဆောက်လုပ်နိုင်ကြောင်း Allsop ၏ ကြော်ငြာတွင် ဖော်ပြသည်။

လမ်းတစ်လမ်းလုံး ပိုင်ဆိုင်နိုင်မည့် ယခုအခွင့်အရေးမျိုးမှာ တစ်သက်တာတွင် တစ်ကြိမ်သာရရှိနိုင်သည့် အခွင့်အလမ်းဖြစ်သည်ဟု Allsop ၏ မိတ်ဖက်ကုမ္ပဏီ George Walker က သုံးသပ်သည်။

လေလံပွဲကို လာမည့်မေလ ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဗြိတိန်ပြည်တွင်းတွင်သာမက ပြည်ပရင်းနှီးမြှုပ်နှံသူတို့ပါ စိတ်ဝင်စားလျက်ရှိကြသည်ဟုဆို
သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်မြို့ တွင် လမ်းတစ်လမ်းလုံးကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် လေလံတင် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service