ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့်

ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့် - Property News in Myanmar from iMyanmarHouse.com
4 May 2018 12:03 pm တွင် တင်ခဲ့သည်
35794 ကြိမ် ကြည့်ရှု့ပြီး
ဘီလ်ဂိတ်သည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦး အပါအ
ဝင်ဖြစ်၏ ။

မကြာသေးမီကမူ သူ၏ကြွယ်ဝမှုနှင့် နှိုင်းယှဉ်လျှင် အလွန်ဈေးပေါလှသည်ဟု ဆိုနိုင်သော ချီကာဂိုရှိ နေအိမ်တစ်လုံး ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ဘီလ်ဂိတ်က အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။

ဘီလ်ဂိတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၉၀ ဘီလီယံခန့်ဖြစ်သည်။

ဘီလ်ဂိတ်နှင့် ပတ်သက်သည့် သတင်းရင်းမြစ်တို့က အဆိုပါဝယ်ယူမှုကို အတည်ပြုခဲ့ခြင်းမရှိသော်လည်း အချက်အလက်အားလုံးက ဘီလ်ဂိတ်ဝယ်
ယူခဲ့ခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။

အရောင်းအဝယ်တွင် ဘီလ်ဂိတ်၏ အိမ်ခြံမြေဆိုင်ရာ ရှေ့နေ ခရစ္စတိုဖာ ကာလက်တီ၏ အမည်ဖော်ပြထားပြီး အဆိုပါအိမ်နှင့် ပတ်သက်သည့် အကောက်
ခွန်များကို ဆီယက်တဲလ်ရှိ ဘီလ်ဂိတ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု လိပ်စာသို့ ပေးပို့ရမည်ဟု ဆိုသည်။

ဘီလ်နှင့် မီလင်ဒါတို့၏ သား ရိုရီသည် ကောလိပ်အရွယ်သို့ ရောက်ရှိပြီဖြစ်ပြီး ချီကာဂိုတက္ကသိုလ်တွင် ကျောင်းတက်မည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေရာ ယခုနေအိမ်ကို သားဖြစ်သူ ကျောင်းတက်ရန်အတွက် ဝယ်ယူပေးခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။

နေအိမ်မှာ ရာစုနှစ်တစ်ခုကျော် သက်တမ်းရှိခဲ့ပြီဖြစ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၃၀၀၀ ခန့်ရှိသည်။

အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ဒသမ ၅ ခန်း ပါဝင်ပြီး ပထမထပ်နှင့် ဒုတိယထပ်များတွင် လသာဆောင်များ ပါဝင်သည်။

ကြမ်းပြင်များတွင် အပူပေးစနစ်ပါဝင်ပြီး ကား ၃ စင်းဆန့် ကားဂိုဒေါင်ပါဝင်ကာ ခြံဝန်းအကျယ်မှာ ၅၂၄၇ စတုရန်းပေ ဖြစ်သည်။

နေအိမ်နှင့် ခြံဝန်းအတွင်း စောင့်ကြည့်ကင်မရာ ၅ လုံးတပ်ဆင်ထားပြီး အင်တာနက်ကြိုး၊ built-in speakers ပါဝင်သည့် အသံစနစ်များ ပါဝင်ပြီးဖြစ်သည်။

မိဘများမှာ လာရောက်လည်ပတ်ဖွယ်မရှိသော်လည်း ချီကာဂိုတက္ကသိုလ် ကျောင်းသားလူငယ်များအတွက် ပါတီပွဲများ ကျင်းပရာနေရာ ဖြစ်လာဖွယ်ရှိသည်။

ဘီလ်ဂိတ်သည် သူကိုယ်တိုင်အတွက်သာမက သူ၏ ကလေးများအတွက်ပါ တန်ဖိုးကြီး ဇိမ်ခံလူနေအိမ်များ ဝယ်ယူခဲ့မှု အလွန်ရှားပါးလှသည်။

“ဒေသတစ်ခွင်မှာတော့ ဒီအိမ်က ဈေးကြီးတဲ့ နေအိမ်တစ်လုံးပါ။ ဘီလ်ဂိတ်က သူ့သားအတွက် ဝယ်တာလို့ ကျွန်တော်ထင်ပါတယ်” ဟု Triplemint ပူးတွဲတည်ထောင်သူ ဖိလစ်လန်းက ပြောကြားသည်။

“နည်းပညာသူဌေးကြီးအနေနဲ့ ခုထက်ပိုပြီးသားနားတဲ့ နေအိမ်မျိုး ဝယ်နိုင်ပေမယ့် မတန်တဆဈေးကြီးတဲ့နေအိမ်တွေကို ဝယ်ပြီး သားဖြစ်သူကို မပျက်စီးစေချင်တာကြောင့် ဒီအိမ်ကို ဝယ်လိုက်တာဖြစ်နိုင်ပါတယ်။ ဒါက အပြုသဘောဆောင်တဲ့ စံနမူနာတစ်ခုပါပဲ” ဟု Berkshire Hathaway HomeServices မှ ရှာယန် ဂျာလာလီက ပြောကြားသည်။

ဝယ်ယူလိုက်သည့် နေအိမ်တည်နေရာမှာ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့တောင်ပိုင်း၊ ဟိုက်ပါ့ခ်အရပ်တွင် တည်ရှိသည်။

နေအိမ်ခြံဝန်းမရှိဘဲ အခြား အိမ်နီးချင်းနေအိမ်များနှင့် ကပ်လျက်နီးကပ်စွာ တည်ရှိနေသည့် နေအိမ်ငယ်ကလေး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့် - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့် - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့် - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့် - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက် ခြံဝန်းမပါသော နေအိမ်ငယ်လေးသာ ဝယ်ယူပေးရာ ချီကာဂို အိမ်ခြံမြေလောကသားတို့ များစွာ အံ့အားသင့် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service