ရန်ကုန်တိုင်းအစိုးရနှင့် ငွေပေးချေကတ်စနစ် လုပ်ခွင့်ရကုမ္ပဏီ ယခုလကုန် MoU ထိုးမည်

ရန်ကုန်တိုင်းအစိုးရနှင့် ငွေပေးချေကတ်စနစ် လုပ်ခွင့်ရကုမ္ပဏီ ယခုလကုန် MoU ထိုးမည် - Property News in Myanmar from iMyanmarHouse.com
4 May 2018 11:42 am တွင် တင်ခဲ့သည်
4496 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခရီးသည်တင်ယာဉ်လိုင်းတွင် အသုံးပြုမည့် ငွေပေးချေကတ်စနစ် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီနှင့် ယခုလကုန်တွင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် နောက်ဆုံးအဆင့် တင်ဒါအောင်မြင်ထားသည့် Anypayment Service ကုမ္ပဏီနှင့် Asia Starmar Transport Intelligent ကုမ္ပဏီနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

“ပဏာမတင်ဒါအောင်ထားတဲ့ ကုမ္ပဏီကို တင်ဒါပယ်ဖျက်လိုက်တဲ့ ကိစ္စကတော့ တင်ဒါတင်သွင်းတုန်းက ကုမ္ပဏီခြောက်ခုနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါ့လေ။ လက်မှတ်ထိုးတဲ့အခါကျတော့ နာမည်ကျော် Acer ကုမ္ပဏီက အဲဒီအဖွဲ့ထဲကနေ နုတ်ထွက်သွားတယ်။ ဒါကြောင့် တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့မညီလို့ စိစစ်ရေးအဖွဲ့က ပယ်ဖျက်လိုက်တာပါ”ဟု ၎င်းက ရှင်းပြသည်။

Yangon Payment Services (YPS) ငွေပေးချေကတ်စနစ်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ဆန်ခါတင်ရွေးချယ်ခံရသော ကုမ္ပဏီသုံးခုကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က Excel KC Myanmar ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ပဏာမတင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တင်ဒါပဏာမ အောင်မြင်ထားသော Excel KC Myanmar ကုမ္ပဏီနှင့် စာချုပ်စာတမ်း ညှိနှိုင်းမှုဆောင်ရွက်ရာတွင် တင်ဒါတင်သွင်းစဉ်က အဆိုပြုခဲ့သောအခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသဖြင့် တင်ဒါပဏာမ ရွေးချယ်အောင်မြင်ထားမှုကို ဧပြီလ ၂၀ ရက်နေ့က ပယ်ဖျက်လိုက်ကြောင်း YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

YPS ငွေပေးချေကတ်စနစ်အတွက် တင်ဒါရွေးချယ်ပြီးချိန်မှစတင်၍ သုံးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service