ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာရောင်းချိန် တိုးမြှင့်သော်လည်း အရောင်းအ၀ယ်အေးနေ

ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာရောင်းချိန် တိုးမြှင့်သော်လည်း အရောင်းအ၀ယ်အေးနေ - Property News in Myanmar from iMyanmarHouse.com
4 May 2018 11:10 am တွင် တင်ခဲ့သည်
4005 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ရောင်းမြင့်တက်ရန် ရှယ်ယာရောင်းချချိန် တိုးမြှင့်ခဲ့သော် လည်း ဧပြီတွင် ကျပ်သန်း ၅၀၀ကျော်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း ကထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

ထိုပမာဏသည် ရန်ကုန် စတော့အိတ်ချိန်း ဖွင့်လှစ်ခဲ့သည့် ၂ နှစ်အတွင်း ရှယ်ယာရောင်းချမှု အနည်းဆုံး ပမာဏဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းက ရှယ်ယာဝယ်ရောင်းမြင့်တက်ရန် ရှယ်ယာရောင်းချချိန်ကို တစ်ရက် လျှင် ယခင်နှစ်ကြိမ်ဖွင့်ခဲ့ရာက မတ်လကုန်တွင် တစ်ရက်လျှင် လေးကြိမ် တိုးမြှင့်ခြင်းနှင့် အွန်လိုင်းမှ ရှယ်ယာရောင်းချခြင်းတို့ ခွင့်ပြုခဲ့ သည်။ ထိုသို့ခွင့်ပြုခဲ့သော်လည်း ရှယ်ယာ အရောင်းအ၀ယ်ကျဆင်း လာသည်။

‘‘ရှယ်ယာဝယ်ရောင်းချိန် တိုးမြှင့်ပေမယ့် ရှယ်ယာလာဝယ် တဲ့သူ အသစ်မရှိဘူး။ ရှယ်ယာ ၀ယ်ထားတဲ့ ဒီလူအနည်းငယ်ကပဲ ၀ယ်ရောင်းလုပ်နေကြတာ’’ဟု ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ထားသူ ဦးဇော်လင်းက ပြောသည်။

ပြည်သူများ ရှယ်ယာအ ရောင်းအ၀ယ် စိတ်ဝင်စားမှု နည်း ခြင်းသည် ကုမ္ပဏီများက အမြတ် ဝေစုအနည်းငယ်သာပေးခြင်းနှင့် လုပ်ငန်းသစ်များ ထပ်မံတိုးချဲ့နိုင် မှုမရှိခြင်းကြောင့်ဟု ၎င်းကဆက် လက်ပြောသည်။

ယခုနှစ် ဇန်န၀ါရီတွင် ရန်ကုန်စတော့အိတ်ချိန်း၌ အစု ရှယ်ယာကျပ် ၁ ဒသမ ၂ ဘီလီ ယံဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီနှင့် မတ်လတွင် ကျပ် သန်း ၇၀၀ ကျော်စီ အရောင်းအ ၀ယ် ဖြစ်ခဲ့သည်။ ရန်ကုန်စတော့ အိတ်ချိန်းစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၆ မတ်လတွင် ရှယ်ယာတန် ဖိုးကျပ် ၂၄ ဘီလီယံကျော်ဖိုး အ ရောင်းအ၀ယ် ဖြစ်ခဲ့သည်။

‘‘အဓိကရင်းနှီးမြှုပ်နှံသူ နည်းတာရယ်၊ စီးပွားရေးရာသီဥတု မကောင်းတာကြောင့် ရှယ်ယာဝယ် ရောင်းလုပ်မယ့်သူနည်းတာပါ’’ဟု ရန်ကုန်စတော့အိတ်ချိန်း အကြီး တန်းအမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားထား သည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီငါးခုတွင် ရှယ်ယာ ရှင် သုံးသိန်းကျော်ရှိသော်လည်း ရှယ်ယာဝယ်ရောင်းလုပ်သူနေ့စဉ် လူဦးရေ ၃၀၀ နှင့် ၅၀၀ကြားသာရှိ ကြောင်း ၎င်းကပြောသည်။

ရှယ်ယာပိုင်ရှင်များအနက် ရှယ်ယာ ၀ယ်ရောင်းလုပ်ငန်း Trading Account (၀ယ်ရောင်း လုပ်သည့် ဘဏ်စာရင်း) ဖွင့်ထား သူ ၃၃,၀၀၀ ကျော်ရှိပြီး အဆိုပါ ပမာဏခန့်သာ အရောင်းအ၀ယ် ပြုလုပ်နေကြောင်း ဦးသက်ထွန်းဦး ကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service