တရုတ်အိမ်ခြံမြေ customer service စက်ရုပ်များ ပေါ်ပေါက်လာတော့မည်

တရုတ်အိမ်ခြံမြေ customer service စက်ရုပ်များ ပေါ်ပေါက်လာတော့မည် - Property News in Myanmar from iMyanmarHouse.com
4 May 2018 11:05 am တွင် တင်ခဲ့သည်
4245 ကြိမ် ကြည့်ရှု့ပြီး
မကာအိုအခြေစိုက် အသိဉာဏ်တု(AI) နှင့်စက်ရုပ်နည်းပညာတီထွင်ရေးကုမ္ပဏီ Singou Technology Ltd., က ပြည်ပအိမ်ခြံမြေရောင်းဝယ်ငှား
တရုတ်ဝက်ဘ်ဆိုက်ဒ် Juwai.com သို့ တစ်နှစ်လျှင် customer service စက်ရုပ် (ကုမ္ပဏီမှ အကူအညီနှင့် အကြံဉာဏ်အား ဝယ်ယူသုံးစွဲသူသို့ ဝန်ဆောင်မှုပေးမည့် စက်ရုပ်) ၅ ထောင်ခန့် ပေးသွင်းပံ့ပိုးရန် သဘောတူလိုက်ပြီဖြစ်သည်။

မန်ဒရင်းဘာသာစကား (နိုင်ငံတကာသုံး တရုတ်ဘာသာစကား) အသုံးပြုသော ဝန်ထမ်းများ မရှိသည့် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍
အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များနှင့် အိမ်ခြံမြေအကျိုးဆောင်များအတွက် customer service (ဝယ်ယူသုံးစွဲသူသို့ ကုမ္ပဏီမှ
အကူအညီနှင့် အကြံဉာဏ်ဝန်ဆောင်မှုပေးခြင်း)တွင် ကူညီရန် စက်ရုပ်များအား ရည်ရွယ်သည်။

လူ့ဦးနှောက်နှင့် ဆင်တူစွာ ဆောက်လုပ်ဖန်တီးထားသော အာရုံကြောကွန်ရက်တွေကို လေ့ကျင့်ပေးရန် အချက်အလက်များ ထည့်သွင်းပေးခြင်းဖြင့်
အသိဉာဏ်တုက အလုပ်လုပ်သည်။

အရောင်းဝန်ထမ်းများကို အစားထိုးရန် မရည်ရွယ်သော်လည်း ၎င်းစက်ရုပ်သည် ရုံးများက ဝန်ဆောင်ပေးနိုင်သော ဝယ်သူပမာဏကို တိုးတက်စေနိုင်သည်။
စက်ရုပ်အား နှစ်လိုဖွယ်ဖြစ်အောင် ဒီဇိုင်းထွင်ထားပြီး သူ့တွင် လှုပ်ရှားနိုင်စွမ်းနှင့် ဝယ်သူတို့ဆီ ချဉ်းကပ်နိုင်စွမ်းလည်း ရှိသည်။

စက်ရုပ်များအား လေ့ကျင့်သင်ကြားရေးရည်ရွယ်ချက်များအတွက် မလေးရှား၊ စင်္ကာပူ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနှင့် ယူကေတို့ရှိ ရုံးခန်းများနှင့်
တရုတ်တွင် နိုင်ငံတကာအိမ်ခြံမြေလုပ်ငန်းအခမ်းအနားများ၌ ချထားမည်ဖြစ်သည်။

ထိုစက်ရုပ်က Juwai.com အား ပိုမိုကောင်းမွန်သော customer service ပေးစွမ်းနိုင်ခြင်းဟူသည့် ကျွန်ုပ်တို့၏မဟာဗျူဟာမြောက်ပန်းတိုင်ကို ရရှိစေ
မည်ဖြစ်ကြောင်း Juwai.com ၏ အမှုဆောင်အရာရှိချုပ် ကယ်ရီလောက ပြောကြားခဲ့သည်။

Singou Technology Ltd., ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဟွန်ချီတင်ကလည်း နိုင်ငံတကာအိမ်ခြံမြေဝယ်ယူမှုမှာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့်
Juwai.com နှင့် ပူးပေါင်းဆောင်ရွက်ရခြင်းအတွက် ဂုဏ်ယူမိကြောင်းနှင့် Singou Technology ၏ အားကောင်းသော အတွေ့အကြုံတို့နှင့်ပေါင်းစပ်ကာ
ပိုမိုစမတ်ကျသောနည်းလမ်းများဖြင့် ဝန်ဆောင်မှုများ ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၎င်းစက်ရုပ်ကို နေအိမ်များတွင် သက်ကြီးရွယ်အိုများအား စောင့်ကြည့်ကူညီရန်အတွက် ကိရိယာတစ်ခုအဖြစ်လည်းအသုံးပြုနိုင်မည်ဖြစ်ကာ
အမေရိကန်ဒေါ်လာ ၂ ထောင်ခန့် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service