ကျပ်ဘီလီယံ ၁,၅၀၀ ကျော်တန်ဖိုးရှိ စီမံကိန်းကိုးခုအပါအဝင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန် တိုင်းအစိုးရ လွှတ်တော်သို့တင်ပြ

ကျပ်ဘီလီယံ ၁,၅၀၀ ကျော်တန်ဖိုးရှိ စီမံကိန်းကိုးခုအပါအဝင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန် တိုင်းအစိုးရ လွှတ်တော်သို့တင်ပြ - Property News in Myanmar from iMyanmarHouse.com
4 May 2018 9:57 am တွင် တင်ခဲ့သည်
12962 ကြိမ် ကြည့်ရှု့ပြီး
ကျပ်ဘီလီယံ ၁,၅၀၀ ကျော်ဖိုးရှိ စီမံကိန်းကိုးခုအပါအ ဝင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ၁၂ ခု ဆောင်ရွက်ရန် တိုင်းအစိုးရက ရန်ကုန်တိုင်းလွှတ်တော်သို့ မေလ၃
ရက်တွင် တင်ပြသည်။

‘ ရန်ကုန်တိုင်းဒေသကြီးအ တွင်း ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာများ ၂၀၁၈-၂၁’ ကို တိုင်းအစိုး
ရအဖွဲ့ က လွှတ်တော်သို့ တင်ပြခဲ့သည်။

ယခုတင်ပြသည့် စီမံကိန်း များသည် မဟာရန်ကုန်မြို့ပြဖွံ့ ဖြိုးရေးပင်မစီမံကိန်းပုံစံ (Greater Yangon 2040 Master Plan) နှင့်အညီ ကောင်းမွန်သော မြို့ပြ ကောင်းတစ်ရပ် ဖော်ဆောင်နိုင်ရန်ဖြစ်သည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော် တွင် ပြောသည်။

‘‘မြို့ပြ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာမှုကြောင့် ဆယ်စုနှစ် နှစ်ခုအတွင်း လူဦးရေ ၁၀ သန်း ကျော်ဖြင့် မြို့ကြီး Mega City အဖြစ်သို့ ရောက်ရှိလာမည့်
ရန် ကုန်မြို့အတွက်ပါ’’ ဟု ၎င်းက ပြောသည်။

တင်ပြသည့် စီမံကိန်းများ သည် မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်းများ၊ အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းများ၊ စက်မှုကဏ္ဍဖွံ့ဖြိုး
ရေးစီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပြည်သူ့ဘဝမြှင့်တင် ရေး မြို့သစ်စီမံကိန်းတို့ဖြစ်သည်။

စက်မှုကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများသည် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)ရှိ မြေဧက ၁၆,၀၀၀ ကျယ် သော Smart and Eco City စက်မှုဇုန်စီမံကိန်းနှင့်
ဧက ၉,၀၀၀ ရှိ ဒဂုံ မြို့သစ် ခေတ်မီစက်မှုဇုန်တို့ဖြစ် သည်။ ရန်ကုန်မြို့သစ်စီမံကိန်း၏ ရှေ့ပြေးစီမံကိန်းဖြစ်သည့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းပြည်သူ့ဘဝမြှင့် တင်ရေးမြို့သစ်စီမံကိန်းသည် မြေဧက ၂,၄၀၀ အသုံးပြုမည်ဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ကုန်ကျစရိတ်ကို လေ့လာတွက် ချက်ဆဲဖြစ်ပြီး စီမံကိန်းကာလသည် ၂၀၁၈ မှ ၂၀၂၆ အထိ ကာလရှည်ဖြစ်သည်ဟု
ဒေါ်နီလာကျော် က ပြောသည်။

မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု စီမံကိန်းများသည် ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်းနှင့် ကုန် သေတ္တာလွင်ပြင်နှင့် စမ်းကြီးဝပို့ ဆောင်ရေးဗဟိုစီမံကိန်းတို့ဖြစ် ပြီး ကာလလတ်စီမံကိန်းများဖြစ် သည်။ ငွေပင်လယ်စီမံကိန်းသည် ဧက ၂၀၀ ခန့်ရှိပြီး ကျပ်ဘီလီယံ ၁၅၀ ကုန်ကျမည်ဖြစ်ကာ စမ်းကြီးဝစီမံကိန်းသည် မြေ ၆၄၂ ဧကရှိပြီး ကျပ် ၁၉၂ ဘီလီယံကုန်ကျမည် ဖြစ်ကြောင်း၊ စီမံကိန်းကာလ သည် ၂၀၁၈ မှ ၂၀၂၃ အထိဖြစ် ကြောင်း တိုင်းအစိုးရက တင်ပြ သည်။

အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း များသည် စုစုပေါင်းကျပ်ဘီလီယံ ၁,၀၀၀ ကျော်ဖိုးရှိ ဒဂုံဆိပ်ကမ်း အိမ်ရာ၊ ပုဇွန်တောင်ရှိ ပြည်တော်သစ်အိမ်ရာ၊ အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းအိမ်ရာ၊ ရန်ကင်းအိမ်ရာ နှင့် စမ်းချောင်းမြို့နယ် ဝေဠုဝန် အိမ်ရာစီမံကိန်းတို့ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်း များသည် မရမ်းကုန်းဗီလာအဆင့် မြင့်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုး ရေးစီမံကိန်းနှင့် ပါရမီအဆင့်မြင့် စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးတို့ ဖြစ်သည်။ အဆိုပါစီမံကိန်းများ သည် ကျပ် ၁၂၅ ဘီလီယံနှင့် ကျပ်၃၂ ဘီလီယံ အသီးသီးကုန်ကျမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်မောင်က အဆိုပါစီမံကိန်းများနှင့်ပတ်သက် ၍ ‘‘ကျွန်တော့်မြို့နယ်ထဲမှာ စက် မှုဇုန်နှစ်ခုပါလို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ လယ်သမားတွေကို မြေ ရာလျော်ကြေးပေးဖို့တွေတော့ ကျန်သေးတယ်’’ ဟု ပြောသည်။

တိုင်းအစိုးရ၏ အဆိုပါအစီ ရင်ခံစာနှင့်ပတ်သက်၍ လွှတ် တော်က ဆက်လက်ဆွေးနွေးရန် သဘောတူပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းရန် တိုင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service