တန်ဖိုးနည်းအိမ်ရာနေသူတွေရဲ့ အခက်အခဲများ

တန်ဖိုးနည်းအိမ်ရာနေသူတွေရဲ့ အခက်အခဲများ - Property News in Myanmar from iMyanmarHouse.com
3 May 2018 11:52 am တွင် တင်ခဲ့သည်
4941 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်နဲ့ မန္တလေးလို လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ နေရေးအခက်အခဲဖြစ်လွန်းတာကြောင့် ပြီးခဲ့တဲ့အစိုးရ လက်ထက်ကရော၊ လက်ရှိအစိုးရလက်ထက်မှာပါ တန်ဖိုးနည်း၊ တန်ဖိုးမျှတ၊ တန်ဖိုးသင့် စသဖြင့် နာမည်အမျိုးမျိုးနဲ့ အိမ်ရာတွေဆောက်ခဲ့သလို ယခုထိလည်းဆောက်နေ ဆဲဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်မြို့မှာဆိုရင် ရောင်စုံလေးထပ်တိုက်တွေ အစီအရီပေါ်ထွက်လာနေတာကို တစ်နေ့တခြား တွေ့နေရပါတယ်။

အိမ်ရာတချို့ဟာ ပြီးစီးသွားတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပြီး နေထိုင်သူတွေရှိနေပြီမို့ အိမ်ရာတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ လေ့လာဖို့ မြန်မာတိုင်း(မ်)က ယခုရက်သတ္တပတ်မှာ နေထိုင်သူတွေထံ သွားရောက် စူးစမ်းမေးမြန်း ခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ တန်ဖိုးမျှတ အိမ်ရာက လေးထပ်တိုက်ရဲ့ လမ်းမဘက်ရှေ့မျက်နှာစာမှာ အသက် ၆ဝ ကျော် ဦးမြင့်စိုးတစ်ယောက် သူစိုက်ထားတဲ့ အပင်တွေကို ရေလောင်းနေပါတယ်။ သူ ဒီအိမ်ရာကို ပြောင်းရွှေ့လာတာ လေးလနီးပါးသာ ရှိပါသေးတယ်။

အရင်က နေပြည်တော်မှာရှိတဲ့ စက်မှုဝန်ကြီးဌာနကနေ ညွှန်ကြားရေးမှူးရာထူးနဲ့ အငြိမ်းစားယူခဲ့တာ တစ်နှစ်နီးပါးသာ ရှိပါသေးတယ်။ သူ့ရဲ့အငြိမ်းစားခံစားခွင့်ငွေပင်ငွေရင်းနဲ့ ပင်စင်လစာတချို့ကို ဒီအိမ်ဝယ်ဖို့နဲ့ အိမ်ပြောင်းရွှေ့ဖို့ အသုံးပြုခဲ့တယ်လို့ သူ့တိုက်ခန်းကို မော့ကြည့်ရင်း ပြောပါတယ်။

ဦးမြင့်စိုးတို့နေထိုင်တဲ့ ရွှေပေါက်ကံအိမ်ရာကတော့ အစိုးရကနေ အငြိမ်းစားဝန်ထမ်းတွေအတွက် အဓိကထား ရောင်းချပေးထားတာပဲ ဖြစ်ပါတယ်။

''မနက်အစောသွား ညပြန်ကြတဲ့သူတွေဆိုတော့ ဝင်းထဲမှာတော့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ရပ်ကွက်ထက် တော့ သီးသီးသန့်သန့်ရှိတာပေါ့''လို့ သူက ပြောပါတယ်။

ရပ်ကွက်နဲ့ အနည်းငယ်အလှမ်းဝေးပေမဲ့ ရေ၊ မီးကအစ အဆင်ပြေအောင် ဆောင်ရွက်ပေးထားတဲ့အတွက် နေထိုင်ရ အခက်အခဲမရှိဘူးလို့ အိမ်ရာမှာနေထိုင်သူများ က ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအိမ်ရာထဲမှာ ကိုယ်တိုင်လျှောက်လွှာတင်ပြီး မဲပေါက်လို့ ဝယ်ယူနေထိုင်တဲ့သူတွေထက် အငှားနေထိုင်တဲ့သူတွေနဲ့ တစ်ဆင့်ပြန်လည်ဝယ်ယူနေထိုင်တဲ့သူတွေက အများအပြားရှိနေတာကိုလည်း မြန်မာတိုင်း(မ်)ရဲ့မေးမြန်းလေ့လာမှုအရ တွေ့ရပါတယ်။ ရွှေပေါက်ကံစက်မှုဇုန်နဲ့ နီးတာကြောင့် စက်ရုံအလုပ်သမားတွေစုပြီး အဆောင်သဘောမျိုး ငှားနေကြတာလည်းရှိပါတယ်။

ဒါပေမဲ့ သူတို့အတွက် အခက်အခဲတစ်ခုကတော့ သွားလာရေးပါပဲ။

အိမ်ရာနားထိရောက်တဲ့ ယာဉ်လိုင်းဟာ ညနေ ၅ နာရီကျော်ရင် ကားမရှိတော့တာကြောင့် မြို့ထဲမှာ အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်တဲ့ သူတွေအတွက်ကတော့ အခက်အခဲဖြစ်ရတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

အိမ်ငှားဖို့နဲ့ အိမ်ဝယ်ဖို့လာကြည့်တဲ့သူ များပေမဲ့ သွားလာရေးခက်ခဲတာကြောင့် မဝယ်ဖြစ်ဘဲ ပြန်သွားကြ တဲ့သူတွေ များတယ်လို့လည်း အဆိုပါအိမ်ရာမှာနေထိုင်တဲ့ အငှားယာဉ်မောင်း ကိုအောင်က ဆိုပါတယ်။ သူကတော့ ယခင်ရွှေပြည်သာမြို့နယ်မှာ နေထိုင်ပြီး လွန်ခဲ့တဲ့ခြောက်လခန့်က မိသားစုနဲ့ ဒီအိမ်ရာမှာ အခန်းငှားပြီး ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

ဒီအိမ်ရာမှာနေထိုင်ကြတဲ့သူတွေဟာ အဆောက်အအုံ ရဲ့ ကြံ့ခိုင်မှုကို စိုးရိမ်နေကြတာကိုလည်း တွေ့ရပါတယ်။ ဆောက်ထားတာ သုံးနှစ်ကျော်သာရှိသေးတဲ့ တိုက်ခန်း တွေဖြစ်ပေမဲ့ နေရာတော်တော်များများမှာ အက်ကွဲနေတာ တွေ့ရပါတယ်။

''နောက်ထပ်တစ်ခေါက်လောက် ငလျင်ခပ်ပြင်းပြင်းလှုပ်ရင်ပြိုမှာ သေချာတယ်။ ပထမတစ်ခေါက်လှုပ်တုန်းက တိုက်ကို ဆယ်ဘီးကားနဲ့ ဝင်တိုက်တယ်တောင် ထင်သွား တာ။ တိုက်ကြီးက ရမ်းခါနေတာပဲ''လို့ ကိုအောင်က ပြောပါတယ်။

မြန်မာတိုင်း(မ်)သတင်းထောက် အဲဒီအိမ်ရာကို ရောက်သွားချိန်မှာ အိမ်တစ်အိမ်က အသံချဲ့စက်ကို အကျယ်ကြီးဖွင့်ထားတာကို တွေ့ရပြီး နောက်ထပ်အိမ်သုံးလေးအိမ်လောက်ကတော့ အခန်းပြင်မှာ ဖုန်တွေ၊ အမှိုက်တွေနဲ့ အဝတ်တွေကို ချိတ်တွေ၊ တန်းတွေနဲ့ ဖြစ်သလိုလှန်းထားတာကို တွေ့ရပါတယ်။

သူတို့ရဲ့ ဆိုင်ကယ်တွေနဲ့ စက်ဘီးတွေဟာလည်း သုံးပေလောက်သာကျယ်တဲ့ အိမ်ရှေ့ဝရန်တာမှာ ထိုးသိပ် ရပ်ထားတာကို တွေ့ရပါတယ်။ တချို့အိမ်တွေက အိမ်တွင်းအလှဆင်တာကို သေချာပြုလုပ်ထားပြီး သပ်ရပ်ပေမဲ့အများစုကတော့ သမံတလင်းမှာပဲ ကော်ဇော သို့မဟုတ် ဖျာခင်းပြီးနေကြတာ တွေ့ရပါတယ်။

ကိုအောင်တို့နေတဲ့ ဒုတိယထပ်တိုက်ခန်းဟာ တစ်လကို ငှားခ ကျပ် ၁၂ဝ,ဝဝဝ ပေးရတယ်ပါတယ်။ ဒါပေမဲ့ ငှားခ ခြောက်လချုပ်တို့ တစ်နှစ်ချုပ်တို့ ဒီအိမ်ရာမှာမရှိဘဲ တစ်လချင်းသာ ပေးကြရတာပါ။

တိုက်ခန်းရဲ့အခြေအနေကို စိုးရိမ်တာကြောင့် မကြာခင် မှာ ပြောင်းရွှေ့မယ်လို့ ကိုအောင်က ပြောပါတယ်။

နောက်ထပ်အစိုးရက ဆောက်ပြီး ရောင်းပေးထားတဲ့ လှိုင်သာယာမြို့နယ်က ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ကိုလည်း မြန်မာတိုင်း(မ်)က သွားရောက်ခဲ့ပါသေးတယ်။

အဲဒီကသူတွေလည်း အခက်အခဲတွေ အများအပြားကို ရင်ဆိုင်နေရပါတယ်။

ရပ်ကွက်ထဲမှာထက် ပတ်ဝန်းကျင်ပိုသန့်လို့ ဒီအိမ်ရာ ထဲမှာ လာငှားနေကြပေမဲ့ ဘယ်သူတင်မြှောက်မှန်း မသိဘဲ မကြာခဏ ပြောင်းလဲနေတဲ့ အိမ်ရာလူကြီးတွေကြောင့် နေထိုင်ရတာ အဆင်မပြေဘူးလို့ လှိုင်သာယာ၊ ရွှေလင်ပန်းအိမ်ရာ အပိုင်း(၁)မှာ ငှားနေတဲ့ ဒေါ်စိုးက ပြောပါတယ်။

''ဘယ်သူပြောင်းပြောင်း ပိုက်ဆံပဲကောက်ပြီး ဘာမှ မလုပ်ပေးဘူး''လို့ သူကညည်းညူပါတယ်။ လစဉ်သန့်ရှင်း ရေးခပေးရပေမဲ့ မြက်ပင်တွေ၊ မြောင်းပုပ်တွေက ရှိနေဆဲ၊ ခြင်တွေကလည်း ကိုက်နေဆဲဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

လုံခြုံရေးခတွေပေးဆောင်ပြီး ဆိုင်ကယ်နဲ့ စက်ဘီးတွေကို အပ်နှံထားကြရပေမဲ့ ဆိုင်ကယ်နဲ့ စက်ဘီးတွေက တော့ ပျောက်မြဲပျောက်ဆဲပဲလို့လည်း သူကဆိုပါတယ်။

အလားတူပဲ အိမ်ထဲမှာထားတဲ့ ပစ္စည်းတွေကိုတောင် လူလစ်ရင် လစ်သလို ခိုးတဲ့သူတွေရှိတာကြောင့် နေရတာ လုံခြုံမှုမရှိဘူးလို့ ဧရာဝတီတိုင်းက ပြောင်းရွှေ့လာသူ မပုံ့ပုံ့ဝင်းက ဆိုပါတယ်။

အစိုးရက ရောင်းစဉ်တုန်းက တစ်ဆင့်ပြန်လည်ရောင်းချတာကို တားမြစ်ထားပေမဲ့ ပထမ ရွှေပေါက်ကံအိမ်ရာမှာ အစိုးရဆီက တိုက်ရိုက်ဝယ်ပြီးနေသူ နည်းသလို၊ အခု ရွှေလင်ပန်းအိမ်ရာဝင်းအတွင်း နေထိုင်တဲ့သူရဲ့ ၉ဝ ရာခိုင်နှုန်းလောက်က တစ်ဆင့်ပြန်ဝယ်ထားသူနဲ့ အိမ်ငှားတွေပဲ ဖြစ်တာကို တွေ့ရပါတယ်။

တစ်ဆင့်ပြန်ဝယ်တဲ့သူတွေဟာ တိုက်ခန်း မူလတန်ဖိုးကို ငွေကျပ် သိန်း ၄ဝ ကနေ ၈ဝ ထိ အမြတ်ငွေ ထပ်ပေးဝယ်ရတယ်လို့ အိမ်ရာမှာနေထိုင်သူတွေက ဆိုပါတယ်။

ရွှေပေါက်ကံနဲ့ ရွှေလင်ပန်းအိမ်ရာနှစ်ခုကြား တည်ဆောက်ပုံကွဲပြားပေမဲ့ အရည်အသွေးကတော့ နှစ်ခုစလုံး တန်းတူ မေးခွန်းထုတ်စရာချည်းပါပဲ။ သုံးနှစ်ကျော်ကျော် သက်တမ်းသာရှိသေးတဲ့ အဆိုပါ တိုက်ခန်းတွေမှာ တပ်ဆင်ထားတဲ့ တံခါးတွေ၊ မျက်နှာကြက်တွေ ပျက်စီးနေတဲ့အပြင် လှေကားတွေရဲ့ သံလက်ရမ်းတိုင်တွေ ဟာ အောက်ခြေပြတ်နေကြတာကို တွေ့ရပါတယ်။

''ငလျင်လှုပ်မပြောနဲ့ မိုးသဲသဲမဲမဲရွာရင်တောင် အိမ်ပေါ်က ဆင်းပြေးရတယ်။ လေတွေ တအားတိုက်ရင် တိုက်ကြီးက ခါခါသွားတတ်တယ်''လို့ သုံးလွှာမှာနေထိုင် တဲ့ ဒေါ်ဥမ္မာဝေက ပြောပါတယ်။

ယခုနှစ်ထဲမှာ ငလျင်တွေလည်း မကြာခဏလှုပ်ပြီး၊ မိုးသက်လေပြင်းတွေကျတာကို ခံစားခဲ့ရပြီးနောက် ဒီနှစ်မိုးတွင်းကိုတောင် ဒီအိမ်မှာဆက်နေဖို့ အတော်စဉ်းစားရဦးမယ်လို့ သူကဆိုပါတယ်။ သူတို့မိသားစုဟာ အခြားတန်ဖိုးနည်းအိမ်ရာတစ်ခုကနေ ဒီအိမ်ရာကို ပိုခိုင်ခံ့မယ်လို့ မျှော်လင့်ပြီး ပြောင်းရွှေ့လာတာဖြစ်ပေမဲ့ မကြာခင် မှာ နောက်တစ်နေရာပြောင်းဖို့စဉ်းစားနေကြတာပါ။

ယခုနှစ်အစောပိုင်းက အင်အားအနည်းငယ်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့စဉ်က အိမ်နံရံတွေအပေါ်လွှာ အချပ်လိုက် ကွာကျပြီးအတွင်းက အက်ကွဲနေတဲ့ အုတ်နံရံကို တွေ့လိုက်ရတယ်လို့ ဒေါ်အေးမာက ပြန်ပြောပါတယ်။

''ပိုက်ဆံကိုပဲ ဖာသုံးလို့ရတယ်ထင်တာ။ အိမ်ကိုလည်း ဖာပြီးနေလို့ရတယ်ဆိုတာ ဒီကိုရောက်မှပဲ လက်တွေ့သိရ တော့တယ်''လို့ သူကဆိုပါတယ်။

ရွှေလင်ပန်းအိမ်ရာထဲက အိမ်တွေရဲ့ အိမ်ငှားခတွေ ကတော့ မြေညီထပ်ကို ကျပ် ၁၂ဝ,ဝဝဝ ကစပြီး အပေါ် ထပ်တွေက ကျပ် ၈ဝ,ဝဝဝ၊ ၇ဝ,ဝဝဝ အသီးသီးရှိ ပါတယ်။

''တန်ဖိုးနည်းအိမ်ရာမဟုတ်ဘူး။ တန်ဖိုးများအိမ်ရာပဲ။ စရိတ်က အရမ်းကြီးလွန်းတယ်။ အရပ်ထဲငှားနေတာ ထက် နည်းနည်းပိုကောင်းလို့ လာနေတာပဲရှိတယ်''လို့ မပုံ့ပုံ့ဝင်းက ဆိုပါတယ်။

အဆိုပါ အိမ်ရာအတွင်း နေထိုင်သူတွေအတွက်လည်း သွားလာရေး အခက်အခဲရှိပါတယ်။ အိမ်ရာထဲကနေ ရန်ကုန်မြို့ထဲကို ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ကားဂိတ်ကိုရောက်ဖို့ ဘေးတွဲဆိုင်ကယ်တွေကို ကျပ် ၁,ဝဝဝ ပေးပြီးစီးရမှာပါ။ အဲဒီကမှတစ်ဆင့် မြို့ထဲသွားတဲ့ဘတ်စ်ကားစီးလို့ရမှာဖြစ်ပြီး အသွားအပြန် လမ်းစရိတ် ကျပ် ၂,ဝဝဝ ကနေ ၃,ဝဝဝ ကြား ကျသင့်မှာ ဖြစ်ပါတယ်။

အစိုးရက တကယ်အိမ်လိုအပ်နေတဲ့ သူတွေအတွက် အိမ်ရာတွေတည်ဆောက်ပြီး နှစ်ရှည်အရစ်ကျနဲ့ ရောင်းချပေးနေပေမဲ့ ဒီစီမံကိန်းတွေဟာ ပိုက်ဆံချမ်းသားသူတွေ၊ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေအတွက် စီးပွားရေးအကွက်တစ်ခုလို ဖြစ်နေတယ်လို့ ရွှေလင်ပန်းအိမ်ရာမှာ ငှားရမ်းနေထိုင်ကြတဲ့သူတွေက ပြောကြပါတယ်။

ဒီအိမ်ရာထဲမှာ တစ်လကို အိမ်ငှားခ ကျပ် ၁၂ဝ,ဝဝဝပေးပြီး သုံးနှစ်နေထိုင်လာတဲ့ ဒေါ်စိုးကတော့ အိမ်ရာဝယ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ လျှောက်လွှာတွေခေါ်တိုင်း သွားတင်ခဲ့တာ ငါးကြိမ်လောက် ရှိနေပေမဲ့ အခုချိန်ထိ ဝယ်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

တစ်ခါကလည်း လွှတ်တော်ကဝန်ထမ်းလို့ ဆိုသူ တစ်ယောက်က အမတ်တစ်ယောက်ယောက်က လက်မှတ်ထိုးပေးရင် အိမ်ဝယ်ခွင့်ရမှာဖြစ်ပြီး လျှောက်လွှာတင်ပေးမယ်လို့ပြောကာ တစ်ယောက်ကို ငွေကျပ် ၈ဝ,ဝဝဝ စီတောင်းပြီး လိမ်လည်သွားတာလည်း ခံခဲ့ရတယ်လို့ ဒေါ်စိုးက ပြောပါတယ်။

အစိုးရက ရောင်းချပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ငါးနှစ်အတွင်း ပြန်မရောင်းရဘူးလို့ ကန့်သတ်ထားပေမဲ့လက်တွေ့မှာတော့ ဒီနေ့မဲပေါက်ပြီးရင် နောက်နေ့ပွဲစားလက်ထဲရောက်ပြီး တစ်ဆင့်ပြန်ရောင်းချလာတာတွေကိုလည်း အများအပြားရှိနေတယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တန်ဖိုးနည်းအိမ်ရာတွေသာမက မန္တလေးမြို့မှာရှိတဲ့ တန်ဖိုးနည်းအိမ်ရာတွေမှာလည်း ပြဿနာတွေ အများအပြားရှိနေပါတယ်။

''ကျွန်မတို့ဆိုရင် ဆိုင်ကယ်အခိုးခံရတာ နှစ်စီးရှိပြီ။ အခိုးမခံရတဲ့သူက ခေတ်မမီသလို ဖြစ်နေတာ''လို့ မန္တလေးက မြရည်နန္ဒာတန်ဖိုးသင့်အိမ်ရာမှာနေတဲ့ မယဉ်မျိုးသွယ် က ပြောပါတယ်။

အိမ်ရာဝင်းပတ်ပတ်လည်မှာလည်း ကျူးကျော်တွေ အများအပြားရှိနေပြီး အိမ်ရာထဲ နေထိုင်သူတွေကလည်း အမြဲအပြောင်းအလဲရှိနေတာကြောင့် လူခွဲခြားရခက်တယ် လို့လည်း သူက ဆိုပါတယ်။

မြရည်နန္ဒာအိမ်ရာဟာ မြို့စွန်မှာဖြစ်ပြီး ရဲစခန်းနဲ့လည်း အလှမ်းဝေးတဲ့အတွက် ညဘက် အသွားအပြန်တွေမှာ စိတ်မလုံပေမဲ့ တိုက်ခန်းဈေးကြောင့် လာရောက် နေထိုင် သူတွေ ရှိတယ်လို့လည်း သိရပါတယ်။

သူခိုးရန်ကာကွယ်ဖို့ လူငယ်တွေစုပေါင်းပြီး ကင်းလှည့်ပေမဲ့ အိမ်ရာက ကျယ်ပြီး လူအရေအတွက်နဲ့ မမျှတာကြောင့် လှည့်ကင်းရှေ့ကသွားရင် နောက်ကဝင်ခိုးတာ တွေရှိတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်တွေ၊ စက်ဘီးတွေသာမက နေ့ခင်းတောင် အိမ်ကပစ္စည်းတွေကို ဝင်ခိုးကြပြီး လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကဆို တစ်ရက်ကို ခိုးမှု နှစ်မှု သုံးမှုခန့် ဖြစ်ပွားလေ့ရှိတယ် လို့လည်း မယဉ်မျိုးသွယ်က ပြောပါတယ်။

တိုက်အရည်အသွေးနဲ့ပတ်သက်လို့လည်း ''နံရံတွေက မိန်းကလေးအားနဲ့ ထိုးတာတောင် ဟိုဘက်ဒီဘက်ကို ထုတ်ချင်းပေါက်မလိုဘဲ''လို့ မယဉ်မျိုးသွယ်က ဆိုပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service