တရုတ်ပြည်၏ ဟာဝိုင်အီဟု နာမည်ကျော်သော ဟိုင်နန်ကျွန်းတွင် ပြည်မကြီးအခြေစိုက် Fosun ကုမ္ပဏီက ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ကြေးရှိ အပန်းဖြေစခန်းကြီး ဆောက်လုပ်ရန် စီစဉ်

တရုတ်ပြည်၏ ဟာဝိုင်အီဟု နာမည်ကျော်သော ဟိုင်နန်ကျွန်းတွင် ပြည်မကြီးအခြေစိုက် Fosun ကုမ္ပဏီက ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ကြေးရှိ အပန်းဖြေစခန်းကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
3 May 2018 11:35 am တွင် တင်ခဲ့သည်
4172 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၏ ဟာဝိုင်အီဟု နာမည်ကျော်သော ဟိုင်နန်ကျွန်းတွင် ပြည်မကြီးအခြေစိုက် Fosun ကုမ္ပဏီက ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ကြေးရှိ အပန်းဖြေစခန်းကြီး ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဖိုဆန် အင်တာနေရှင်နယ် လိမိတက်က ဟိုင်နန်ကျွန်းတွင် အတ္တလန္တိတ် ဆန်ယာအမည်ရှိ ဇိမ်ခံအပန်းဖြေစခန်းကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်မည်ဟု ဆိုသည်။

ယခုစီမံကိန်းသည် တရုတ်ပြည်တွင်းနှင့် ပြည်ပကမ္ဘာလှည့်တို့၏ ခရီးသွားအချက်အခြာဒေသဖြစ်သော တရုတ်ပြည်၏ ဟာဝိုင်အီ - ဟိုင်နန်ကျွန်းတွင် ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်လာစေရန်လည်း ရည်မှန်းထားသည်။

တရုတ်ပြည်၏ တောင်ဘက်ဖျားတွင် တည်ရှိမည့် ယခုစီမံကိန်းအတွက် ယွမ်ငွေအားဖြင့် ၁၁ ဘီလီယံကုန်ကျမည်ဖြစ်ကာ ဟိုင်နန်ကျွန်း၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရန် ဆန္ဒရှိသော ဗဟိုအစိုးရ၏ လိုလားချက်နှင့်လည်း ကိုက်ညီနေသည်။

ဖိုဆန် ကုမ္ပဏီကို တရုတ်ဘီလျံနာ ကောက်ကွမ်ချန်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကပိုင် အကြီးမားဆုံး ကုမ္ပဏီကြီးတစ်ခု ဖြစ် သည်။

မကြာသေးမီကာလများအတွင်း တရုတ်ပြည်တွင်းတွင် Dalian Wanda Group ၊ HNA Group နှင့် Fosun တို့သည် ကြွေးမြီပြဿနာ များကြောင့် ဗဟိုအစိုးရက တင်းကျပ်မှုများ များစွာ ပြုလုပ်ခံလာရလျက်ရှိနေသည်။

ယင်းသို့သောအချိန်တွင် ဗဟိုအစိုးရ၏ ဦးစားပေးမူဝါဒများနှင့် အကိုက်ညီဆုံးဆောက်လုပ်ရေး လမ်းကြောင်းများကိုသာ လိုက်နာလျက်ရှိနေသည်။

တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ရရှိသည့် အခွန်ငွေမှာ ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် ယွမ်ငွေ ၅ ဒသမ ၃ ထရီလီယံရှိခဲ့ရာမှ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ယွမ်ငွေ ၇ ထရီလီယံအထိ မြှင့်တင်နိုင်ရန် ရည်မှန်းထားသည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရန် ဗဟိုအစိုးရက အတည်ပြုလိုက်ပြီးနောက် ဟိုင်နန်ကျွန်းသည် ၎င်း၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို နိုင်ငံတကာဝင်ဆန့်လာစေရန် နည်းလမ်းများ ရှာဖွေလာခဲ့သည်။

၂၀၁၇ ခုနှစ် အချက်အလက်များအရ လာရောက်လည်ပတ်သူ ၆၇ သန်းရှိခဲ့သည့်အနက် ပြည်ပမှ လာရောက်လည်ပတ်သူမှာ ၁ ဒသမ ၁ သန်းသာ ရှိခဲ့သည်ဟု ဆိုသည်။

ယခုစီမံကိန်းမှာ ဟိုင်နန်ကျွန်း၏ နာမည်ကျော် ဟိုင်တန်ပင်လယ်ကွေ့တွင် တည်ရှိသည်။ အဆိုပါဒေသသည် သဲဖြူသောင်ကမ်းများဖြင့် နာမည်ကျော်သော ဒေသဖြစ်သည်။

ယခုစီမံကိန်းကို မြေအကျယ်အဝန်း ၅၄၀၀၀၀ စတုရန်းမီတာပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဘောလုံးကွင်းပေါင်း ၆၆ ကွင်းစာ အကျယ်အဝန်းနှင့် ညီမျှကာ တည်းခိုနိုင်မည့် အခန်းပေါင်း ၁၃၁၄ ခန်း ပါဝင်မည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ ဟာဝိုင်အီဟု နာမည်ကျော်သော ဟိုင်နန်ကျွန်းတွင် ပြည်မကြီးအခြေစိုက် Fosun ကုမ္ပဏီက ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ကြေးရှိ အပန်းဖြေစခန်းကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ ဟာဝိုင်အီဟု နာမည်ကျော်သော ဟိုင်နန်ကျွန်းတွင် ပြည်မကြီးအခြေစိုက် Fosun ကုမ္ပဏီက ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ကြေးရှိ အပန်းဖြေစခန်းကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service