ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ သို့ တက်ရောက်ရန် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် ၃၀၀ ကျော် စာရင်းပေးထားဟုဆို

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ သို့ တက်ရောက်ရန် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် ၃၀၀ ကျော် စာရင်းပေးထားဟုဆို - Property News in Myanmar from iMyanmarHouse.com
3 May 2018 9:58 am တွင် တင်ခဲ့သည်
3661 ကြိမ် ကြည့်ရှု့ပြီး
ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာ နေရာတစ်ခုဖြစ်စေ ရန် ရည်ရွယ်ကျင်းပသည့် ရန် ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက် ရောက်မည့် နိုင်ငံခြားသား စီးပွား ရေးလုပ်ငန်းရှင်ဦးရေ တိုးမြင့်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ဖိုရမ်တွင် တက်ရောက်မည့် နိုင်ငံခြားသားဦးရေကို မူလက ၂၀၀ ကျော်သာ ရှိမည်ဟု ခန့်မှန်း ထားသော်လည်း လက်ရှိတွင် လုပ်ငန်းရှင် ၃၀၀ ကျော် တက် ရောက်ရန် စာရင်းပေးထားသည်။ စိတ်ဝင်စား၍ တက်ရောက်လိုသူများကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ သိလိုသူများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံလိုသူများကြောင့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် များပြား လာကြောင်း ၎င်းကပြောသည်။

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကို အဓိကထောက်ပံ့သည့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးရေးအသင်းသည် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် တာဝန်ယူထား သည်။

တက်ရောက်လိုသည့် နိုင်ငံ ခြားသား စီးပွားရေးလုပ်ငန်းရှင် များကို ၎င်းနှင့် သက်ဆိုင်သည့် ကုမ္ပဏီများနှင့်ပတ်သက်၍ စိစစ် လေ့လာပြီးမှ လက်ခံသည်ဟုဆို သည်။

‘‘ကျွန်တော်တို့က ကုမ္ပဏီ ၀က်ဘ်ဆိုက်ကို ကြည့်ပြီးမှ လက်ခံတာပါ။ ညာလို့မရဘူး’’ ဟု ဦးခင်မောင်အေးက ပြောသည်။ ယခင်က နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်အချို့ မြန်မာနိုင်ငံသို့ ရောက်လာပြီး ပွဲစားဆန်ဆန် လုပ်ဆောင်မှုများရှိကြောင်း ၎င်း ကပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုလိုသည်ဟု အကြောင်းပြချက် ဖြင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံခြား၌ ပြန်လည်လုပ်စားသည့် အခြေအနေမျိုး သိရှိထားကြောင်း ဦးခင်မောင်အေးကဆိုသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် တွင် နိုင်ငံခြားသား၊ နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော် တက်ရောက်မည်ဟု မူလ က ခန့်မှန်းထားသော်လည်း လက် ရှိ၌ ၇၀၀ ခန့်အထိ တက်ရောက် မည်ဟု ဦးခင်မောင်အေးကပြော သည်။

ရန်ကုန်မြို့သည် ရင်းနှီးမြှုပ် နှံမှုတွင် အရှေ့တောင်အာရှ၏ အချက်အချာကျသည့် နေရာတစ် ခုဖြစ်လိုပြီး ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးအခွင့်အလမ်းများ သိရှိ စေရန် ရည်ရွယ်၍ ဖိုရမ်ကျင်းပ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ဖိုရမ်တွင် ရန်ကုန်တိုင်း၏ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာကို ၀န်ကြီးချုပ်က ရှင်းပြရန် စီစဉ် ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်း များနှင့် အခွန်အကောက်အခြေ အနေများကို နိုင်ငံခြားသားလုပ် ငန်းရှင်များအား ရှင်းပြမည်ဖြစ် သည်။

နိုင်ငံတကာလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ် ကိုင်မည်ဆိုပါက မှတ်ပုံတင်ခြင်း အပါအ၀င် ရရှိနိုင်မည့် အခွင့်အ ရေးများ၊ လိုက်နာရမည့် တာဝန် ၀တ္တရားများ ရှင်းပြမည်ဟု ၀န် ကြီးချုပ်ကပြောသည်။


Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service