လှိုင်သာယာကျုးကျော်များအတွက် အိမ်ရာများတည်ဆောက်ပေးရေး JICA နှင့်ပူးပေါင်းဆောင်ရွက်မည်

လှိုင်သာယာကျုးကျော်များအတွက် အိမ်ရာများတည်ဆောက်ပေးရေး JICA နှင့်ပူးပေါင်းဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
30 Apr 2018 9:33 am တွင် တင်ခဲ့သည်
10980 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း၌ ကျူးကျော်နေထိုင်သူများစွာရှိနေပြီး အဆိုပါကျူးကျော်များအတွက် အိမ်ရာများတည်ဆောက်ပေးရေးကို JICA နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာ အစီအစဉ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍လည်း ဝန်ကြီးချုပ်က “ အမြို့မြို့ အနယ်နယ်က တချို့ပြည်သူတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပြောင်းရွှေ့လာ တယ်၊ ဥပမာ နာဂစ်ပြီးတုန်းက ရောက်လာ ကြတယ်၊ တချို့က ရန်ကုန်မှာ အလုပ်လွယ် လို့ လာလုပ်ကြတာရှိတယ်၊ လာလုပ်ကြရင်း နဲ့ ငှားနေရင် လစဉ်ပိုက်ဆံပေးရမှာဖြစ်တော့ ကျူးကျော်တဲမှာ နေတယ်၊ ကျူးကျော်တဲမှာ နေတယ်ဆိုပေမယ့် ကျူးကျော်တဲကို ရောင်းစားတဲ့သူ လက်ထဲက တစ်သိန်း၊ နှစ်သိန်း အစရှိသဖြင့်နဲ့ ဝယ်ပြီးနေတယ်၊ လစဉ်ပိုက်ဆံပေးစရာ မလိုတော့ဘူး၊ မနက် အလုပ်သွား၊ ညနေပြန်အိပ် ဒီလို အလုပ် လုပ်ရင်း နေထိုင်တဲ့သူ စာရင်းကို ကြည့်လိုက် တဲ့အခါ အိမ်ထောင်စု တစ်သိန်းခွဲလောက် ရှိပါတယ်”ဒါကို SMART စနစ်နဲ့ စနစ်တကျ ကောက်ထားပါတယ်၊ Biometric ကို မှတ်တမ်းတင်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ အဲဒီအတွက် ဒီကျူးကျော်စာရင်း ဟာ ထပ်စရာ အကြောင်းမရှိဘူး၊ ပြီးတော့ ဒီ SMART ကတ် ရောင်းစားတယ်ဆိုတဲ့ သတင်းတစ်ခုလည်း ကြားပါတယ်၊ ရောင်းစားလည်း ဘာမှ မထူးပါဘူး။ အဲဒီ SMART ကတ်မှာ မှတ်တမ်းတင်ထားတဲ့ လက်ဗွေတွေ၊ မျက်နှာတွေ မပါသွားဘဲနဲ့ ဝယ်ယူထားတဲ့ သူက ဘာမှ လုပ်လို့မရဘူး။ ဒီဟာတွေကို ဘယ်လို တည်ဆောက်ပေးမလဲ စဉ်းစားပါတယ်။ စဉ်းစားတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ အိမ်ရာ စီမံကိန်းတွေကို မလုပ်နိုင်ပါဘူး။ မလုပ်နိုင် တော့ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ JICA နဲ့ Master Plan ရေးဆွဲနေပါတယ်။ ၂၀၄၀ ခုနှစ်အထိ ဖြစ်ပါတယ်။ ရန်ကုန်မြို့ကို စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော် ကြီးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေ ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရန်ကုန်မြို့တော်အား အစိမ်းရောင် မြို့တော်အဖြစ် နေချင်စဖွယ်ဖြစ်စေရန် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ JICA နှင့် လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့တွင် ဆိပ်ကမ်းများမှ ကွန်တိန်နာများ၊ ကုန်ပစ္စည်းများ သယ်ယူပို့ ဆောင်မှုများကြောင့် ယာဉ်ကြောကျပ်တည်း မှုများ လျော့ကျစေရန် ရည်ရွယ်ပြီး ရန်ကုန် တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ် အလယ်ကျေးရွာအုပ်စုရှိ မြေဧရိယာ ၁၉၄ ဒသမ ၉၀ ဧကတွင် Dry Port Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service