၂၀၁၈ အိမ်ခြံမြေဈေးကွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်လာနိုင်ဟု ဆို

၂၀၁၈ အိမ်ခြံမြေဈေးကွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်လာနိုင်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
27 Apr 2018 12:30 pm တွင် တင်ခဲ့သည်
4629 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ် စီမံကိန်းများ တည်ဆောက်ရန်ရှိခြင်းနှင့် ကွန်ဒိုမီနီယံ နည်းဥပဒေ ထွက်လာခြင်း တို့ကြောင့် ၂၀၁၈ ခုနှစ် အတွင်း အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “အိမ်ခြံမြေက မနှစ်ကတော့ နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံမှု ကောင်းတယ်။ ဒီနှစ်လည်း ကောင်းမယ်လို့ မြင်တယ်။ ပထမ တချက်ကတော့ ကွန်ဒိုမီနီယံနဲ့ ပတ် သက် တဲ့ ဥပဒေ ထွက်တာပေါ့၊ နည်းဥပဒေ ထွက်တယ်။ ဒါကြောင့်မို့ ကွန်ဒိုမီနီယံမှာ ဝယ်လို့ပြုလို့ ရသွားတဲ့ အနေ အထား မျိုး ပေါ်လာတယ်။ ဥပဒေ ပေါ်လာတဲ့အတွက် ဥပဒေ ပိုင်းဆိုင်ရာမှာ အားကောင်းလာတယ်။ ဒါကြောင့် အိမ်ခြံ မြေ ကဏ္ဍတခုလုံးကို အထောက်အကူပြုမယ်။ မနှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ပိုကောင်းနိုင်တယ်”ဟု ပြောသည်။

ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ပြည်တွင်း၌ ကွန်ဒိုမီနီယံ ဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ) အား ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်း ဥပဒေကိုမူ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကွန်ဒိုမီနီယံ တွင် အဓိကအားဖြင့် နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်းထက် မပိုသော ဥပဒေနှင့်အညီ ရောင်းချပိုင်ခွင့် ရှိခြင်း စသည့် နိုင်ငံခြားသား တိုက်ခန်း ဝယ်ယူခွင့် အချက်အလက်များ ပြည့်စုံစွာ ပါရှိသည်။

ဒုတိယ အချက်အနေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည် ဖော်ဆောင်မည့် စီမံကိန်းများ ရှိနေ ခြင်း၊ ကျန်အချက်မှာ သမ္မတကြီး ဦးဝင်းမြင့် မိန့်ခွန်း၌ ပြောဆိုခဲ့သည့် နိုင်ငံ့ဝန်ထမ်း အိမ်ရာ စီမံကိန်းများ ရှိနေသဖြင့် အိမ်ခြံမြေ ကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှုများမှာ ယခင်နှစ်ထက် ပို၍ဝင်ရောက် လာနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြော သည်။

လက်ရှိ အစိုးရသက်တမ်း ၂ နှစ်အတွင်း ဝန်ထမ်းများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဝန်ထမ်း အိမ်ရာ ၄၆၂၇ ခန်း တည်ဆောက် ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၃ နှစ် ကာလအတွင်း၌ အခန်းပေါင်း ၇ ထောင်ကျော်ကို ဝန်ထမ်း အိမ်ရာအဖြစ် တည်ဆောက်ပေးရန် စီမံထားကြောင်း သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြား ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အိမ်ရာ အဆောက်အအုံ ကဏ္ဍ၌ တရုတ်၊ စင်ကာပူနှင့် ပြင်သစ် စသည့် နိုင်ငံများ၏ ရင်း နှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခုမှ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်က “နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့် သူတွေက အခုပဲ စစ်တမ်း လုပ်ဖို့ လာဆွေးနွေးနေတာ ဖြစ်တယ်။ ပြောရရင်တော့ ကွန်ဒိုမီနီယံ ဥပဒေနဲ့ ထွက်လာမယ့် အခွန် ဥပဒေ တွေရော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက လာရောက် ဆွေးနွေးနေတာ ရှိတယ်။ အရင်တုန်းက ကွန်ဒိုမီနီယံ ဥပဒေက ထွက်သာ ထွက်တာ လူပ်ရှားလို့မရတဲ့ ပုံစံဖြစ်တယ်။ အခုကတော့ လက်တွေ့လည်း လုပ်လို့ရတယ် ဆိုတော့ ဒီတွန်းအား က ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဖို့ကို ၅၀ ရာခိုင်နှုန်းလောက် ဖြစ်တယ်။ ဒီနှစ်ထဲမှာ ဥပဒေရဲ့ သက်ရောက်မှုက အကောင် အထည် ပေါ် လာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ စင်ကာပူနှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အိမ်ခြံမြေ ဈေးကွက်နှင့် ပတ်သက် သည့် ဈေးကွက် အနေအထား၊ အစိုးရပိုင်းက ဥပဒေလုံခြုံစိတ်ရမှု အပိုင်းများ အစရှိသည့် စစ်တမ်း ကောက်ယူခြင်း များကို ယခု အချိန်တွင် စတင် လုပ်ဆောင်နေပြီဟုလည်း ၎င်းက ပြောဆိုသည်။

အနောက် နိုင်ငံများအနေနှင့် အိမ်ခြံမြေနှင့် ပတ်သက်သည့် နည်းပညာကဏ္ဍများတွင် အခြားစီးပွားရေး လုပ်ငန်းရှင် များ၊ ပြည်တွင်း ကုမ္ပဏီများ ပူးပေါင်းပြီး အွန်လိုင်းနှင့် နည်းပညာပိုင်း ဆောင်ရွက်ခြင်းများ ရှိနေကြောင်း ၎င်းက ဆို သည်။

ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် အိမ်ငှားဈေးကွက်နှင့် အပေါင်ခံသည့် ဈေးကွက်ခန့်သာ ဖြစ်နေပြီး အရောင်း အဝယ် ဈေးကွက် အေးနေကြောင်း ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကိုလည်း ရန်ကုန်မြစ် တဖက်ကမ်းရှိ ဒလမြို့နယ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စက်မှုဇုန်များ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အဆောက်အအုံများနှင့် အိမ်ရာစီမံကိန်း များစွာ တည်ဆောက်သွားရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြင်ဆင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက် ပေါင်း စုံကနေ ဆောင်ရွက်နေပါတယ်။ မြို့သစ်စီမံကိန်းကို အခုချိန်မှာ နိုင်ငံတော် အစိုးရကနေ ပြင်ဆင်ဆောင်ရွက် မယ့် အခြေအနေဖြစ်အောင် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒီနယ်ပယ်မှာ ဘဏ္ဍာငွေကြေးအရ နိုင်ငံတော်က စိုက်ထုတ်မှာ မဟုတ်တဲ့အတွက် ပုဂ္ဂလိကနဲ့ ပြည်သူလူထုကြား၊ အစိုးရကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် အစီအစဉ်တွေကို လွယ်ကူပြီး ကြိုးနီ စနစ်တွေ နည်းသွားနိုင်ဖို့ အစိုးရက တာဝန်ယူ ဆောင်ရွက်တာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းများ ကို အထောက်အကူ ပေးခြင်းနဲ့ နိုင်ငံတကာက စီးပွားရေး ကုမ္ပဏီများကိုလည်း ဆွဲဆောင်ရန် မျှော် လင့် ပါတယ်”ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (NYDC) ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားထားသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service