မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ

မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
23 Apr 2018 11:33 am တွင် တင်ခဲ့သည်
4524 ကြိမ် ကြည့်ရှု့ပြီး
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာပြီ ဖြစ်သည်။

တောင်အာရှတွင် တည်ရှိသော မော်လ်ဒိုက်ရှိ အဆိုပါရေအောက်နေအိမ်စီမံကိန်းကို ကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ဆောက်လုပ်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်းစတင်လိုက်ခြင်းလည်း ဖြစ်သည်။

နှစ်ထပ်ဟိုတယ်အဖြစ် ဆောက်လုပ်မည်ဖြစ်ပြီး ဟိုတယ်၏ အောက်ခြေတစ်ဝက်ခန့် ( ၁၆ ဒသမ ၄ ပေ) မှာ အိန္ဒိယသမုဒ္ဒရာ ရေပြင်အောက်တွင် နစ်မြုပ်နေမည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် အပြီးသတ်ဆောက်လုပ်မည်ဟု ဆိုသည်။

ရေအောက်ခန်းတွင် တည်းခိုမည့်ဧည့်သည်များသည် အသက်ရှူပိုက်များ၊ wetsuits များ ဝတ်ဆင်ရန် မလိုဟု ဆိုသည်။

အဆိုပါ ရေအောက်ဟိုတယ်ကို မူရာကာဟု အမည်ပေးထားပြီး ဒေသတွင်း ဒိုင်ဗီဟီဘာသာအရ သန္တာဟု အဓိပ္ပာယ်ရသည်။

ပင်လယ်ရေအောက်မြင်ကွင်းများကို ၁၈၀ ဒီဂရီ ရှုမြင်နိုင်မည်ဖြစ်ပြီး ကြယ်ငါးပွင့်ဟိုတယ်အဆင့် အိပ်ယာများ ထည့်သွင်းပေးထားမည် ဖြစ်သည်။

ပင်လယ်ရေအောက်အပိုင်းကို အခရိုင်းလစ်၊ စတီး၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်ရမည်ဖြစ်ပြီး ရေအောက်တွင် ကျယ်ဝန်းသော အိပ်ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်းနှင့် ဒုတိယထပ်သို့ တက်မည့် ကြောင်လိမ်လှေကားတို့ ပါဝင်မည်ဟု ဆိုသည်။

တည်းခိုခကို နောက်ဆုံးအဆင့် အတည်ပြုရခြင်းမရှိသေးသော်လည်း တစ်ညလျှင့် ကန်ဒေါ်လာ ၅၀၀၀၀ ခန့် ကောက်ခံမည်ဟု ခန့်မှန်းထားကြောင်း Conrad Hotels & Resorts မှာ ဒါရိုက်တာတစ်ဦးဖြစ်သူ ကာလာ ခရော့ကက်ထ်က ပြောကြားသည်။

အဆိုပါ ဟိုတယ်တွင် ကမ္ဘာ့ပထမဆုံးရေအောက် စားသောက်ဆိုင်လည်း ဖွင့်လှစ်မည်ဖြစ်ပြီး နယူးဇီလန်မှ အင်ဂျင်နီယာကုမ္ပဏီတစ်ခု ဖြစ်သော M J Murphy Ltd ကို ငှားရမ်းထားသည်။

ဟိုတယ်တွင် လုံခြုံရေးစနစ်များလည်း များစွာထည့်သွင်းပေးထားမည်ဖြစ်ပြီး အရေးပေါ် မီးဘေးထွက်ပေါက်၊ မုန်တိုင်းနှင့် မြေငလျင်ဒဏ်တို့ကို ခံနိုင်မည့် ခိုင်မာသည့်ဖောင်ဒေးရှင်းတို့ဖြင့် ဆောက်လုပ်သွားမည်ဟု ဟိုတယ်၏ ဈေးကွက်မန်နေဂျာ သောမတ်စ် မာထရက်က ဆိုသည်။

ရေပေါ် အပေါ်ထပ်တွင် အပိုအိပ်ခန်း၊ သီးသန့် အားကစားလေ့ကျင့်ရေးခန်းမ၊ ဧည့်ခန်း၊ အရက်ဘားနှင့် မော်လ်ဒိုက်၏ သာယာသော ဆည်းဆာချိန်များကို ခံစားနိုင်မည့် လသာဆောင်တို့ ပါဝင်မည် ဖြစ်သည်။

ယခုဟိုတယ်သည် ကမ္ဘာလုံးဆိုင်ရာခရီးသွားများကို ပစ်မှတ်ထားကြောင်း ဟိုတယ်ကို ပိုင်ဆိုင်သည့် Crown Co., မှ ဒါရိုက်တာတစ်ဦး ဖြစ်သူ အာမက် ဆာလမ်က ပြောကြားသည်။

တန်ချိန် ၆၀၀ ရှိမည်ဖြစ်သည့် အဆောက်အအုံကို စင်္ကာပူတွင် ဆောက်လုပ်မည်ဖြစ်ပြီး ကရိန်းဖြင့် အထူးသင်္ဘောတစ်စင်းပေါ်သို့ တင်ဆောင်ကာ မော်လ်ဒိုက်ရှိ သမုဒ္ဒရာရေပြင်တွင် ထားရှိမည် ဖြစ်သည်။

မော်လ်ဒိုက်သည် ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်ကြသည့်နေရာဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်း အများဆုံးလာရောက်ကြသည်မှာ တရုတ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့မှ ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
မော်လ်ဒိုက်သို့ အပန်းဖြေထွက်မည့်သူများအနေဖြင့် ကမ္ဘာ့ပထမဆုံးရေအောက် နေအိမ်တွင် ငါးများကို ကြည့်ရင်းတစ်ညလျှင့် ဒေါ်လာ ၅၀၀၀၀ ဖြင့် အိပ်စက်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service