စိုက်ပျိုးမှုမရှိသော မြေများ ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းရန်ဆောင်ရွက်

စိုက်ပျိုးမှုမရှိသော မြေများ ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းရန်ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
11 Apr 2018 10:55 am တွင် တင်ခဲ့သည်
4131 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ခုနစ်ခုအတွင်း လုပ်ကိုင်ခွင့်ပြုထားသော်လည်း စည်းကမ်းချက် သတ်မှတ်ကာလ လေးနှစ်ပြည့်ချိန်ထိ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြန်လည်သိမ်းဆည်းရန် ခရိုင်အလိုက် အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

''စည်းကမ်းသတ်မှတ်ချက် ကိုက်ညီမှုမရှိတဲ့ လုပ်ပိုင်ခွင့်ရထားသူတွေကို လာရောက်ဆက်သွယ်ဖို့ အကြောင်းကြားမယ်။ လာရောက်ခြင်း မရှိတဲ့သူတွေ တင်သွင်းထားတဲ့ အာမခံကြေးတွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းသွားပြီး မူလခွင့်ပြုမိန့်ကို ပယ်ဖျက်မိန့် ထုတ်ပြန် ဆောင်ရွက်သွားမယ်'' ဟု မန္တလေးတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမြေများ ပြန်လည်သိမ်းဆည်းရန် ဖွဲ့စည်းထားသော အထူးအဖွဲ့များအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကာ စစ်ဆေးတွေ့ရှိချက်များကို မှတ်တမ်းအထောက်အထားများနှင့်အတူ ယခုနှစ် မေလအတွင်းအဆိုပါမြေများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဖြစ်သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စည်းကမ်းချက်အတိုင်း သတ်မှတ်ထားသော ဧရိယာ၏ တစ်စိတ်တစ်ပိုင်းသာ စိုက်ပျိုးလုပ်ကိုင်ထားသည့် ဧရိယာကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ မြေပုံရေးဆွဲ ဆောင်ရွက်ပြီးနောက် လုပ်ပိုင်ခွင့်အသစ် ပေးသွားမည်ဖြစ်သည်။ ခရိုင်အလိုက်ဖွဲ့စည်းထားသော အထူးအဖွဲ့များတွင် သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနတို့ ပါဝင်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service