ပမာဏကြီးမားသော ကြွေးမြီများ သက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့်အစီအစဉ်အပါအ၀င် ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်နှင့် ညှိနှိုင်းနေ

ပမာဏကြီးမားသော ကြွေးမြီများ သက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့်အစီအစဉ်အပါအ၀င် ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်နှင့် ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
11 Apr 2018 10:43 am တွင် တင်ခဲ့သည်
4676 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဘဏ်များ၏ ပမာဏကြီးမားသော ကြွေးမြီများကာလ သတ်မှတ်ချက် ချေးငွေသက်တမ်း သုံးနှစ်အတွင်း လျှော့ချမည့် အစီအစဉ်အပါအ၀င် နိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးနေကြောင်း ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရသည်။

“ ဒီစည်းမျဉ်းတွေနဲ့ပတ်သက်လို့ ဘဏ်တွေနဲ့ ဗဟိုဘဏ်ညှိနှိုင်းနေတာတွေရှိတယ်။ ဘဏ်အသင်းကတစ်ဆင့် ဆွေးနွေးနေတာတွေ ရှိတယ်။ ဘဏ်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တင်ပြနေတာပဲ။ ဒီစည်းမျဉ်း တွေနဲ့ပတ်သက်လို့ လိုအပ်သလို တွေ့ဆုံညှိနှိုင်းခွင့်ရှိတယ်၊ မေးမြန်းခွင့်၊ တင်ပြခွင့်ရှိတယ်။ တာဝန်ရှိသူနဲ့ လူချင်းတွေဖို့တော့ အပွိုင့်မန့်တောင်းပြီး တွေ့ရတော့ ထင်သလောက် မလွယ်ဘူးပေါ့လေ။ ဒီစည်းမျဉ်းတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲညွှန်ကြားချက်တွေတော့ ဘာမှမရှိသေးဘူး။ စည်းမျဉ်းလျှော့ပေးတာ၊ ရုပ်သိမ်းတာ ဘာတစ်ခုမှ မရှိသေးဘူး။ အချိန်သုံးနှစ်ဆိုတာလည်း မပြောင်းဘူး။ ဒါပေမဲ့လိုက်နာဆောင်ရွက်နိုင်ဖို့ ဘဏ်တစ်ခုချင်းအလိုက် ဆွေးနွေးနေဆဲဖြစ်ပါတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ဘဏ်မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘဏ်များ၏ ပမာဏကြီးမားသော ကြွေးမြီများကို ကာလသတ်မှတ်ချက်ချေးငွေ သက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့် အစီအစဉ်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား တင်ပြညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်န၀ါရီ ၈ ရက်တွင် ညွှန်ကြားချက် အမှတ် ၂ / ၂၀၁၈ ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းညွှန်ကြားချက်သည် ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခင်စည်းမျဉ်း၌ ဘဏ်တစ်ခုတွင် အဓိကမတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက်ကျော်လွန်ပြီး လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်သို့ ထုတ်ချေးထားသော ကြွေးမြီများရှိပါက စည်းမျဉ်းထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း အဆိုပါကြွေးမြီအား လက်ခံနိုင်သည့် ပမာဏသို့ ထားရှိမည့်အစီအစဉ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရန်ညွှန်ကြားခြင်း ဖြစ်သည်။

အဆိုပါ ပမာဏကြီးမားသော ကြွေးမြီများကို ကာလသတ်မှတ်ချက် ချေးငွေသက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့်အစီအစဉ်အား မတ် ၃၁ ရက် နောက်ဆုံးထားတင်ပြရန် ဗဟိုဘဏ်က သတ်မှတ်ခဲ့သော်လည်း ဘဏ်အချို့အနေဖြင့် ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေ ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ် ပြောင်းလဲမည့် ချေးငွေများကိစ္စကိုလည်း ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၈ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

ဘဏ်များမှ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက် အထိ ထုတ်ချေးခဲ့သော စာရင်းပိုထုတ်ချေးငွေ (Overdraft) များအနက် တစ်နှစ်ပြည့် မြောက်သည့်နေ့တွင် ပြန်လည်မပေးဆပ်နိုင်သော စာရင်းပိုထုတ်ချေးငွေများအား သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ် ပြောင်းလဲရာတွင် ဘဏ်များအနေဖြင့် စာရင်းပိုထုတ်ချေးငွေမှ ကာလသတ်မှတ်ချက်ချေးငွေအဖြစ် ပြောင်းလဲမည့်ချေးငွေများ၏ အတိုးကို သုံးလပတ်ထက်မပိုသောကာလဖြင့် ပေးဆပ်ရမည်ဖြစ်ပြီး အရင်းပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ကာလ (Grace Period) တစ်နှစ်အထိ ထားရှိနိုင်ကြောင်း ညွှန်ကြားသတ်မှတ်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် ၇ / ၂၀၁၇ ၏ အပိုင်း ၃ (စ) (၁) အား ယခုညွှန်ကြားချက်ဖြင့် ပြင်ဆင်အစားထိုးလိုက်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပမာဏကြီးမားသော ကြွေးမြီဆိုင်ရာ စည်းမျဉ်း၊ ဘဏ်များ လိုက်နာရမည့် မတည်ငွေရင်းလုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းများ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service