မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ခြမ်းရှိ မြေဧက ၆၀ ကျော်တွင် DDPC ကုမ္ပဏီမှ ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည်

မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ခြမ်းရှိ မြေဧက ၆၀ ကျော်တွင် DDPC ကုမ္ပဏီမှ ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
10 Apr 2018 11:22 am တွင် တင်ခဲ့သည်
5344 ကြိမ် ကြည့်ရှု့ပြီး
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှ မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ခြမ်းရှိ မြေဧက ၄၀၀ ကျော် လုပ်ကိုင်ခွင့်ရရှိထားသည့် DDPC ကုမ္ပဏီအနေဖြင့် မြေဧက ၆၀ ကျော်ပေါ်တွင် ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ရှိ ယင်းမြေဧက ၄၀၀ ကျော်မှာ တပ်မတော်မှ ထိန်းသိမ်းထားသည့် မြေဖြစ်သောကြောင့် ယင်းမြေအား ပြန်လည်စွန့်လွှတ်ပေးရန် တင်ပြ၍ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမြေပေါ်တွင် ဟိုတယ်ဇုန်လုပ်ကိုင်ခွင့်ရရှိရေး အတွက် ၂၀၁၂ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနများထံ လျှောက်ထားခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဟိုတယ်ဇုန် လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိပြီးနောက် စတင်အကောင်အထည်ဖော်နေ စဉ်လပိုင်းအကြာတွင် အစိုးရသစ်တက်လာပြီးနောက် ဟိုတယ်ဆောက်လုပ်ခွင့်လိုင်စင် မကျသေးကြောင်း နားလည်မှုလွဲကာ ဆောက်လုပ်မှုကို ရပ်နားခိုင်းခဲ့သည့်အတွက် ယခုအချိန်ထိ ရပ်နားထားခဲ့ရပြီး မကြာမီအချိန်တွင် ပြန်လည်ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၇ ရက်က မောင်းမကန်ရွာ၌ ကျင်းပသည့် ဟိုတယ်ဇုန်အတွက် IEE တွေ့ ရှိချက်တင်ပြသည့် အခမ်းအနားတွင် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC ) ၏ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

“မကြာခင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စမှာဖြစ်ပါတယ်။ ပြန်စတဲ့အချိန်မှာ ဧက ၄၀၀ ကျော်မှာ First Space အနေနဲ့  ဧက ၆၀ ကျော်ကို စတင်အကောင်အထည်ဖော်ပါမယ်။ ဆောက်ရင်းတန်းလန်းရှိနေတဲ့ နောက်ထပ်လိုအပ်မယ့် အဆောက်အအုံတွေ ထပ်ဆောက်ပါမယ်” ဟု DDPC ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။လက်ရှိအစိုးရသစ် တက်လာချိန်တွင် ယင်းမြေဧက ၄၀၀ ကျော်အနက်မှ တပ်မတော်မှ သိမ်းဆည်းထားသည့် မြေဧက ၈၀ ကျော်ကို အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်မြေများကိုမူ ကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ မြေလွတ်မြေလပ်ပေါ်တွင် စိုက်ပျိုးထားသည့် သီဟိုဋ်ပင်များအတွက်လည်း သက်ဆိုင်သည့်ဌာနသို့ လျော်ကြေးပြန်ပေးပြီး နိုင်ငံတော်အစိုးရထံ ပေးသွင်းသည့်အတွက် ကုမ္ပဏီထံလုပ်ကိုင်ခွင့်ချထားပေးခဲ့သည့်အပြင် နောက်တစ်ပိုင်းဖြစ်သော ဧက ၂၀၀ ကျော်ဖြစ်သည့် သစ်တောကြိုးဝိုင်းဧရိယာအတွက် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

မောင်းမကန်ကျေးရွာ ရွာလယ်ကျောင်း၌ ဧပြီ ၇ ရက်က ကျင်းပသည့် ဟိုတယ်ဇုန်တည် ဆောက်ခြင်းအတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း(IEE) ကနဦးတွေ့ရှိချက်တင်ပြ ဆွေးနွေးပွဲသို့ ဒေသခံ ၁၀၀ ကျော်နှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသခံများဘက်မှ မောင်းမကန်ကျေးရွာအား သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ပယ်ပေးပြီးမှသာ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန်၊ စီမံကိန်းအတွက် လိုအပ်သည့်ရေအရင်းအမြစ်ကို ရွာအတွင်းမှ ထုတ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဒေသခံ ရေလုပ်သားများ၏ ကမ်းခြေအဆင်းလမ်းအား သတ်မှတ်ထားရှိပေးရန် စသောအချက်များကို တောင်းဆိုခဲ့ကြသည်။ DDPC ကုမ္ပဏီမှ မကြာမီ စတင်ဆောင်ရွက်မည့် မောင်းမကန် ဟိုတယ်ဇုန်စီမံကိန်း၌ ၁၀ ခန်းတွဲ ဟိုတယ်တစ်လုံး၊ နှစ်ခန်းတွဲဟိုတယ်များ၊ ဘန်ဂလိုများနှင့် ရေကူးကန်၊ ပန်းခြံများပါဝင်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်တည်ဆောက်ခြင်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ကို တတိယအဖွဲ့အစည်းဖြစ်သည့် Ever Green Tech က ဆောင်ရွက်နေပြီး အစီရင်ခံစာကို လာမည့်မေလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ever Green Tech မှတာဝန်ရှိသူက ပြောကြားသည်။

မောင်းမကန်ကမ်းခြေ မြောက်ဘက်ခြမ်းရှိ မြေဧက ၄၀၀ ကျော်တွင် DDPC ကုမ္ပဏီက၂၀၁၃ ခုနှစ်မှစတင်၍ ဟိုတယ်ဇုန် ဆောက်လုပ်ရန် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယင်းဟိုတယ်ဇုန်အတွက် ကမ်းခြေရှိ မြေ ၁၄၈ ဒသမ ၄၀ ဧကကို ယခင်တိုင်းဒေသကြီးအစိုးရထံ ပထမအကြိမ်လျှောက်ထားခဲ့ရာ ဒေသခံများက ကန့်ကွက်စာတင်ခဲ့သော်လည်း စာတင်ပြီး သုံးလခန့်အကြာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်မြေ ၁၄၈ ဒသမ ၄၀ ဧကကို တိုင်းဒေသကြီးအစိုးရမှ ကုမ္ပဏီထံသို့ ဟိုတယ်ဇုန်စီမံကိန်းဆောင်ရွက်ရန် နှစ် ၃၀ လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း သိရသည်။

DDPC ကုမ္ပဏီတွင် ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံအစုရှယ်ယာဝင်ဦးရေ ၇၀၀ ကျော်ရှိကြောင်း သိရပြီး ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် အဏ္ဏ၀ါ လွှမ်းကုမ္ပဏီပိုင်ရှင် ဦးခင်စိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကြောင်း၊ ယင်းကုမ္ပဏီ၌ ယခင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၏ အစုရှယ်ယာများပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

DDPC ကုမ္ပဏီသည် ထားဝယ်ဒေသအနှံ့ရှိ အစိုးရမှသိမ်းဆည်းထားသောမြေများနှင့် မြေလွတ်မြေလပ်များစွာကို လုပ်ကိုင်ခွင့် ရရှိထားပြီး ဒေသခံများနှင့် မြေယာပိုင်ဆိုင်မှုပြဿနာများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service