တိုင်းအစိုးရ ရောင်းချပေးနိုင်သည့် တိုက်ခန်းထက် ဝယ်လိုအား များစွာမြင့်နေ

တိုင်းအစိုးရ ရောင်းချပေးနိုင်သည့် တိုက်ခန်းထက် ဝယ်လိုအား များစွာမြင့်နေ - Property News in Myanmar from iMyanmarHouse.com
9 Apr 2018 1:37 pm တွင် တင်ခဲ့သည်
5516 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများ ရောင်းချပေးနိုင်သည့် အခန်း အရေအတွက်ထက် ဝယ်လိုအားမြင့်မား နေဟု သိရသည်။ တိုင်းဒေသကြီးအစိုးရမှရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်းအတွက် လျှောက်လွှာပုံစံဖောင် များကို ဖေဖော်ဝါရီ ၁၆ရက်မှ မတ်လ ၃ဝ ရက်အထိ ရောင်းချပေးခဲ့ရာ အိမ်ခန်းအ ရေအတွက်ထက် ဝယ်ယူလိုသည့် အရေအ တွက်က ပိုမိုများပြားနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဧပြီ ၆ ရက်က သိရသည်။

''ဖောင်ရောင်းရတဲ့ အရေအတွက်က တော့ ခုထိခရိုင်အလိုက်စုနေတုန်း၊ ဖောင် ရောင်းရတဲ့အရေအတွက်နဲ့ တင်တဲ့အရေ အတွက် စာရင်းတွေတော့မရသေးဘူး။ ဒါ ပေမဲ့ အခန်းအရေအတွက်ထက် ဝယ်လိုအားက အများကြီးမြင့်နေတယ်''လို့ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်း ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။ ယခုတွင် လျှောက်လွှာဖောင်ပြန်တင်သည့် စာရင်းကို အချက်အလက် စုံ၊မစုံ စိစစ်နေဆဲသာဖြစ်ပြီး မဲနှိုက်ရောင်းချမည့်ရက်ကိုမူ မပြောနိုင်သေးကြောင်း " ဦးယုခိုင်က ဆိုသည်။

အိမ်ခန်းများအတွက် ဖောင်များကို ဝင် ငွေနည်းပြည်သူ၊ အစိုးရဝန်ထမ်း၊ အငြိမ်း စားဝန်ထမ်းနှင့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းအတွက်ဟူ၍ အရောင်လေးမျိုးခွဲကာ ရန်ကုန် တိုင်းဒေသကြီးရှိ ခရိုင်လေးခုတွင် လျှောက် လွှာတစ်စောင်လျှင် ကျပ် ၁ဝဝဝ ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဝင်ငွေနည်း ပြည်သူ ၃၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်း ၂၅ ရာခိုင်နှုန်း၊ အငြိမ်းစားဝန်ထမ်း ၁၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း ၂၅ ရာခိုင်နှုန်း ရောင်းချပေးရန် လျာထား ကြောင်းသိရသည်။ ၎င်းတိုက်ခန်းများကို ၅နှစ်၊ ၈နှစ်၊ ၁ဝနှစ်၊ ၁၅နှစ် အရစ်ကျဖြင့် ဝယ်ယူခွင့်ရရှိမည် ဖြစ်ကာ တန်ဖိုးနည်းတိုက်ခန်းဈေးမှာ ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၃ဝ ဝန်း ကျင်နှင့် တန်ဖိုးသင့် တိုက်ခန်းများမှာ ကျပ် သိန်း ၃ဝဝမှ ကျပ်သိန်း ၅ဝဝ၊ ကျပ်သိန်း ၆ဝဝ အထိဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ပုဂ္ဂလိက တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာများကို ပုဂ္ဂလိက ဘဏ်များဖြင့် ချိတ်ဆက်၍ ၁၅နှစ်အထိ အရစ်ကျစနစ်ဖြင့် ရောင်းချမှုများ ဆက်တိုက် ပြုလုပ်ခဲ့သော်လည်း ဝယ်ယူသူနည်းပါး လျက်ရှိကြောင်း သိရသည်။ ရောင်းချပေးမည့် တန်ဖိုးနည်း၊ တန်ဖိုး သင့် အိမ်ရာများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာ အိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇန အိမ်ရာ အပိုင်း(၁)နှင့်(၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ် ရှိ ရွှေပေါက်ကံအိမ်ရာတို့မှ တိုက်ခန်းများ ဖြစ်သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service