ဟိုတယ်လုပ်ငန်းအားလုံးက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရဲ့လား

ဟိုတယ်လုပ်ငန်းအားလုံးက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရဲ့လား - Property News in Myanmar from iMyanmarHouse.com
6 Apr 2018 11:03 am တွင် တင်ခဲ့သည်
4300 ကြိမ် ကြည့်ရှု့ပြီး
တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပွင့်လင်းမြင်သာရှိလာတာနဲ့အမျှ ကျွဲကူးရေပါဆိုသလို ခရီးသွားလုပ်ငန်းလည်း တိုးတက်ကောင်းမွန်လာပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ဟိုတယ်တွေရဲ့ အခန်းကဏ္ဍကလည်း အိပ်ပျော်နေရာကနေ တစ်ဖန်နိုးထ အသက်ဝင်လှုပ်ရှားလာခဲ့တာ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁,၆၀ဝ နီးပါးရှိနေပါပြီ။

အတိအကျဆိုရရင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁ç၅၉၀ မှာ အခန်းပေါင်း ၆၉,၃၇၈ ခန်း ရှိပါတယ်။ ဒီပမာဏက လက်ရှိဝင်ရောက်နေတဲ့ နိုင်ငံခြားသား ခရီးသွားများကို ဝန်ဆောင်မှုပေးနိုင်တဲ့ အခန်းအရေအတွက်ထက် သာလွန်နေပါတယ်။

ဟိုတယ်အများစုက နိုင်ငံခြားသားခရီးသွားအလာများတဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံလို နေရာမျိုးကနေ မြန်မာပြည်မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ခရီးအသွားနည်းတဲ့ နေရာဒေသတွေအထိ ရှိနေပြီဖြစ်ပါတယ်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက တိုက်ရိုက်ပတ်သက်နေတဲ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမှာ ဟိုတယ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။ ယခုနှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ မြန်မာနိုင်ငံက ဟိုတယ်ငါးလုံးက အာဆီယံအစိမ်းရောင်ဟိုတယ်ဆု (ASEAN Green Hotel Awards) လက်ခံရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်အရေအတွက်နဲ့စာရင် အစိမ်းရောင်ဟိုတယ်ဆုရတဲ့ ဟိုတယ်နည်းနေတဲ့အပြင် ဆုရခဲ့တဲ့ ဟိုတယ်တွေထဲမှာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ဟိုတယ်တွေတစ်ခုမှ မပါဝင်တာ တွေ့ရပါတယ်။ နှစ်စဉ် မြန်မာနိုင်ငံက အာဆီယံ အစိမ်းရောင်ဟိုတယ်ဆု ရရှိတဲ့ ဟိုတယ်အရေအတွက်ဟာ ၁၀ လုံးထက် မပိုဘူးလို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁,၆၀ဝ နီးပါးရှိပေမဲ့ အာဆီယံ သတ်မှတ်ချက်စံနှုန်းအရ ဆုရတဲ့ ဟိုတယ်က နှစ်စဉ် ၁၀ လုံးထက် မပိုတာကြောင့် ကျန်တဲ့ ဟိုတယ်တွေက သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အာဆီယံအစိမ်းရောင် ဟိုတယ်ဆုအတွက် အဓိကကျတဲ့ သတ်မှတ်ချက်စံနှုန်းနဲ့ လိုအပ်ချက် ၁၁ ချက်ရှိတဲ့အနက် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းလည်း ပါဝင်ပါတယ်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ထမ်းများကို အခါအားလျော်စွာ သင်တန်း ပို့ချပေးခြင်း၊ စွန့်ပစ်အညစ်အကြေးကို ပြန်လည်သန့်စင် အသုံးပြုခြင်း၊ စက်ကိရိယာများ အသုံးပြု၍ ရေထုအဆိပ်အတောက်ဖြစ်စေမည့် အရာများမှ ကာကွယ်ခြင်းနှင့် အညစ်အကြေးထုတ်လွှင့်မှု လျော့ချခြင်း၊ စွမ်းအင် ချွေတာသုံးစွဲခြင်း၊ ဓာတ်ငွေနှင့် အဆိပ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများယိုစိမ့်မှု မရှိစေရန် သိုလှောင်ကန်တွေ ပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းစတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဟိုတယ်တွေရဲ့ စွန့်ပစ်ပစ္စည်းနဲ့ ရေဆိုးထုတ်လွှင့်မှုကို စောင့်ကြည့်လေ့လာနေခြင်း မရှိသေးတဲ့အတွက် ဟိုတယ်အားလုံးက ရေဆိုးသန့်စင်မှုစနစ်၊ သို့မဟုတ် စက်ကိရိယာ တပ်ဆင်အသုံးပြုခြင်း ရှိ၊ မရှိ ပြောဖို့ခက်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှုး ဦးမျိုးဝင်းညွန့်က ပြောပါတယ်။

"အဓိကတော့ ဝန်ဆောင်မှုအပိုင်းပဲစစ်တယ်။ ရေဆိုးမိလ္လာကို ပြန်စစ်ပေးတာတို့၊ ပြန်စစ်ပေးပါဆိုပြီး ညွှန်ကြားချက်လည်း မရှိဘူး။ အသေးစိတ်ကိုတော့ စည်ပင်က စစ်တယ်" လို့ သူက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးဒေသရှိ ရေဆိုးသန့်စင်စနစ် တပ်ဆင်ထားခြင်း မရှိတဲ့ ဟိုတယ်၊ တည်းခိုရိပ်သာနဲ့ တည်းခိုခန်းတွေကို အမြန်ဆုံးတပ်ဆင်အသုံးပြုရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မန္တလေးရုံးခွဲက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

တစ်ဆက်တည်းမှာပဲ ရေဆိုးစွန့်ပစ်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ချက် စည်းကမ်းများ လိုက်နာမှုမရှိတဲ့ ဟိုတယ်တွေကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာတာနဲ့အမျှ ဟိုတယ်တွေမှာ ရေဆိုးသန့်စင်တဲ့ စက်ကိရိယာ (သို့) စနစ် မဖြစ်မနေ လိုအပ်ပါတယ်။

နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနဲ့ဆက်စပ်ပြီး ဝင်ရောက်လာတဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ဒီစနစ် ပါဝင်လေ့ရှိပေမဲ့ နိုင်ငံသားပိုင် အသေးစားနှင့် အလက်စား ဟိုတယ်လုပ်ငန်းအများစုကတော့ ထိုစနစ်နဲ့ အလှမ်းကွာဝေးနေပါသေးတယ်။

ရေဆိုးသန့်စင်စက် တစ်လုံးကို အနည်းဆုံး ကျပ်သိန်း ၅၀ မှ ၃၀ဝ အထိရှိပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ သန့်စင်ပေးနိုင်တဲ့ ရေဆိုးသန့်စင်စနစ်တပ်မယ်ဆိုရင် သက်ဆိုင်ရာ ဟိုတယ်အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်ရှိနိုင်ပါတယ်။ ဟိုတယ်တစ်ခု မတည်ဆောက်ခင် စွန့်ပစ်အညစ်အကြေးတွေကို ဘယ်လိုစီမံခန့်ခွဲ စွန့်ပစ်ပါမယ်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု စီမံကိန်း (EMP) ရေးဆွဲပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို တင်ပြရပါတယ်။

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဟိုတယ်လုပ်ငန်းကိုသာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ထောက်ခံချက်ထုတ်ပေးမှာ ဖြစ်ပါ တယ်။ ထိုထောက်ခံချက်ပါမှ ဟိုတယ်နှင့် ခရီးဝန်းကြီးဌာနကို ဟိုတယ် ဆောက်လုပ်ခွင့်နဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို တင်ပြလာတဲ့ (EMP) အစီရင်ခံစာတွေကို သေချာစစ်ဆေးပြီးမှ ထောက်ခံချက် ထုတ်ပေးတယ်ဆိုပေမဲ့ ရေဆိုးသန့်စင်စနစ် မတပ်ဆင်ရသေးတဲ့ ဟိုတယ်တွေလည်း ရှိနေပါတယ်။

"မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလာတဲ့ ဟိုတယ်လုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ဆီ လာစမြဲပဲ။ ကျန်တဲ့ ဟိုတယ်တွေ အကုန်ရှိ၊ မရှိတော့ မသိနိုင်ဘူး" လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု စီမံကိန်းတစ်ခု အမှန်တကယ် ဆောင်ရွက်ရာမှာ သက်ဆိုင်ရာနေရာဒေသမှာ ကွင်းဆင်းလေ့လာပြီးနောက် အနည်းဆုံးသုံးလမှ အများဆုံး ခြောက်လခန့် အချိန်ယူ ရေးဆွဲရလေ့ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် (Myanmar Water Engineering and Products) ကုမ္ပဏီ၊ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်ဝင်းက ပြောပါတယ်။

"ဟိုတယ်တိုင်းမှာလည်း (EMP)နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ရေးရတယ်။ ရေးလာတဲ့ဟာကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ကြည့်ပေးရမယ်။ ပြီးရင် ဟိုတယ်လိုင်စင်လျှောက်တဲ့အခါ၊ လိုင်စင်သက်တမ်းတိုးတဲ့အခါ တကယ် လုပ်၊ မလုပ် ထိန်းချုပ်ပေါ့" လို့ သူက ပြောပြပါတယ်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနသည် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်၊ ခရီးသွားလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လိုင်စင်နဲ့ ခရီးသွားလာရေး ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် လေးမျိုးထုတ်ပေးလျက်ရှိပြီး ထိုလိုင်စင် အမျိုးအစားအားလုံးသည် နှစ်နှစ်တစ်ခါ သက်တမ်းတိုး ဆောင်ရွက်ရပါတယ်။

ထို့ပြင် အင်းလေးကဲ့သို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းသော ဒေသများမှာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ထောက်ခံချက်၊ ပုဂံကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထောက်ခံချက်၊ ကမ်းခြေဒေသများမှာ ကမ်းခြေဒေသရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ ထောက်ခံချက်တွေ လိုအပ်မှာဖြစ်ပြီး အခါအားလျော်စွာ ညွှန်ကြားချက်တွေကိုလည်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရဲ့ အဓိက စက်ယန္တရားဖြစ်တဲ့ ဟိုတယ်လုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်ရန် အရေးကြီးသလို ထိုဟိုတယ်လုပ်ငန်းများဟာ ခရီးသွားလုပ်ငန်းရဲ့ ပင်မရေသောက်မြစ်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်များနဲ့ သဟဇာတဖြစ်မဖြစ် စစ်ဆေးဆောင်ရွက်ရန်လည်း အရေးတကြီး လိုအပ်လှပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service