ဟိုတယ်မန္တလေးမြေနေရာအပါအဝင် မန်းစည်ပင်က ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် မြေငှားခနှုန်းများ ကာလပေါက်ဈေးနှင့် ကွာဟနေ

ဟိုတယ်မန္တလေးမြေနေရာအပါအဝင် မန်းစည်ပင်က ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် မြေငှားခနှုန်းများ ကာလပေါက်ဈေးနှင့် ကွာဟနေ - Property News in Myanmar from iMyanmarHouse.com
6 Apr 2018 10:02 am တွင် တင်ခဲ့သည်
4185 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ ဟိုတယ် မန္တလေးမြေနေရာ အပါအဝင် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသော မြေငှားရမ်းခနှုန်းထားများသည် ကာလပေါက်ဈေးနှင့် အလွန်ကွာဟ နေကြောင်း မန္တလေးတိုင်းဒေသ ကြီး တိုင်းစာရင်းစစ်ချုပ်က တိုင်းလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာ ငွေအရအသုံးစာရင်း စစ်ဆေး ချက်အစီရင်ခံစာတွင် ဖော်ပြထား သည်။

စည်ပင်သာယာက ပုဂ္ဂလိက သို့ နှစ်ရှည်မြေငှားရမ်းလုပ်ကိုင် ခွင့်ပေးထားသည့် ဟိုတယ်မန္တလေးအဆောက်အအုံမြေနေရာ၊ နဒီမြန်မာဟိုတယ်အဆောက်အ အုံမြေနေရာနှင့် မန္တလေးစီးတီး ဟိုတယ်မြေနေရာတို့သည် တစ်နှစ်ငှားရမ်းခ ကျပ်သိန်းဂဏန်း သာရှိပြီး ကာလပေါက်ဈေးနှင့် အလွန်ကွာဟနေကြောင်း
စာရင်း စစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြ သည်။

အဆိုပါမြေနေရာငှားရမ်း ခြင်းများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု ချက်၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး သဘောထားမှတ်ချက်၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့၏ သဘော ထားမှတ်ချက်၊ စီးပွားရေးကော် မတီမှတစ်ဆင့် ပြည်ထောင်စုအ စိုးရအဖွဲ့ ခွင့်ပြုချက်ရယူထားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကော်မတီ အတွင်းရေးမှူး၊ တံတားဦးမြို့နယ် အမှတ်(၂)တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ် တော်တွင် ဆွေးနွေးရာ၌ပြောကြားသည်။

‘‘ဒါတွေကို လေ့လာသုံးသပ် လိုက်ရင် လုပ်ထုံးလုပ်နည်းများနဲ့ စနစ်တကျမဆောင်ရွက်ဘဲ ဆိုင်ရာ၊ ပိုင်ရာများဖြင့် မိမိတို့သဘော အတိုင်း လုပ်ဆောင်ခဲ့တာကို စစ်ဆေးတွေ့ရှိခြင်းအပြင် အဆောက်အအုံငှားရမ်းခများသည် ကာလပေါက်ဈေးနှင့် လုံးဝဆီ လျော်ခြင်းမရှိခြင်းကြောင့် တိုင်း ပြည်ဝင်ငွေအမှန်ရရှိရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန် ရှိသူတွေကနေ စနစ်တကျ ကြပ် မတ်ဆောင်ရွက်သင့်ပါတယ်’’ဟု ဦးဝဏ္ဏအောင်က အကြံပြုဆွေး နွေးသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စည်ပင်သာယာပိုင် မြေ ၁ ဒသမ ၆၅ ဧကကို အထပ်ကိုးထပ်ပါ ဟိုတယ်နှင့် လေးထပ်အမြင့် ဆိုင်ခန်းဆောက်လုပ်ရန် အေကေဆောက်လုပ်ရေး ကုမ္ပဏီသို့ ၁၉၉၆ မှ ၂၀၂၆ အထိနှစ် ၃၀ စာချုပ်ချုပ် ဆိုကာ တစ်နှစ်လျှင် ငှားရမ်းခ ကျပ် ၂၂ သိန်းရှစ်သောင်းတစ်ထောင်ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ထို့ပြင် ၆၂ လမ်း၊ ၃၆ လမ်း နှင့် ၃၇ လမ်းရှိ မြေ ၁ ဒသမ၆၃၆ ဧကပေါ်ရှိ နဒီမြန်မာဟိုတယ်ကို ဟိုတယ်လုပ်ငန်းဆောင်ရွက်နိုင်ရန် ၂၀၀၇ မှ ၂၀၂၂ ထိ ဆယ်နှစ်ကာလငှားရမ်းခဲ့ပြီး ပထမငါးနှစ်အတွက် ငှားရမ်းခ တစ်နှစ်လျှင် ကျပ် လေးဆယ့်နှစ်သိန်းဖြစ်ရာ အဆိုပါငှားရမ်းခများသည် ခေတ်ကာလပေါက်ဈေးနှင့် အလွန်လျော့နည်းနေသည်ဟု ဦးဝဏ္ဏအောင်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service