နိုင်ငံခြားအာမခံကုမ္ပဏီများ အသက်အာမခံလုပ်ငန်းလိုင်စင် လျှောက်ပါက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပြုမည်

နိုင်ငံခြားအာမခံကုမ္ပဏီများ အသက်အာမခံလုပ်ငန်းလိုင်စင် လျှောက်ပါက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
5 Apr 2018 10:33 am တွင် တင်ခဲ့သည်
4256 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားအာမခံကုမ္ပဏီများ အသက်အာမခံ လုပ်ငန်းလိုင်စင်လျှောက်ထားပါက ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အာမခံလိုင်စင်များချပေးရာ၌ အသက်အာမခံလုပ်ငန်းနှင့် အထွေထွေအာမခံလုပ်ငန်းဟူ၍ နှစ်မျိုးရှိကြောင်း၊ အထွေထွေအာမခံလုပ်ငန်း လုပ်ချင်သည့် နိုင်ငံခြားကုမ္ပဏီအနေနှင့် ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နိုင်ပြီး ကုမ္ပဏီ ဥပဒေအရ ၃၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ဘာဖြစ်လို့ အသက်အာမခံကို ရာနှုန်းပြည့်ပေးဖို့ စဉ်းစားရတာလဲဆိုရင် ပြည်တွင်းဈေးကွက်မှာ လူ့အသက်ထက် ပစ္စည်းတွေကို အာမခံထားတာများတယ်။ အထွေထွေကိုပေးလိုက်ရင် ပြည်တွင်းကုမ္ပဏီတွေလည်း ဈေးကွက်မယှဉ်နိုင်ဘူးဖြစ်မယ်။ အသက်အာမခံတို့၊ ကျန်းမာရေးအာမခံတို့က လူစိတ်ဝင်စားမှု နည်းနေတဲ့အတွက် သူတို့ရဲ့နည်းပညာနဲ့ဆွဲဆောင်ပြီး ပိုကောင်းလာစေဖို့ စီစဉ်ထားတာပါ”ဟု ၎င်းက ရှင်းပြသည်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ လာရောက်လျှောက်ထားသည့် နိုင်ငံခြားအာမခံကုမ္ပဏီ ၂၄ ခုရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် အမေရိကတို့မှ ကုမ္ပဏီများဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်ကတည်းက အစိုးရထံ လျှောက်လွှာတင်ထားခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံခြားအာမခံကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သောကြောင့် ပြည်တွင်းကုမ္ပဏီများကိုလည်း အာမခံ အမျိုးအစားအသစ်များ ရောင်းချခွင့် တဖြည်းဖြည်းချပေးထားပြီး နောက်ပိုင်းတွင်လည်း ကျန်ရှိသည့် အာမခံအမျိုးအစား ၁၄ မျိုးကို လုပ်ကိုင်ခွင့်ပေးမည်ဟု ကြားသိရကြောင်း ဂလိုဘယ်ဝေါလ် အာမခံကုမ္ပဏီ၏ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောကြားသည်။

“အထွေထွေအာမခံ လုပ်ငန်းလိုင်စင်လုပ်တဲ့ ကုမ္ပဏီက ပြည်တွင်းမှာ ခုနစ်ခုပဲ ရှိတယ်။ ကုမ္ပဏီသက်တမ်းတွေလည်း နုသေးတဲ့အတွက် နိုင်ငံခြားတွေကို မယှဉ်နိုင်ဘူး။ တွဲပြီးလုပ်ရမယ်ဆိုရင် အနည်းဆုံးတော့ လုပ်ငန်းရှင်တွေအတွက် နည်းပညာ အကူအညီရတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုက အာမခံဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ငန်းအားလုံးမှ နှစ်စဉ်ရရှိသည့် ပရီမီယံကြေးမှာ ကျပ် ၁၁၄ ဒသမ ၃ ဘီလီယံရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service