ပုဂံယဉ်ကျေးမှုနယ်နိမိတ်ထဲက အငြင်းပွားဖွယ် ဟိုတယ်စီမံကိန်း

ပုဂံယဉ်ကျေးမှုနယ်နိမိတ်ထဲက အငြင်းပွားဖွယ် ဟိုတယ်စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
4 Apr 2018 12:15 pm တွင် တင်ခဲ့သည်
4560 ကြိမ် ကြည့်ရှု့ပြီး
ပုဂံဒေသကို ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းပြီး နှစ်လအကြာ ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်းရှိ အဆောက်အအုံတည်ဆောက်ခွင့် မရှိသည့်နေရာ၌ မန္တလေးတိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ဖြင့် အခန်း ၃ဝဝ ကျော်ပါဝင်သည့် ဟိုတယ်စီမံကိန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အခန်း ၃၄၈ ခန်းပါဝင်သော ဟိုတယ်ဆောက်လုပ်မည့် စီမံကိန်းနေရာသည် ပုဂံဒေသရှိ စေတနာကြီးဘုရားနှင့် ကျောင်းကြီးညီမဘုရားအနီး ကျောက်စကားမြို့ဟောင်းနေရာပေါ်တွင်တည်ရှိသောကြောင့် ဒေသခံများအပါအဝင် ယူနက်စကို၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှေးဟောင်းသုတေသနအဖွဲ့အစည်းများက ဝိုင်းဝန်းကန့်ကွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ 'ဟိုတယ်စီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်ပါက ကန့်ကွက်ရန်မရှိ' ထောက်ခံချက်ဖြင့် မြတ်မင်းကုမ္ပဏီသည် မြေ ၂၄ ဒသမ ၂၅ ဧကပေါ်တွင် ဟိုတယ်စီမံကိန်း ဆောင်ရွက်နေခြင်းဖြစ်သည်။

''ဝန်ကြီးဌာနက ခွင့်မပြုဘူး။ တရားဝင်စာထုတ်ပြီး ဆက်မလုပ်ဖို့ တားမြစ်ထားတယ်။ တားမြစ်ထားတဲ့ကြားက ဆက်လုပ်နေရင် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ တရားစွဲခံရမယ်''ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

နှစ်ပေါင်း ၁,ဝဝဝ နီးပါး သက်တမ်းရှိသည့် ထောင်ပေါင်းများစွာသော ရှေးဟောင်းဘုရားပုထိုးများကို ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ မြန်မာအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းအစိုးရ သဘောတူညီချက်ဖြင့် အမွေအနှစ်များ စီမံခန့်ခွဲရေး အဆိုပြုလွှာကို ယူနက်စကိုသို့ ယခုနှစ်အစောပိုင်းက နောက်ဆုံးတင်သွင်းခဲ့သည်။

အဆိုပါ အမွေအနှစ်များ စီမံခန့်ခွဲရေး အဆိုပြုလွှာအရ ပုဂံဒေသနှင့် သက်ဆိုင်သောဒေသခံများ၏ လယ်ယာမြေအသုံးချမှု၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရှေးဟောင်းအမွေအနှစ်များနှင့် ခရီးသွားလုပ်ငန်း စသည့်ကိစ္စရပ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲပါမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောတူရသည်။

ထိုအဆိုပြုလွှာတွင်ပါဝင်သည့် ပုဂံယဉ်ကျေးမှုဒေသ၏ ရှေးဟောင်းဧရိယာနယ်နိမိတ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အသစ်ပြန်လည် သတ်မှတ်ရေးဆွဲခဲ့သည်။ ထိုရေးဆွဲထားသည့် ရှေးဟောင်းဇုန်တွင် မြို့မြေ၊ ရွာမြေနှင့် မြို့မဟုတ်၊ ရွာမဟုတ်သည့် လွတ်လပ်မြေဟူ၍ မြေအမျိုးအစားသုံးမျိုးရှိသည်။

မြို့နှင့်ရွာ မြေအမျိုးစားနှစ်ခုတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် လိုက်လျောညီထွေရှိသော ယူနက်စကို၏ သတ်မှတ်ချက်စံနှုန်းများအတိုင်း လူနေအိမ်များ ဆောက်လုပ်ခွင့်ရှိပြီး လွတ်လပ်မြေအမျိုးအစားတွင် အလွယ်တကူဖြိုဖျက်၍ မလွယ်သောအဆောက်အအုံများ ဆောက်လုပ်ခွင့်မရှိပေ။

မန္တလေးတိုင်းဒေသကြီးအစိုးရက မြတ်မင်းကုမ္ပဏီကို ခွင့်ပြုပေးထားသော မြေနေရာသည် အလွယ်တကူဖြိုဖျက်၍ မလွယ်သော အဆောက်အအုံများ ဆောက်ခွင့်မရှိသည့် လွတ်လပ်မြေအမျိုးအစားဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကို အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောသည်။

''အဲဒီနေရာတွေမှာ ဘာမှပေးမဆောက်ဘူး။ ယူနက်စကိုကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းလိုက်ပြီဆိုကတည်းက နိုင်ငံနဲ့လူမျိုးကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒါကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ကတိကဝတ်ပြုထားပြီးသားဖြစ်တယ်''ဟု သူက ပြောသည်။

၁၉၉ဝ ပြည့်နှစ်နောက်ပိုင်း စီမံခန့်ခွဲမှုအမှားများကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပေါ်ပေါက်ခဲ့သော ဟိုတယ်နှင့် ခေတ်မီအဆောက်အအုံများကို အမွေအနှစ်များနှင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားရေး အဖြေရှာနေဆဲအချိန်တွင် ဟိုတယ်စီမံကိန်းအသစ် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူနက်စကိုအကြံပြုချက်အရ ရှေးဟောင်းသုတေသနဌာန၏ ပြောင်းရွှေ့ပေးရမည့် ဟိုတယ်လျာထားစာရင်းတွင် ဆောက်လက်စ အေဒင်လုပ်ငန်းစုပိုင် ဟေလ်တန်ပုဂံဟိုတယ်၊ ဧရာဟိုတယ် (Ayar River View Hotel)၊ ဟိုတယ်သရပါဂိတ်၊ သီရိပစ္စယာဆန်ကျူရီဟိုတယ်၊ အမေးဇင်းဟိုတယ်၊ အော်ရီယမ်ပဲလေ့စ်နှင့် ပုဂံသံတဲဟိုတယ် စသည့်ဟိုတယ်ကြီးများ ပါဝင်သည်။

ပြောင်းရွှေ့ပေးရမည့် ဟိုတယ်များ၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ဆွေးနွေးမှုများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ တိကျသေချာသည့် ဆုံးဖြတ်ချက်တစ်စုံတရာ မထုတ်ပြန်နိုင်သေးပေ။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြတ်မင်းကုမ္ပဏီကဲ့သို့ စီမံခန့်ခွဲမှုအမှားများ ထပ်မံမပေါ်ပေါက်လာစေရန် တခြားသောလုပ်ငန်းရှင်များအတွက် စံနမူနာဖြစ်စေရန် ထိထိရောက်ရောက် တားမြစ်သွားမည်ဟု ဦးကိုကိုနိုင်က ပြောသည်။

''သူ့ကိုလွှတ်ပေးလိုက်ရင် နောက်ထပ်ဒါမျိုးတွေ အများကြီးဖြစ်လာနိုင်တယ်။ လက်ရှိမှာလည်း ဇုန်အတွင်းမြေဝယ်ထားတဲ့ သူဌေးတွေရှိနေတာပဲ။ ဇုန်ထဲမှာတော့ ခွင့်မပြုနိုင်ဘူး။ ဇုန်အပြင်ဘက်မှာပဲ ဆောင်ရွက်ခွင့်ရှိတယ်''ဟု သူကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန မူဝါဒအရ မည့်သည့်ဟိုတယ်လုပ်ငန်းမဆို ဝန်ကြီးဌာန၏ ဟိုတယ်ဆောက်လုပ်ခွင့်ပါရှိမှ တည်ဆောက်ခွင့်ရှိသည်။ ထိုဆောက်လုပ်ခွင့် လျှောက်ထားရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိရသည်။

အထူးသဖြင့် ပုဂံနှင့် အင်းလေး ဒေသကဲ့သို့ နေရာများ၌ ဟိုတယ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ရှေးဟောင်းသုတေသဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနထောက်ခံချက် အထူးလိုအပ်သည်။

မြတ်မင်းကုမ္ပဏီသည် ပုဂံယဉ်ကျေးမှုဒေသတွင် ဟိုတယ်စီမံကိန်းတည်ဆောက်ရာ၌ ရှေးဟောင်းသုတေသနဌာန ခွင့်ပြုချက်တောင်းခံထားခြင်းမရှိဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

''ပြီးခဲ့တဲ့နှစ်တွေက ပုဂံက ဖျက်ဆီးခံခဲ့ရတာ မြင်နေရတော့ ကမ္ဘာ့အမွေအနှစ်စာရင်းမဝင်ဘဲ ကျဆုံးမှာ ကြောက်တယ်။ ကမ္ဘာ့အမွေ အနှစ်စာရင်း ဝင်သွားခဲ့ရင် အခုထက်ပိုကောင်းတဲ့၊ စည်းကမ်းကျတဲ့ ထိန်းသိမ်းမှုလုပ်ငန်းတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်တယ်။ အဲဒါကြောင့် ပုဂံကို ထိခိုက်မယ့်အရာတွေကို စောင့်ကြည့်နေတယ်''ဟု ပုဂံယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင် ကိုနိုင်ထွန်းက ပြောသည်။

ရှေးဟောင်းသုတေသနဌာနက တင်သွင်းထားသည့် ပုဂံဒေသကမ္ဘာ့ အမွေအနှစ်ဝင်ရောက်ရေးအဆိုပြုလွှာကို ယူနက်စကိုပညာရှင်များက မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးရန် မကြာမီအချိန်အတွင်း လာရောက်ကြမည်ဖြစ်သည်။ စစ်ဆေးရာတွင် တရားဝင်အကြောင်းကြားပြီး လာရောက်မည့် အဖွဲ့ရှိသကဲ့သို့ အသိမပေးဘဲ တိတ်တဆိတ်လာရောက်မည့် ပညာရှင်များလည်း ရှိသည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာပြီးနောက် ဒုတိယအကြိမ်တင်သွင်းထားသည့် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ရောက်ရေး ကြိုးပမ်းချက်သည် တကယ်ပဲ အရာထင်မည်လား၊ ပထမအကြိမ်ကဲ့သို့ စီမံခန့်ခွဲမှုအမှားတွေကြောင့် လွဲချော်ရလေမည်လားဆိုသည်မှာ မကြာမီအဖြေသိရတော့မည်ဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service