လန်ဒန်၏ အထင်ကရ အထပ် ၂၀ မိုးမျှော်တိုက်ကြီးကို ဒူဘိုင်းကုမ္ပဏီက ဝယ်ယူလိုက်ပြီ

လန်ဒန်၏ အထင်ကရ အထပ် ၂၀ မိုးမျှော်တိုက်ကြီးကို ဒူဘိုင်းကုမ္ပဏီက ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
3 Apr 2018 12:12 pm တွင် တင်ခဲ့သည်
4555 ကြိမ် ကြည့်ရှု့ပြီး
ဒူဘိုင်းအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးတစ်ခုဖြစ်သော Al Gurg Group ၏ ကုမ္ပဏီခွဲတစ်ခုက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ အထင်ကရ အထပ် ၂၀ မိုးမျှော်တိုက်ကြီးကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Al Gurg Group ၏ ကုမ္ပဏီခွဲ Wolfe Asset Management က လန်ဒန်မြို့၊ ဘလက်ခ်ဖရိုင်ယာလမ်းပေါ်ရှိ အထပ် ၂၀ အဆောက်အအုံကြီးကို ပေါင် ၂၆၆ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃၅၇ ဒသမ ၁ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

ရောင်းချသူမှာ ဗြိတိန်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Great Portland Estate နှင့် BP Pension Fund တို့ ဖြစ်သည်။

အကျယ်အဝန်း စတုရန်းပေ ၂၂၆၂၇၁ ရှိသော အဆောက်အအုံကြီးတွင် လက်ရှိအားဖြင့် UBM၊ Boodle Hatfield၊ Ramboll နှင့် Lonely Planet Publications ကုမ္ပဏီများကို အငှားချထားလျက်ရှိသည်။

Wolfe Asset Management ၏ အထွေထွေမန်နေဂျာ အဗ္ဗဒူလာ အယ်လ် ဂတ်က ပြောကြားရာတွင် “ဘလက်ခ်ဖရိုင်ယာလမ်း၊ အမှတ် ၂၄၀ အဆောက်အအုံဟာ အထင်ကရအဆောက်အအုံဖြစ်ပြီး လန်ဒန်မှာ ချက်ချင်းမှတ်မိလွယ်တဲ့ ဒီဇိုင်းမျိုးရှိပါတယ်။

လန်ဒန်ရဲ့ ထင်ရှားတဲ့နေရာတွေမှာ အကောင်းဆုံးအဆင့်အတန်းရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတွေ ပိုင်ဆိုင်ဖို့ မဟာဗျူဟာချမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ မူနဲ့ကိုက်ညီတဲ့ အဆောက်အအုံတစ်ခုပါပဲ” ဟု ဆိုသည်။

“သိမ်းမြစ်ရဲ့ တောင်ဘက်ဟာ လန်ဒန်ရဲ့ သက်ဝင်လှုပ်ရှားမှုအရှိဆုံး၊ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ခရိုင်တွေ တည်ရှိတဲ့နေရာအဖြစ် သတ်မှတ်ထားကြတယ်။

ကမ္ဘာ့အဆင့် အနုပညာနဲ့ ကဇာတ်ရုံတွေ၊ ဟိုတယ်တွေ၊ ဇိမ်ခံတန်ဖိုးကြီးလူနေအဆောက်အအုံတွေ တည်ရှိတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်၏ အထင်ကရ အထပ် ၂၀ မိုးမျှော်တိုက်ကြီးကို ဒူဘိုင်းကုမ္ပဏီက ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်၏ အထင်ကရ အထပ် ၂၀ မိုးမျှော်တိုက်ကြီးကို ဒူဘိုင်းကုမ္ပဏီက ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်၏ အထင်ကရ အထပ် ၂၀ မိုးမျှော်တိုက်ကြီးကို ဒူဘိုင်းကုမ္ပဏီက ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service