နေပြည်တော်ရှိ သိမ်းဆည်း မြေလွတ်၊ မြေရိုင်းများ သင်္ကြန်မတိုင်ခင် စတင် စစ်ဆေးမည်

နေပြည်တော်ရှိ သိမ်းဆည်း မြေလွတ်၊ မြေရိုင်းများ သင်္ကြန်မတိုင်ခင် စတင် စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
3 Apr 2018 11:55 am တွင် တင်ခဲ့သည်
4438 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ယခင် စစ်အစိုးရ လက်ထက်က စတင်၍ သိမ်းဆည်းထားသော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက သုံးသောင်းခန့်ကို လုပ်ငန်းရှင်များက လျှောက်ထား ရယူခဲ့ရာ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင် ခြင်းရှိ မရှိ သင်္ကြန်ကာလ မတိုင်ခင် စတင်စစ်ဆေး သွားမည်ဟု သတင်း ရရှိသည်။

ယင်းမြေ ဧက သုံးသောင်းခန့်တွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဟုဆိုကာ လျှောက်ထား ရယူခဲ့ခြင်း ဖြစ် ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက်ဘေး ဒက္ခိဏ သီရိ မြို့နယ် အတွင်း သရက် ဇုန် (၁) နှင့် (၂) ရှိ မြေဧက ၈၀၀၀ ခန့်လည်း ပါဝင်ကြောင်း သိရသည်။

ထိုမြေများကို စစ်ဆေးရန် အတွက် နေပြည်တော် ကောင်စီနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး အထူး အဖွဲ့ ၂ ဖွဲ့ ကို မတ်လ ၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကွင်းဆင်း စစ်ဆေးရေး အထူးအဖွဲ့တွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောပြသည်။

ယင်းအဖွဲ့ တဖွဲ့တွင် အဖွဲ့ဝင် ၆ ဦး ပါဝင်မည်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ဖွဲ့စည်း ထားသည်ဟုလည်း ဆိုသည်။

“သင်္ကြန် မတိုင်ခင် ဥတ္တရ ခရိုင်ဘက်က စစစ်မယ်၊ ပြီးရင် ဒက္ခိဏ ခရိုင် ပြီးရင် မြို့နယ် ရှစ်မြို့နယ် စလုံးကို အကုန်စစ် မယ်။ ဘယ်သူ စိုက်ထားတယ်၊ မစိုက်ဘူး ဆိုတာတော့ အကြမ်းဖျင်း သိထားတယ်၊ သိမ်းဆည်းလို့ ရမယ့် မြေကွက် တွေ ကို ဦးစားပေးပြီး စစ်သွားမယ်”ဟုလည်း ဦးမောင်မောင်ဆွေက ပြောသည်။

အထူးအဖွဲ့ ၂ဖွဲ့သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ငှားရမ်းလုပ်ကိုင်ခွင့် ရယူထားသည်များကို အမှန်တကယ် လုပ်ကိုင်ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံမှတ်တမ်း အထောက်အထားများနှင့် အတူ နေပြည်တော် ကောင်စီနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့ထံ တင်ပြရမည် ဖြစ်ကြောင်း သိရ သည်။

စည်းကမ်း သတ်မှတ်ချက်အရ စတင်ငှားရမ်းချိန်မှ လေးနှစ်ပြည့်ချိန် အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်မှု မရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြန်လည် သိမ်းဆည်းခြင်း၊ အမိန့်ပြင်ဆင်ချက် ထုတ်ပေး ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ရှင်းပြသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း ပုံစံ(၁) နှင့် လယ်ယာ၊ ဥယျာဉ် ခြံမြေ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လျှောက်ထား၍ နှစ်ရှည် စီမံကိန်းအဖြစ် နှစ် ၃၀ အထိ ငှားရမ်း လုပ်ကိုင်နိုင်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်ခန့်မှ စပြီး နေပြည်တော် ကောင်စီမှ သရက်ဇုန် စီမံကိန်း၊ ကြက်ဆူ စီမံကိန်း အစရှိသည့် စီမံကိန်း အသစ် လုပ်ငန်းများ ဖော်ဆောင်ရန်အတွက်ဟု ခေါင်းစဉ်တပ်၍ မြေယာသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပျဉ်းမနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က “မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို ပြန်လျှောက် ရင် နေပြည်တော် ကောင်စီရုံးမှာ တိုက်ရိုက် ပြန်လျှောက်ရတယ်။ သိမ်းတာရော၊ ပြန်ချပေးတာရော ကောင်စီကပဲ ကိုင်တာ”ဟု ရှင်းပြသည်။

ယခု ပြန်လည် စစ်ဆေးရမည့် ဧက သုံးသောင်းခန့်သည် ယခင်အစိုးရ လက်ထက်များတွင် တောင်သူများက မြေလွတ်၊ မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ တောင်ယာ စိုက်ပျိုး လုပ်ကိုင်နေမှုကို သိမ်းဆည်းခဲ့သည့် မြေကွက်များ ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ဒက္ခိဏ သီရိ မြို့နယ်က သရက်ဇုန် (၁) နှင့် (၂) ရှိ မြေဧက ၈၀၀၀ ခန့်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရမတက်ခင် လပိုင်းအလိုက လုပ်ပိုင်ခွင့်များ ချပေးခဲ့သဖြင့် ထိုမြေကွက်များ၏ မူလ တောင်သူ များက ကျေနပ်မှု မရှိ၍ မြေယာ ပြဿနာများမှာ ယခုအထိ ရှင်းနေရကြောင်း ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ပြောသည်။

ဦးသန့်ဇင်ထွန်းက “ အဓိက မြေကိုယူထားပြီး အကောင်အထည် မဖော်တဲ့အခါ နိုင်ငံတော်လည်း နစ်နာတယ်၊ မြေသိမ်း ခံလိုက်ရတဲ့ ဒေသခံတွေ၊ တောတိုး ခုတ်ထွင် ရှင်းလင်းထားတဲ့ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရော၊ ဝင်ငွေ ပါ အများကြီး ထိခိုက်တာပေါ့” ဟုလည်း ဆိုသည်။

ရွေးကောက်ပွဲကာလ ကတည်းက NLD အနိုင်ရရှိ၍ အစိုးရဖြစ်ခဲ့ပါက တောင်သူများထံမှ သိမ်းဆည်းခဲ့သည့် လယ်ယာ မြေ များအား တောင်သူများ ပြန်လည် ရရှိရန် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ သည်။

ဒက္ခိဏ သီရိမြို့နယ် အတွင်းမှ မြေယာ သိမ်းဆည်းခံ တောင်သူ ဦးသန်းထွန်းအောင်က “၂၀၁၀ တုန်းက ၈ ဧက အသိမ်းခံရတယ်။ မြေဆုံးရှုံးတာ မြေပဲ ပြန်ရချင်တယ်၊ လျော်ကြေးလည်း မလိုချင်ဘူး၊ သူတို့လည်း ဒီမြေအပေါ်မှာ ဘာမှ လုပ်တာ မဟုတ်ဘူး၊ ဆေးရုံ ဆောက်တယ်၊ ကျောင်းဆောက်တယ် ဆိုရင် လက်ခံပါတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ မြေယာကိစ္စများကို သင်္ကြန်ကာလ မတိုင်ခင် စတင်ပြီး သင်္ကြန်ပြီးကာလမှ ဆက်တိုက် ဆောင်ရွက် သွားမည်ဖြစ်ကာ အဋ္ဌမ အကြိမ်မြောက် လွှတ်တော် ပြန်စလျှင် အဆိုပါ မြေယာ ကိစ္စများကို အပြီးသတ်နိုင်ရေး ဆောင်ရွက်ရန် လျာထားကြောင်း ဦးမောင်မောင်ဆွေက ပြောဆိုသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service