အမျိုးသားအဆင့် အိမ်ခြံမြေသင်တန်းကျောင်း တည်ထောင်ရန် ကမ္ဘောဒီးယား ဆောင်ရွက်နေ

အမျိုးသားအဆင့် အိမ်ခြံမြေသင်တန်းကျောင်း တည်ထောင်ရန် ကမ္ဘောဒီးယား ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
3 Apr 2018 11:30 am တွင် တင်ခဲ့သည်
4475 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားအိမ်ခြံမြေလုပ်ငန်းအဖွဲ့အစည်းသည် အိမ်ခြံမြေအကျိုးဆောင်များနှင့် ရာပြတ်များအတွက် နိုင်ငံ့ပထမဆုံးသော အမျိုးသားအဆင့် အိမ်ခြံမြေ
သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းကို တည်ထောင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားရာပြတ်များနှင့် အိမ်ခြံမြေအကျိုးဆောင်များ အသင်း (CVEA) သည် လူ့စွမ်းအားအရင်းအမြစ်များနှင့် ကမ္ဘောဒီးယားဆောက်လုပ်ရေးနှင့်
အိမ်ခြံမြေလုပ်ငန်းကဏ္ဍ အားကောင်း၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရေး ပံ့ပိုးရန် ရည်ရွယ်၍ သင်တန်းကျောင်းတစ်ခုကို ယခုနှစ်မကုန်မီ ဖွင့်လှစ်မည်ဖြစ်ကြောင်း CVEA ဥက္ကဋ္ဌ ကင်ဟန်းက ပြောကြားခဲ့သည်။

သင်ရိုးညွှန်းတမ်းများအား စင်္ကာပူ၊ ထိုင်းနှင့် မလေးရှားတို့ရှိ အလားတူကျောင်းများမှ သင်ရိုးညွှန်းတမ်းများနှင့်အညီ ပြဋ္ဌာန်းမည်ဖြစ်ပြီး ကျောင်း၏ ဆရာဆရာမ
အင်အားတွင် ထက်ဝက်ကို ပြည်ပမှ ငှားရမ်းဖြစ်ကာ ကျန်ထက်ဝက်ကို ပြည်တွင်းပြည်ပအသိအမှတ်ပြုလက်မှတ်ရ နိုင်ငံသားဆရာဆရာများဖြင့် အင်အားဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေအကျိုးဆောင်များအတွက် သင်တန်းများသည် နာရီပေါင်း ၁၅၀ ကြာမြင့်မည်ဖြစ်ကာ ရာပြတ်များအတွက် သင်တန်းများသည် နာရီပေါင်း ၁၈၀
ကြာမြင့်မည်ဖြစ်သည်။

CVEA သည် သင်တန်းကျောင်းတည်ထောင်ရန်အတွက် ငွေကြေးပံ့ပိုးမှုရရှိရန် ကုမ္ပဏီပေါင်း ၂၀ ထက်မနည်းနှင့် ချိတ်ဆက်ထားပြီးဖြစ်သော်လည်း ထပ်မံ
လိုအပ်နေသေးသည်။ "ကျွန်တော်တို့ ဒီကျောင်းကို မလေးရှားနည်းပညာတက္ကသိုလ်၊ ကမ္ဘောဒီးယားစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကမ္ဘောဒီးယားပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဖွင့်လှစ်ဖို့ အမေရိကန်ဒေါ်လာ ၂ သိန်းလောက် လိုအပ်ပါတယ်" ဟု ဟန်းက ပြောကြားခဲ့သည်။

ယင်းအစီအစဉ်သည် ကမ္ဘောဒီးယားအိမ်ခြံမြေလုပ်ငန်းကို ကျွမ်းကျင်ပညာရှင်အဝန်းအဝိုင်းဖြစ်စေရန် လုပ်ဆောင်နေဆဲ ကြိုးပမ်းအားထုတ်မှုများအနက်
တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကမ္ဘောဒီးယားတွင် မှတ်ပုံတင်ထားသော အိမ်ခြံမြေအကျိုးဆောင် ၁၅၀ ဦးဝန်းကျင် ရှိသော်လည်း မှတ်ပုံမတင်ဘဲ
လုပ်ငန်းဆောင်ရွက်နေသူက ပိုမိုများပြားကြောင်း Century 21 Fortuna Investment အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"အဆင့်မြင့်သင်တန်းကျောင်းတစ်ခုတည်ထောင်ခြင်းကြောင့် ကမ္ဘောဒီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာကာ အိမ်ခြံမြေလုပ်ငန်းကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်" ဟု ကမ္ဘောဒီးယားစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီဌာနလက်အောက်ရှိ အိမ်ခြံမြေနှင့်အပေါင်ဆိုင်များဌာန ဒုတိယညွှန်ကြားရေးမှူး ချန်နီမိုးလ်က ၎င်းသင်တန်းကျောင်းတည်ထောင်မည့်သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service