တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများကို စည်းကမ်းချက်နှင့် ညီ၊ မညီစိစစ်ပြီး ထပ်မံရောင်းချမည်

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများကို စည်းကမ်းချက်နှင့် ညီ၊ မညီစိစစ်ပြီး ထပ်မံရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
3 Apr 2018 11:12 am တွင် တင်ခဲ့သည်
4498 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့်တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူများကို စည်း ကမ်းချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိထပ်မံစိစစ်ရွေးချယ်ပြီးမှသာ ရောင်းချမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာရောင်းချရေး ကော်မတီဝင် ဦးညီညီက ပြောကြားသည်။

‘‘လျှောက်လွှာဖောင်တွေကို ခရိုင်လေးခရိုင်အလိုက် ပြန်လည် စုစည်းနေပြီ။ ပြီးရင်တော့ ဘယ် သူ့ကိုပေးသင့်တယ်၊ မပေးသင့် ဘူးဆိုတာ စည်းကမ်းသတ်မှတ် ချက်တွေနဲ့ ကိုက်ညီခြင်းရှိ၊ မရှိ ထပ်မံစိစစ်ရွေးထုတ်သွားမယ်။ စည်းကမ်းချက်နဲ့ ကိုက်ညီသူတွေ ကိုပဲ ရောင်းချသွားမယ်’’ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၁၅ ရက်အထိ လျှောက်လွှာများ မူလက သတ်မှတ်လက်ခံခဲ့သော်လည်း ၀ယ်ယူမည့်သူများကျန်ရှိခြင်းကြောင့် မတ်လ ၃၀ ရက်အထိ လျှောက်ထားနိုင်ကြောင်း သက်တမ်းတိုးမြှင့်ခဲ့သည်။

ယခုစိစစ်မှုများ ပြုလုပ်ပြီးပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို လျှောက်လွှာများထပ်မံရောင်းချပေးမည်ဖြစ်သည်။ သို့သော် လျှောက်လွှာရောင်းချမည့် ကာလကို မသတ်မှတ်ရသေးပေ။

လျှောက်လွှာဝယ်ယူခွင့်ကို အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းခရိုင်ဟူ၍ ခရိုင်အလိုက်သတ်မှတ်ထားပြီး သက်ဆိုင်ရာမြို့နယ်များမှ ခရိုင် အလိုက်လျှောက်လွှာတစ်စောင် လျှင် ကျပ် ၁,၀၀၀ ဖြင့် ရောင်းချ ပေးခဲ့သည်။

အဆိုပါလျှောက်လွှာများ တွင် အများပြည်သူ၊ ၀န်ထမ်း၊ အငြိမ်းစားနှင့် ကုမ္ပဏီဝန်ထမ်းဟူ၍ လျှောက်လွှာပုံစံအမျိုးအစား လေးမျိုးခွဲခြားထားသည်။ လျှောက်ထားသူများအနေဖြင့် အိမ် (သို့မ ဟုတ်) မြေပိုင်ဆိုင်မှုမရှိကြောင်း လက်ရှိနေထိုင်သည့် မြို့နယ်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ထောက်ခံချက်ပါရှိရမည်ဟု အိမ်ရာဝယ်ယူခွင့်လျှောက်လွှာ များတွင် ဖော်ပြထားသည်။

တိုင်းအစိုးရအဖွဲ့က ရောင်းချမည့် အိမ်ရာများ ၀ယ်ယူလိုသူများအနေဖြင့် အသက် (၃၂) နှစ်ပြည့် ပြီးသည့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခု တွင် တစ်ဦးသာ လျှောက်ထားခွင့် ရှိကြောင်း ဖော်ပြထားသည်။

အိမ်ရာလျှောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ်ဝင်ငွေသည် ကျပ် သုံးသိန်းမှ ၁၂ သိန်းအထိရှိ ရမည်ဟု ဖော်ပြထားသည်။

‘‘တကယ့်ကို အိုးပိုင်အိမ်ပိုင် မရှိတဲ့ ၀န်ထမ်းဟောင်းတွေကို ပေးစေချင်ပါတယ်။ ဒီတစ်ကြိမ် မရလည်း လျှောက်လွှာက နောက် တစ်ကြိမ်ထိဆက်ပြီးတော့ သွား မယ်လို့ သိရပါတယ်။ တစ်ကြိမ် ကြိမ်မှာတော့ ရမယ်လို့ မျှော်လင့် ပါတယ်’’ဟု အငြိမ်းစားဝန်ထမ်း ဟောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာလျှောက်လွှာများကို ခရိုင်လေး ခရိုင်အလိုက် စုစည်းနေပြီး အစိုးရ အဖွဲ့နှင့် အိုးအိမ်ဦးစီးဌာနသို့ တင် ပြမည်ဖြစ်ကာ လျှောက်ထားသူမည်မျှရှိသည်ကို မကြာမီထုတ်ပြန်မည် ဖြစ်ကြောင်း ဦးညီညီက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ် ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁)၊ (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ် ရှိ Shop House များနှင့် မြောက် ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service