ရန်ကုန်စ တော့အိတ်ချိန်းက လက်ရှိရှယ်ယာ အရောင်းအဝယ်ပြုလုပ်နေမှုကို မတ် ၃ဝ ရက်မှစတင်ပြီး ယခင် နေ့စဉ် နှစ်ကြိမ်ရောင်းချနေရာမှ လေးကြိမ် အထိ တိုးမြှင့်ရောင်းချလျက်ရှိ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှ သိရသည်။ ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၂ဝ၁၆ ခုနှစ် မတ်လ ၂၅ ရက်မှစ၍ စတော့ရှယ် ယာ ရောင်းဝယ်မှုများကို ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ နေ့စဉ် လေးကြိမ်တိုးမြှင့်ရောင်းချ ခဲ့ပြီးနောက် ဈေးကွက်အတွင်း ရှယ် ယာရောင်းချရမှုပမာဏမှာ ကျပ် သန်း ၆ဝ ရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် မတ်လ ၂၅ ရက် မှ ၂ဝ၁၈ ခုနှစ် မတ်လ ၂၉ ရက် အထိ ရန်ကုန်စတော့အိတ်ချိန်းက နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာ ရီတို့တွင် ရှယ်ယာဈေးကွက်အရောင်း အဝယ်ပြုလုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် မတ်လ ၃ဝ ရက်မှစတင်ကာ နေ့ စဉ်ရှယ်ယာအရောင်းအဝယ်ဈေး နှုန်းမှာ နံနက် ၁ဝ နာရီတွင် တစ် ကြိမ်၊ ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် နှင့် မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် စုစုပေါင်းလေးကြိမ် အပြောင်းအ လဲဖြင့် ဈေးကွက်အရောင်းအဝယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန် ကုန်စတော့အိတ် ချိန်း၊ Administration Department မှ Executive Senior Manager ဦးသက်ထွန်းဦးက မတ် လ ၃၁ ရက်တွင် ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။
''မတ်လ ၃ဝ ရက်ကစပြီး အ ချိန်တိုးမြှင့်တာဆိုတော့ တစ်ရက် ပဲရှိသေးတဲ့အခါမှာ မှန်းရခက်ပါ သေးတယ်။ စတင်ပြောင်းလဲဆောင် ရွက်ခဲ့တဲ့နေ့မှာ ရှယ်ယာရောင်းချ ရတဲ့ငွေပမာဏက ကျပ်သန်း ၆ဝ ဖြစ်ပါတယ်။ ရှယ်ယာရောင်းချရ မှုပမာဏက တစ်ရက်နဲ့တစ်ရက် လည်း မတူပါဘူး။ တစ်ခါတလေ ကျပ် သန်း ၁ဝဝ ကျော်တဲ့ရက်တွေ လည်းရှိတယ်။ ခုအကြိမ် အရေအ တွက်တိုးလိုက်တဲ့အတွက် ရှယ်ယာ အရောင်းအဝယ်က တက်လာပြီး စိတ်ဝင်စားမှု များလာမယ်လို့ မျှော် မှန်းထားပါတယ်''ဟု ၎င်းကပြောသည်။ ရန်ကုန်စတော့အိတ်ချိန်း၏စတော့ရှယ်ယာဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူအရေအတွက် ပိုမိုတိုး တက်များပြားလာစေရန်နှင့် ဈေး ကွက်ပိုမိုသွက်လက်လာစေရန် ရည် ရွယ်ကာ ယခုကဲ့သို့အရောင်းအဝယ် ပြုလုပ်သည့်အကြိမ်အရေအတွက် အကြိမ်ရေ တိုးရခြင်းဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရ သည်။
ရန်ကုန်စတော့အိတ်ချိန်းအ နေဖြင့် အရောင်းအဝယ်ကြိမ်ရေ ကို နှစ်ကြိမ်မှလေးကြိမ်သို့ ပြောင်းလဲ တိုးမြှင့်ရန် မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် Japan Exchange Group (JPX), Daiwa Institute of Research (DIR) တို့နှင့် စမ်း သပ်မှုများဆောင်ရွက်ခဲ့ရာ ရှယ် ယာအရောင်းအဝယ်မှာ ၃ဝ ရာခိုင် နှုန်းခန့် တက်လာခဲ့ကြောင်းသိရ သည်။ ယင်းကဲ့သို့ အကြိမ်ရေတိုးမြှင့် နိုင်ရန် မတ်လ ၁၂ ရက်က ပြုလုပ် သည့် ရန်ကုန်စတော့အိတ်ချိန်း၏ ဒါရိုက်တာအ ဖွဲ့အစည်းအဝေးမှအ တည်ပြု ဆုံးဖြတ်ခဲ့ကြပြီး မြန်မာနိုင် ငံ ငွေချေးသက်သေခံလက်မှတ် လုပ် ငန်းကြီးကြပ်ရေးကော်မရှင်မှ အ တည်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် FMI ၊ မြန်မာသီလဝါ (MTSH)၊ မြန်မာနိုင်ငံ သားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် TMH Tele com Public ကုမ္ပဏီက ဝင် ရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း စတင် ခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း တစ်ရက်လျှင် ရှယ်ယာအ ရေအတွက်မှာ နှစ်သောင်းခွဲကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရောင်း ချရမှုငွေကြေးပမာဏမှာ ပျမ်းမျှ ကျပ် သန်း ၁ဝဝ အထက်တွင် ရှိ ခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး နှစ်အတွင်း တစ်ရက်လျှင် ရှယ်ယာ အရေအတွက် တစ်သောင်းဝန်း ကျင်သာ အရောင်းအဝယ်ဖြစ်နေ ကာ ငွေကြေးပမာဏမှာ ကျပ် သန်း ၇ဝ အောက်သို့ ကျဆင်းလာ နေကြောင်း သိရသည်။
Credit : Democracytoday