ယခုနှစ်ပထမသုံးလပတ် စင်္ကာပူအိမ်ခြံမြေရောင်းအား စံချိန်တင်

ယခုနှစ်ပထမသုံးလပတ် စင်္ကာပူအိမ်ခြံမြေရောင်းအား စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
2 Apr 2018 10:10 am တွင် တင်ခဲ့သည်
4008 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူတွင် အိမ်ခြံမြေရောင်းအားသည် ယခုပြီးခဲ့သည့် ပထမသုံးလပတ်(၂၀၁၈ ခုနှစ် ပထမသုံးလပတ်) တွင် ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး စင်္ကာပူဒေါ်လာ ၁၀ ဒသမ ၈၄ ဘီလျံ ရှိခဲ့ကြောင်း၊ ယင်းသည် ၁၉၉၄ ခုနှစ်ကတည်းက ရောင်းအားအများဆုံးသုံးလပတ်ဖြစ်ကြောင်း JLL Singapore စင်္ကာပူအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

၎င်းပမာဏသည် ယခင်စံချိန်ဟောင်းဖြစ်သော ၂၀၁၇ ခုနှစ် ပထမသုံးလပတ်တွင် ရှိခဲ့သည့် ရောင်းအား စင်္ကာပူဒေါ်လာ ၅ ဒသမ ၅၅ ဘီလျံမှ ၉၅ ဒသမ ၂ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

၁၀ ဒသမ ၈၄ ဘီလျံတွင် လူနေအိမ်ခြံမြေရောင်းအားက ၈ ဒသမ ၉၃ ဘီလျံ သို့မဟုတ် ရာခိုင်နှုန်း ၈၀ ကျော် ရှိခဲ့သည်။ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များကလည်း ထိုသုံးလပတ်အတွင်း စင်္ကာပူဒေါ်လာ ၇ ဒသမ ၂၇ ဘီလျံဖိုး လူနေမြေကွက်များ ဝယ်ယူခဲ့ကြသည်။

ထိုသုံးလပတ်အတွင်း ထိပ်တန်းအိမ်ခြံမြေအရောင်းအဝယ်ငါးခုမှာ Pacific Mansion ကွန်ဒိုအား GuocoLand နှင့် Hong Leong Holdings တို့က
ပူးတွဲလုပ်ငန်းတစ်ခုအတွက် ဒေါ်လာ သန်း ၉၈၀ ဖြင့် ဝယ်ယူခဲ့ခြင်း၊ Park West ကွန်ဒိုအား SingHaiyi လုပ်ငန်းစုက စင်္ကာပူဒေါ်လာ သန်း ၈၄၀ ဒသမ ၈၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း၊ Pearl Bank တိုက်ခန်းတွဲအား CapitaLand က စင်္ကာပူဒေါ်လာ ၇၂၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းနှင့် Goodluck Garden ကွန်ဒိုအား Qingjian လုပ်ငန်းစုက စင်္ကာပူဒေါ်လာ သန်း ၆၁၀ ဖြင့် ဝယ်ယူခဲ့ခြင်းနှင့် Brookvale Park ဥယျာဉ်အိမ်ရာအား Hoi Hup Sunway က စင်္ကာပူဒေါ်လာ သန်း ၉၈၀ ဖြင့် ဝယ်ယူခဲ့ခြင်းတို့ ဖြစ်သည်။

"developer တွေရဲ့ မြေဝယ်ယူမှုတွေ ဆက်လက်တိုးတက်လာတာကြောင့် စင်္ကာပူအိမ်ခြံမြေရောင်းအား ဆက်လက်တိုးတက်မယ်လို့ ခန့်မှန်းရပါတယ်" ဟု JLL Singapore ၏ သုတေသနနှင့် အတိုင်ပင်ခံခေါင်းဆောင် တေဟွေယင်က ပြောကြားခဲ့သည်။

စင်္ကာပူတွင် မြေနေရာများအား လေလံဆွဲဝယ်ယူမှုများ စံချိန်တင် များပြားလာမှုကြောင့် အနာဂတ်တွင် စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ
ပိုမိုမြင့်တက်နိုင်ဖွယ်ရှိကြောင်း Knight Frank Singapore အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ သုတေသနခေါင်းဆောင် အဲလစ်တန်ကလည်း
ပြောကြားခဲ့သည်။

ပြီးခဲ့သော အိမ်ဈေးကျဆင်းမှုဖြစ်သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၇ ခုနှစ်ဒုတိယသုံးလပတ်အကြား အိမ်ဈေးများ ကျဆင်းမှုကလည်း လက်ရှိတွင် အိမ်ဈေးမြင့်တက်စေသောအကြောင်းခံဖြစ်သည့် ဝယ်လိုအားမြင့်တက်မှုကို ဖြစ်စေသည်။ ထို့အပြင် ယခုအခါ စင်္ကာပူဇိမ်ခံအိမ်များကလည်း ကမ္ဘာတစ်ဝန်း အခြားဈေးကွက်ကြီးများရှိ ဇိမ်ခံအိမ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင်
ဝယ်ယူရင်းနှီးမြှုပ်နှံရန်ပိုမိုတတ်နိုင်မှုတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နေသည်။

စံချိနှ်တင်မြေအရောင်းအဝယ်များ ပိုမိုများပြားဖြစ်ပွားလာသည့် စင်္ကာပူတွင် ယခုနှစ်အတွင်း developer များမှ မြေဝယ်ယူမှုသည် ဒေါ်လာ ၁၆ ဘီလျံ ရှိနိုင်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Cushman & Wakefield ကလည်း
ခန့်မှန်းထားကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service