စံသတ်မှတ်ချက် တပြေးညီလိုအပ်နေပြီဖြစ်သော အဌားအိမ်ရာများအတွက် အနာဂတ်

စံသတ်မှတ်ချက် တပြေးညီလိုအပ်နေပြီဖြစ်သော အဌားအိမ်ရာများအတွက် အနာဂတ် - Property News in Myanmar from iMyanmarHouse.com
30 Mar 2018 1:14 pm တွင် တင်ခဲ့သည်
5175 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်း အိမ်ရာများ ရောင်းချခြင်း ဝယ်ယူခြင်းများနှင့်သာ လူအများစိတ်ဝင်စားမှု ရှိနေချိန်တွင် အစိုးရက တန်ဖိုးနည်း အဌားအိမ်ရာများကိုလည်း တစ်ပြိုင်နက်တည်းတွင် ဖော်ဆောင်လျှက်ရှိသည်။

ဝင်ငွေနည်းသူများ လက်လှမ်းမီသောအိမ်ရာ အရောင်းအိမ်ရာ (Affordable Homeownership)နဲ့ အငှားအိမ်ရာ (Affordable RentalHousing) ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပြီး အဆိုပါ နှစ်မျိုးလုံးမှာ လက်ရှိတွင် အကောင်အထည်ဖော်လျှက်ရှိသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီးမှာ မဟာဗန္ဓုလအိမ်ရာစီမံကိန်းဆိုသည့် တန်ဖိုးနည်း အငှားအိမ်ရာစီမံကိန်းကို ဒဂုံ(တောင်)မြို့နယ်အတွး အမှတ် (၂) လမ်းမကြီးဘေးမှာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စတုရန်းပေ ၆၀၀ ခန့်ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်ခန်းများကို တန်ဖိုးနည်းအငှားအိမ်ရာအဖြစ် သတ်မှတ်ခဲ့ရုံမျှမက ငှားရမ်းခကိုလည်း တစ်လ ၃၀,၀၀၀ ကျပ်မျှသာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မဲနှိုက်ပြီး တိုက်ဆောက်ပြီးစီးသည်အထိ တစ်နှစ်ကျော်မှသာ လူနေထိုင်ခွင့် နောက်ကျ ရရှိခဲ့ခြင်းဖြစ်သည်။

အကျယ်အဝန်း ၆၀၀ စတုရန်းပေခန့်ကို ငှားရမ်းခ (ကျပ် ၃၀,၀၀၀) သတ်မှတ်ခဲ့တဲ့အပြင် အိမ်ပုံစံအိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖို ချောင်နဲ့ ရေချိုးခန်း၊ အိမ်သာအပြင် ဝရန်တာလေးပါတယ်ဆိုတဲ့အ ချက်ဖြစ်ပြီး အဲဒါကို အခြားဒေသများတွင် တည်ဆောက်သည့် အဌားအိမ်ရာများနှင့် နှိုင်းယှဉ်သင့်ပါသည်။

မန္တလေးတိုင်းဒေသကြီးမှာ ဧရာဝတီမြစ်ကမ်းက ကျူးအိမ်ရာတွေနေထိုင်ကြတဲ့ ပြည်သူတွေအတွက် စတုရန်းပေ ၂၀၀ (၁၀ ပေ× ၂၀ ပေ)သာ ကျယ်ဝန်းပြီး ငှားရမ်း ကျပ်သုံးသောင်း (၃၀,၀၀၀ ကျပ်) နဲ့ပဲ တည်ဆောက်ငှားရမ်းခဲ့တာ တာဖြစ်ပါတယ်စင်္ကြံပုံစံတိုက်များဖြစ်ပြီးခန်းမတစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာတစ်ခန်းပါရှိသောကြောင့် မီးဖိုခန်းပင် ပါဝင်လာခြင်းမရှိပေ။

ရန်ကုန်တန်ဖိုးနည်းအဌားအိမ်ခန်းရဲ့ ငှားရမ်းခအတိုင်း ကျပ် ၃၀,၀၀၀ ပေးရတာချင်းအတူတူ ရန်ကုန်က သုံးဆလောက် ပိုမိုကျယ်ဝန်းကောင်းမွန်နေသေ ကြောင့် အဌား အိမ်ရာများအတွက် တစ်သမတ်တည်း သတ်မှတ်ထားသော စံသတ်မှတ်ချက် တစ်ခု လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက ထောက်ပြလျှက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးက မုံရွာ၊ ရွှေဘိုနဲ့ စစ်ကိုင်းမြို့ကြီးသုံးမြို့မှာလည်း တန်ဖိုးနည်း အငှားအိမ်ရာတွေ ဆောက်လုပ်လျှက်ရှိသည်။

မုံရွာနှင့် ရွှေဘိုမှာတော့ ၁၂ ခန်းတွဲ ငါးထပ်တိုက်တစ်လုံးကို အိမ်ခန်း ၆၀ ပါတဲ့ အမျိုးအစားနှစ်လုံးစီ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။မကြာခင်တွင် တစ်မြို့ကို အိမ်ခန်းပေါင်း ၁၂၀ စီ ငှားရမ်းတော့မည်ဖြစ်သည်

အိမ်ခန်းအကျယ်က စတုရန်းပေ ၃၂၄ ပေရှိပြီး ငှားရမ်းခကို ကျပ် ၂၀,၀၀၀ သာသတ်မှတ်ထားကြောင်းသိရသည်။

အခန်းများ၏အလယ်ကောင်တွင် လျှောက်လမ်းထားရှိသည့်ဟိုတယ် ပုံစံ အခန်းများဖြစ်သည်.။အိမ်ခန်းတိုင်းတွင်ပင်မအိမ်ခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာအပြင် မီးဖိုလည်းပါတယ်လို့ သိရှိရပါတယ်။ မန္တလေးထက် အိမ်ခန်းကျယ်ပြီး ငှားရမ်းခလည်း သက်သာနေခြင်းဖြစ်သည်.။ မီးဖိုချောင်ပါဝင်နေခြင်းကလည်း အားသာချက်တစ်ခု ပင်ဖြစ်သည်။

စစ်ကိုင်းမြို့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာတော့ ၁၂ ခန်းတွဲ လေးထပ်တိုက်ပုံစံဆောက်လုပ်ပြီး တစ်လုံးကို ၄၈ ခန်းပါဝင်နေခြင်း ဖြစ်သည်။စတုရန်းပေ ၄၄၀ ကျယ်ဝန်းပြီး စုစုပေါင်း ၉၆ ခန်းကို တစ်ခန်းလျှင် တစ်လ ကျပ်သုံးသောင်း (၃၀,၀၀၀)နဲ့ ငှားရမ်းရန် ရည်ရွယ်ထားကြောင်းသိရသည်။

အထက်ပါ တန်ဖိုးနည်း အငှားအိမ်ရာများမှာ အဌား အိမ်ရာချင်းအတူတူတွင် ကွဲပြားချက်များစွာဖြစ်ပေါ်နေ ခြင်းဖြစ်သည်။အကျယ်အဝန်းကို စတုရန်းပေ ၆၀၀၊ စတုရန်းပေ ၄၄၀၊ စတုရန်းပေ ၃၂၀၊ စတုရန်းပေ ၂၀၀ စသည်ဖြင့် အမျိုးမျိုး ကွဲပြားလျှက်ရှိသည်။

အထူးသဖြင့် ငှားရမ်းခနှုန်းထားသတ်မှတ်ရာမှာလည်း အခြေခံရမယ့်အချက်တွေကို တစ်ပြေးညီသတ်မှတ်ပေးဖို့ လိုအပ်လျှက်ရှိသည်။
နိုင်ငံတကာတွင်လည်း တန်ဖိုးနည်းအငှားအိမ်ရာ ဆောက်လုပ်မှုတိုင်းမှာ ကုန်ကျစရိတ် သက်သာအောင် အစိုးရက တစ်နည်းမဟုတ်တစ်နည်း ထောက်ပံ့ပေးမှုများလည်းရှိသည်။

မြေတန်ဖိုးကို ဆောက်လုပ်စရိတ်မှာ လုံးဝထည့်သွင်းမှုမရှိဘဲ ထောက်ပံ့မှုပေးခြင်းနဲ့ ငှားရမ်းခကို လျှော့ချတဲ့နည်းနဲ့ ထောက်ပံ့မှုပေးခြင်းများလည်း ပြုလုပ်ပေးလျှက်ရှိသည်။

အိမ်ပုံစံတွေကိုကြည့်ရင်လည်း စင်္ကြံပုံစံ၊ ဟိုတယ်အခန်းပုံစံနဲ့ အိမ်ခန်းဖွဲ့ပုံစံ (Room Type)ဆိုပြီး အမျိုးမျိုး ကွဲပြားလျှက်ရှိသည်. အခန်းတွဲနဲ့ အထပ်မြင့်တွေကလည်း ဒေသတစ်ခုတည်းမှာပဲ အကွဲကွဲအပြားပြားဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

ဒေသအလိုက်အထပ်မြင့်အထပ်နိမ့်ကွာဟချက်ရှိနိုင်သော်လည်း တန်ဖိုးနည်းအငှားအိမ်ရာမည်သည်အိမ်ခန်းအကျယ်ဝန်းအနည်းဆုံးဘယ်လောက်ရှိရမယ်၊ အများဆုံးဘယ်လောက်ရှိရမယ်ဆိုတဲ့ စံနှုန်းအရွယ်အစား (Standard Size) သတ်မှတ်ချက်တစ်ရပ်ကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးသင့်ပြီဖြစ်ကြောင်းဖော်ပြရေးသားလိုက်ရပါသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
စံသတ်မှတ်ချက် တပြေးညီလိုအပ်နေပြီဖြစ်သော အဌားအိမ်ရာများအတွက် အနာဂတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service