ဒေါ်နယ်ထရမ့်၏ အစ်မ၏ ဖလော်ရီဒါနေအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူမည့်သူ ပေါ်ပေါက်

ဒေါ်နယ်ထရမ့်၏ အစ်မ၏ ဖလော်ရီဒါနေအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူမည့်သူ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
30 Mar 2018 12:44 pm တွင် တင်ခဲ့သည်
6095 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစ်မရင်းတော်စပ်သူက ဖလော်ရီဒါနေအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူမည့်သူ ပေါ်ပေါက်လာသည်။

ဒေါ်နယ်ထရမ့်၏ အစ်မ မေရီအန်နီ ထရမ့် ဘာရီသည် ပြည်ထောင်စု အယူခံခုံရုံးတရားသူကြီးဟောင်းတစ်ဦးလည်း ဖြစ်သည်။

ရောင်းချတော့မည့်နေအိမ်မှာ ဖလော်ရီဒါပြည်နယ်တွင် တည်ရှိပြီး သမ္မတဒေါ်နယ်ထရမ့်၏ ဆောင်းရာသီအိမ်ဖြူတော်ဟု
နာမည်ကျော်သည့် မာရာလာဂို အပန်းဖြေစခန်းနှင့် ကပ်လျက်တည်ရှိသည်။

စတုရန်းပေ ၈၂၇၀ ကျယ်ဝန်းသည့် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၂၃ ဒသမ ၉ သန်းဖြင့် ရောင်းချမည်ဟု ဆိုသည်။

၁၉၅၆ ခုနှစ်က ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး အိပ်ခန်း ၈ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၂ ဒသမ ၉ သန်းဖြင့် စတင်ဈေးခေါ်ရောင်းချခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်း ဒီဇင်ဘာလအတွင်းတွင်ပင် ကန်ဒေါ်လာ ၂၃ ဒသမ ၉ သန်းသို့ တစ်သန်းဈေးမြှင့်ခဲ့ကြောင်း အိမ်ခြံမြေဈေးကွက် မှတ်တမ်းများတွင် ဖော်ပြသည်။

နေအိမ်အတွင်း စံမီဧည့်ခန်း၊ နေစာလှုံခန်း၊ စာကြည့်တိုက်၊ ပင်လယ်ဘက်သို့ မျက်နှာမူသည့် လသာဆောင်၊ ရေကူးကန်တစ်ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင်ခဲ့သည့် Christian Angle Real Estate ၏ ကြော်ငြာတွင် ဖော်ပြထားသည်။

မစ္စက် ဘာရီသည် အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး ယခုနေအိမ်ကို ၂၀၀၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ပင်လယ်ကမ်းခြေမျက်နှာစာ ၁၉၄ ပေ ပါဝင်သည်။

ဝယ်လက်အမည်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းများကိုမူ တရားဝင်ထုတ်ဖော်ကြေညာသေးခြင်း မရှိချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်၏ အစ်မ၏ ဖလော်ရီဒါနေအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူမည့်သူ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏ အစ်မ၏ ဖလော်ရီဒါနေအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူမည့်သူ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service