လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ)

လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
30 Mar 2018 12:32 pm တွင် တင်ခဲ့သည်
5187 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့တွင် ဘီဗာလီဟေးလ်ဟုခေါ်သော အရပ်ရှိ၏။

ယခုတွင်ကား အဆိုပါအရပ်သည် ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချနေထိုင်ရာ ဒေသဖြစ်နေပြီဖြစ်သည်။

ရှေးအခါကမူ လော့စ်အိန်ဂျလိမြို့တစ်ခွင်ကို ဖိန့်ဖိန့်တုန်စေခဲ့သည့် နာမည်ကျော် လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး ဘတ်ဂ်ဆီ ဆီးဂဲလ်နေထိုင်ရာ အရပ်ဖြစ်ခဲ့၏။

ဆီးဂဲလ်၏ အမည်ရင်းမှာ ဘင်ဂျမင် ဘတ်ဂ်ဆီ ဆီးဂဲလ်ဖြစ်ပြီး နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် ၁၉၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မွေးဖွားသည်။

ဆင်းရဲသော ဂျူးမိသားစုမှ မွေးဖွားလာသည့် ဆီးဂဲလ်သည် သူ့ခေတ်သူ့အခါက ကြောက်စရာအကောင်းဆုံး ရာဇဝင်လူဆိုးကြီး ဖြစ်ခဲ့၏။
နယူးယောက်တွင် တစ်ချိန်က ကြီးစိုးခဲ့ဖူးသော Murder, Inc. လူဆိုးဂိုဏ်းကြီးကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

အမေရိကန်တွင် ယခင်က အရက်ရောင်းချမှုကို တားမြစ်ပိတ်ပင်ထားရာ ဆီးဂဲလ်၏ လူဆိုးဂိုဏ်းသည် အရက်ပုန်းရောင်းခြင်း အပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့ပြီး လူသတ်မှုပေါင်း ၁၀၀၀ နီးပါး ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

၁၉၃၃ ခုနှစ်တွင် အမေရိက၌ အရက်ရောင်းခြင်းကို ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ဆီးဂဲလ်သည် လောင်းကစားနယ်သို့ ခြေချခဲ့ပြန်သည်။
၁၉၃၆ ခုနှစ်တွင်ကား နယူးယောက်မှ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့သည်။

ဆီးဂဲလ်သည် လာ့စ်ဗီးဂပ်စ်သို့လည်း သွားရောက်ခဲ့ပြီး ကာစီနိုလောင်းကစားဝိုင်းများ တည်ထောင်ကာ ကြီးကြပ်ကွပ်ကဲခဲ့သည်။
အမေရိကန် အိမ်ခြံမြေဆောက်လုပ်ရေး developer တစ်ဦးဖြစ်သူ ဝီလျံ အာရ်- ဝီကာဆန်က ဖလာမင်ဂိုဟိုတယ် ဆောက်လုပ်နေစဉ် ငွေကြေးအကျပ်ဆိုက်မှုကြောင့် ဆီးဂဲလ်က အကူအညီများ ပေးခဲ့သည်။

ဆီးဂဲလ်သည် ဖလာမင်ဂိုဟိုတယ် ဆောက်လုပ်ရေးတွင် နောက်ဆုံးအဆင့်များကို ကွပ်ကဲမှု ပေးခဲ့၏။
ယင်းနောက် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး ဝန်ဆောင်မှုညံ့ဖျင်းခြင်းကြောင့် မကြာမီတွင် ပိတ်သိမ်းလိုက်ရသည်။

၁၉၄၇ ခုနှစ်၊ မတ်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။နောင် ၃ လခန့်အကြာ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်။
ထိုနေ့သည်ကား ဆီးဂဲလ်အတွက် ကံကြမ္မာငင်သောနေ့ ဖြစ်၏။

လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် ဆီးဂဲလ်၏ ချစ်သူမိန်းကလေး ဗာဂျီးနီးယားဟေးလ် နေထိုင်သည့်နေအိမ် ရှိသည်။
ဆီးဂဲလ်သည် နေဝင်ဖျိုးဖျအချိန်တွင် ဗာဂျီးနီးယားဟေးလ်၏ နေအိမ်ဧည့်ခန်းတွင် ထိုင်ကာ လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာကို ဖတ်နေ၏။

ထိုအချိန်တွင် နေအိမ်ပြင်ပမှ သေနတ်သံ ၉ ချက်ကြားလိုက်ရကာ ၂ ချက်မှာ ဆီးဂဲလ်၏ ဦးခေါင်းကို ထိမှန်သွားသည်။

ထိုအချိန်ကတည်းက စတင်ကာ ယင်းနေအိမ်တွင် ဆီးဂဲလ်၏ ဝိဥာဉ်ကို မကြာခဏတွေ့လာခဲ့သည်။

နေအိမ်ထက်ပို၍ ခြောက်လှန့်မှု များခဲ့သည်မှာ ဖလာမင်ဂိုဟိုတယ်တွင် ဖြစ်၏။
ဆီးဂဲလ် လုပ်ကြံမခံရမီကာလများက ကာလတာရှည်နေထိုင်ခဲ့ဖူးသည်မှာ ဖလာမင်ဂိုဟိုတယ်ရှိ Presidential Suite တွင်ဖြစ်ပြီး ခြောက်လှန့်မှု အများဆုံးလည်းဖြစ်သည်။

ဆီးဂဲလ်နေထိုင်သွားခဲ့သည့်အခန်းတွင် တည်းခိုသည့် ဧည့်သည်များမှာ မကြာခဏ ခြောက်လှန့်မှုများ ကြုံကြရသည်။
ရေချိုးခန်းနှင့် ရေကူးကန်အနီးတွင်လည်း ခြောက်လှန့်လေ့ရှိသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိ၏ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသောနေအိမ် (ကမ္ဘာကျော်သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service