နိုင်ငံခြားသားများ ရပ်ကွက်များအတွင်းကန်ထရိုက်တိုက်ခန်းများဌားရမ်းနေထိုင်မှု မြင့်တက်

နိုင်ငံခြားသားများ ရပ်ကွက်များအတွင်းကန်ထရိုက်တိုက်ခန်းများဌားရမ်းနေထိုင်မှု မြင့်တက် - Property News in Myanmar from iMyanmarHouse.com
30 Mar 2018 10:59 am တွင် တင်ခဲ့သည်
5518 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ကွန်ဒိုများ၊ အဆင့်မြင့်လုံးချင်းအိမ်ရာများ၏ဌားရမ်းခမှာ ကြီးမြင့်နေသောကြောင့်  မြို့တွင်းမြို့နယ်များရှိ ရပ်ကွက်များအတွင်း နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှု မြင့်တက်လာ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။

‘‘လုပ်ငန်းရှင်တွေက နိုင်ငံခြားသားတွေကို မျှော်ပြီး ကွန်ဒို တွေဆောက်ကြတယ်။ ဒီနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားတွေက ကုမ္ပဏီဝန်ထမ်းတွေများတယ်။ ကွန်ဒိုကို ဝယ်ဖို့နေနေသာသာ ငှားဖို့တောင် မတတ်နိုင်တော့ ရပ်ကွက်ထဲမှာ ဈေးသက်သက်သာ သာနဲ့ ငှားနေကြတယ်’’ဟု တော်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုထွေးက ပြောသည်။

အတည်ပြုပြီးဖြစ်သောကွန်ဒို ဥပဒေကြောင့်လည်း ကွန်ဒို ဈေးကွက်တွင်
ထင်သလောက် ဌားရမ်းမှု နှင့် ရောင်းချရမှု မြင့်တက်လာခြင်းမရှိပေ။

အထူးသဖြင့် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံမြို့နယ်များ ရှိ ကန်ထရိုက်တိုက်ခန်းများတွင် တစ်လလျှင် ကျပ် ၁၅၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ ဈေးပေးငှားရမ်းနေထိုင်ကြကြောင်း လင်းဧရာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင် ဦးမြင့်ဝင်းက ပြောသည်။

ရန်ကုန်တွင် အလုံးအရင်း ဖြင့် တည်ဆောက်ခဲ့သည့် ကွန်ဒို များမှာ အငှား ဈေးကွက်ထက် ကြိုပွိုင့်ဖြင့် အရောင်းအဝယ်ဈေး ကွက်ဖြစ်မှု များပြားပြီး ဈေးကစား သူများ၏ ဈေးကွက် တစ်ခုသာဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ဆိုသည်။

ရန်ကုန်မြို့တွင် ကွန်ဒိုတိုက်ခန်းငှားရမ်းခြင်း၊ ဝယ်ယူနေထိုင် နိုင်မှုမှာ အိမ်ထောင်စုငါးသောင်း ခန့်သာရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ကောက်ယူသည့် စာရင်းများမှ သိရသည်။

နိုင်ငံခြားသားများသည် မြန်မာနိုင်ငံတွင် ကာလရှည် နေထိုင်မည်ဆိုပါက သတ်မှတ်ထား သည့် ဗီဇာပေါ်မူတည်ကာ ရက် ပေါင်း ၇၀ မှ ၁၀၀ အထိ နေထိုင်နိုင်ပြီး ဆက်လက်သက်တမ်းတိုးမှု လည်း ပြုလုပ်နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သတ်မှတ်ထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service