ပြည်တွင်း ပြည်ပကုမ္ပဏီ ၃၉ ခု မန္တလေးမြို့သစ်စီမံကိန်း EoI လျှောက်လွှာဝယ်ယူ

ပြည်တွင်း ပြည်ပကုမ္ပဏီ ၃၉ ခု မန္တလေးမြို့သစ်စီမံကိန်း EoI လျှောက်လွှာဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
29 Mar 2018 11:02 am တွင် တင်ခဲ့သည်
5382 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့သစ်စီမံကိန်း (New Mandalay Resort City) ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံရန် စီမံကိန်းကနဦးစိတ်ဝင်စားမှုလျှောက်လွှာ (Expression of Interest Application EoI) ကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံအပါအဝင် ပြည်တွင်း ပြည်ပကုမ္ပဏီ ၃၉ ခုက ဝယ်ယူထားကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက ထုတ်ပြန်သော ဝယ်ယူမှုစာရင်းများအရ သိရသည်။

''ကုမ္ပဏီအားလုံး ပြန်တင်တာ မတင်တာတော့ တင်ဒါ ဖွင့်တဲ့နေကျမှပဲ အားလုံးသိရမယ်။ တင်ဒါကိုတော့ ပြည်ထောင်စုဝန်ကြီးဌာနက တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဖွဲ့ပြီး ရွေးချယ်သွားမယ်''ဟု မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်နိုင်က ပြောသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီတွင်သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ ပါဝင်ကြောင်း ၎င်းက ပြောသည်။

မန္တလေးမြို့သစ်စီမံကိန်းကို စက်မှု၊ အိုင်တီနည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးအခြေပြုမြို့အဖြစ် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ် မန္တလေး−လားရှိုးလမ်းမကြီးဘေး ၂၁ မိုင်အနီးတွင် ဖော်ဆောင်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို မြေ ဧက ၁ဝ,ဝဝဝ တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ အပိုင်း ၁ နှင့် အပိုင်း ၃ ကို ပြည်ထောင်စုအစိုးရအဆင့်က တိုက်ရိုက်ကိုင်တွယ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်းအပိုင်း ၂ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ယခုခေါ်ယူထားသော စီမံကိန်းကနဦး စိတ်ဝင်စားမှုလျှောက်လွှာသည် အပိုင်း ၁ နှင့် ၃ တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက်ဖြစ်ကြောင်း ဦးသက်နိုင်က ပြောသည်။

''အဓိကရင်းနှီးမြှုပ်နှံသူပေါ်လာပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ စီမံကိန်းက မြန်နိုင်တယ်။ ဧက ၁ဝ,ဝဝဝ ပေါ်မှာ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကဏ္ဍအသီးသီးမှာ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်''ဟု ၎င်းက ပြောသည်။

စီမံကိန်းအပိုင်း ၁ တွင် ဧက ၂,၂ဝဝ ပါဝင်ပြီး စက်မှုဇုန်၊ လူနေဇုန်၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုဇုန်များ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအပိုင်း ၂ တွင် မြေ ၂,၉၁၉ ဧက ပါဝင်ပြီး လူနေမြေ၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ အုပ်ချုပ်မှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေး အခြေပြု စက်မှုဇုန်နှင့် အသေးစား စက်မှုလက်မှုဇုန်များ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအပိုင်း ၃ တွင် မြေ ၄,၇၄၄ ဧကပါဝင်မည်ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ၊ ဂေါက်ကွင်း၊ စိုက်ပျိုးရေးဇုန် များပါဝင်မည်ဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service