သီလဝါတွင် မြန်မာ့အကြီးဆုံး ဆိပ်ကမ်းတည်ဆောက်ရန် IFC က ချေးငွေ ကန်ဒေါ်လာ ၁၅ သန်း ပေးမည်ဟုဆို

သီလဝါတွင် မြန်မာ့အကြီးဆုံး ဆိပ်ကမ်းတည်ဆောက်ရန် IFC က ချေးငွေ ကန်ဒေါ်လာ ၁၅ သန်း ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
29 Mar 2018 10:25 am တွင် တင်ခဲ့သည်
5843 ကြိမ် ကြည့်ရှု့ပြီး
သီလဝါတွင် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် IFC (နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း) က ကန်ဒေါ်လာ ၁၅ သန်း ချေးပေးမည်ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာ - ဂျပန် ဖက်စပ် ကုမ္ပဏီ Lluvia က အဆိုပါဆိပ် ကမ်းတည်ဆောက်ရန် ကန်ဒေါ် လာ ၆၅ သန်း ကုန်ကျမည်ဖြစ်ပြီး အဆိုပါ ချေးငွေသည် စီမံကိန်း ကုန်ကျစရိတ်၏ အစိတ်အပိုင်း အချို့ကို ထောက်ပံ့ရန် ဖြစ်သည် ဟု IFC က သတင်းထုတ်ပြန် သည်။

‘‘ပထမဦးဆုံး ကုန်စည်ထိန်း ချုပ်ရေးအတွက် စီမံပေးတာပါ။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့ သယ်ယူပို့ဆောင်ရေး၊ ကုန်စည် သိုလှောင်ရေးနဲ့ ဆိပ်ကမ်းကဏ္ဍ တွေမှာ ပုဂ္ဂလိကပါဝင်နိုင်အောင် ကူညီတာပါ’’ဟု IFC မြန်မာနိုင်ငံ အကြီးအကဲ ဗီခရမ်ကူးမားက ပြောသည်။

သီလဝါဆိပ်ကမ်းအကောင် အထည်ဖော်ပြီးပါက ကုန်စည် တန်ချိန် တစ်သန်း ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး သယ်ယူပို့ ဆောင်ရေး၊ သိုလှောင်စရိတ်များ နှင့် ကုန်သွယ်မှုကို ထောက်ပံ့ပေး မည်ဟု IFC က ဆိုထားသည်။ ထို့အပြင် အဆိုပါ စီမံကိန်းသည် အာဆီယံနိုင်ငံများအတွင်း မြန်မာ နိုင်ငံ၏ ကုန်စည်သယ်ဆောင်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ဈေးကွက်အ သစ်နှင့် အလုပ်အကိုင်အသစ်များ ရရှိလာနိုင်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

‘‘အခြေခံအဆောက်အအုံ လိုအပ်ချက်အတွက် နှစ်ရှည်ချေး ငွေကို IFC က ချေးပေးတာပါ’’ ဟု Lluvia ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကြီးက ပြော ကြားသည်။

Lluvia ကုမ္ပဏီသည် ပြည် တွင်းမှ Capital Diamond Star Group ကုမ္ပဏီနှင့် ဂျပန် Mitsubi-shi ကုမ္ပဏီတို့ အကျိုးတူဆောင် ရွက်ခြင်းဖြစ်သည်။

IFC သည် ကမ္ဘာ့ဘဏ်၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အစိုးရ မဟုတ်သည့် ပုဂ္ဂလိက ကုမ္ပဏီများကို ချေးငွေတိုက်ရိုက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

သီလဝါ ဆိပ်ကမ်းသည် သီလဝါအထူးစီးပွားရေးဇုန် စီမံ ကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ် ပြီး သီလဝါအထူးစီးပွားရေးဇုန်မှထွက်ကုန်များကို ပင်လယ်ရေ ကြောင်းမှ သယ်ပို့ရန် အရေးကြီး သည့် ဆိပ်ကမ်းတစ်ခုဖြစ်လာမည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service