ဟိုတယ်ဆောက်လုပ်ခွင့်တားမြစ်ထားသော ပုဂံရှေးဟောင်းဇုန်အတွင်း ကြယ်လေးပွင့်အဆင့်ရှိဟိုတယ် တည်ဆောက်နေမှု ရှေးဟောင်းဌာနက တားမြစ်

ဟိုတယ်ဆောက်လုပ်ခွင့်တားမြစ်ထားသော ပုဂံရှေးဟောင်းဇုန်အတွင်း ကြယ်လေးပွင့်အဆင့်ရှိဟိုတယ် တည်ဆောက်နေမှု ရှေးဟောင်းဌာနက တားမြစ် - Property News in Myanmar from iMyanmarHouse.com
28 Mar 2018 11:52 am တွင် တင်ခဲ့သည်
4893 ကြိမ် ကြည့်ရှု့ပြီး
ဟိုတယ်ဆောက်လုပ် ခွင့်တားမြစ်ထားသည့် ပုဂံရှေး ဟောင်းအမွေအနှစ်ဇုန်အတွင်း ပုဂံဒေသဖွံ့ဖြိုးရေးအလှူငွေအ ဖြစ် ဟိုတယ်အခန်းတစ်ခန်းလျှင် ငါးသောင်းကျပ်ပေးသွင်း၍ အ ခန်း ၃၀၀ ကျော်ပါရှိသည့်ကြယ် လေးပွင့်အဆင့် ဟိုတယ်တစ် လုံးဆောက်လုပ်နေသည်။

ပုဂံမြို့၏ အရှေ့တောင် ဘက်ရှိ မြေ ၂၄ ဧကအကျယ်အ ၀န်းပေါ်တွင် ကြယ်သုံးပွင့်အဆင့် ရှိ ၂၄၂ ခန်းပါနှစ်ထပ်အဆောက် အအုံနှင့် ကြယ်လေးပွင့်အဆင့်ရှိ ဘန်ဂလိုအမျိုးအစားအခန်း ၁၀၆ ခန်းစုစုပေါင်း ၃၄၈ ခန်းကိုမြတ် မင်းကုမ္ပဏီက မန္တလေးတိုင်းအ စိုးရထံ တင်ပြဆောက်လုပ်နေ သည်။

‘အဆိုပါဟိုတယ်ဆောက် လုပ်ခွင့်လျှောက်ထားမှုနှင့်ပတ် သက်၍ ၂၀၁၇ အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သောတိုင်း ဒေသကြီးအစိုးရအဖွဲ့အစည်းအ ဝေးဆုံးဖြတ်ချက်အရ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် အတွက်ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံအပ်ပါသည်’ ဟု မန္တ လေးတိုင်းအစိုးရက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံ ပေးပို့သည့် ထောက်ခံစာတွင်ဖော် ပြထားသည်။

ထို့အပြင် ‘မန္တလေးတိုင်း ဒေ သကြီးအစိုးရအဖွဲ့၏ ထောက်ခံ ချက်ရရှိပြီးဖြစ်၍ အခန်း ၃၄၈ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းကျပ် ၁၇,၄၀၀,၀၀၀ ကို ပုဂံဒေသဖွံ့ဖြိုး ရေးအလှူငွေစာရင်းသို့ ပေးသွင်း ခွင့်ပြုပါရန် တင်ပြလာပါသည်’ ဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ရုံးက မြတ်မင်းကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးဖြိုးလှဝေထံ ၂၀၁၇ မတ်လ ၈ ရက်တွင် ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

အဆိုပါတင်ပြသည့်ကိစ္စ အား ၂၀၁၇ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသည့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ပေးသွင်းခွင့်ပြုကြောင်း ဆုံးဖြတ် ခဲ့သဖြင့် ပုဂံဒေသဖွံ့ဖြိုးရေးအလှူ ငွေများကို ကမ္ဘောဇဘဏ်ငွေစာ ရင်းအမှတ်သို့ ထည့်သွင်းဆောင် ရွက်ရန် အကြောင်းကြားပါသည် ဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ရုံးက မြတ်မင်းကုမ္ပဏီသို့ပေးပို့ သည့်စာတွင် ပါရှိသည်။

အဆိုပါဟိုတယ်ဆောက် လုပ်မှုနှင့်ပတ်သက်ပြီး ရှေး ဟောင်းသုတေသနထံ ခွင့်ပြုမိန့် တောင်းခံလာခြင်းမရှိဘဲ ဆောက် လုပ်နေ၍ ဆောက်လုပ်ခွင့်ရပ် ဆိုင်းထားရန် တားမြစ်ထား ကြောင်း ပုဂံရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနညွှန်ကြားရေးမှူးဦးအောင် အောင်ကျော်က ပြောသည်။

‘‘ကျွန်တော်တို့က တားထား တယ်။ ကြိုတင်ခွင့်ပြုချက်မရှိဘူး။ (၁)အချက်က အမွေအနှစ်ဇုန်ထဲ မှာပါနေတယ်။ (၂)အချက်က လူ နေထိုင်ဖို့ရာ သတ်မှတ်ထားတဲ့ မြို့ပြ၊ကျေးရွာလူနေရပ်ကွက်ဧရိ ယာအတွင်းမပါဘူး။ (၃)အချက် က အလွန်ကြီးမားတဲ့အဆောက် အအုံဆောက်လုပ်မှာဖြစ်တယ်’’ ဟုဦးအောင်အောင်ကျော်ကပြောသည်။

ကုလသမဂ္ဂပညာရေးသိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ယူနက်စကို ၏ ယဉ်ကျေးမှုဌာနအစီအစဉ်ညှိ နှိုင်းရေးမှူးဒေါ်ဥမ္မာမျိုးက ‘‘သူက အမွေအနှစ်ဇုန်ထဲမှာ ပါနေတဲ့အ တွက် ဆောက်လို့မရတာမဟုတ် ဘူး။ ဘေးနားမှာ ဘုရားမရှိဘူး ပြောကြတယ်။ ဘုရှားရှိတာ၊ မရှိ တာနဲ့မဆိုင်ဘူး။ ယူနက်စကိုက အကြံပေးပြီးတော့ အစိုးရက သတ်မှတ်ထားတာက ပုဂံဒေသ မှာ မြေအမျိုးအစားသုံးမျိုးရှိ တယ်။ မြို့မြေ၊ ရွာမြေ၊ မြင်ကွင်း ဧရိယာပေါ့။ မြေယာရှုခင်းအ လွတ်တွေပေါ့။မြို့မြေဆိုရင်သတ် မှတ်ချက်တွေနဲ့အညီ ဆောက်လို့ရ တယ်။ ရွာမြေဆိုရင်ရွာပုံစံနဲ့သတ် မှတ်ချက်နဲ့အညီ ဆောက်လို့ရ တယ်။ မြင်ကွင်းဧရိယာမြေက တော့ မြေလွတ်မြေရိုင်းတွေပါ တယ်။ အဲဒီမြင်ကွင်းဧရိယာက တော့ ထိန်းသိမ်းထားရမယ့်အပိုင်း ဖြစ်တယ်။ ဘာအဆောက်အအုံမှ ဆောက်ခွင့်မရှိ။ ဥပမာ ဘုရားပွဲ မှာ အဆောက်အအုံအသေးလေး ဆောက်ချင်တယ်ဆိုရင်တောင် ယာယီပဲ ဆောက်ခွင့်ရှိတယ်’’ ဟု ပြောသည်။

ယခုဟိုတယ်တည်ဆောက် နေသည့် နေရာသည် မြင်ကွင်းဧရိ ယာအမျိုးအစားထဲ ပါဝင်နေ သည်။

ရှေးဟောင်းပုဂံဒေသတွင် ယဉ်ကျေးမှုအမွေအနှစ်ဇုန်အ တွင်း ဟိုတယ်အပါအ၀င်အခြားအဆောက်အအုံများ ဆောက်လုပ်ခွင့် တားမြစ်ထားသည်။

လက်ရှိပုဂံဒေသတွင် ဟိုတယ် ၈၄ လုံးခန့်ရှိပြီး အခန်း ၃,၀၀၀ ခန့်ရှိကြောင်း
ပုဂံဒေသဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဇော်ဝိတ်က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက် စကို)၏ ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် စာရင်းဝင်ရန်အပြီးသတ် အဆိုပြုလွှာကို ဇန်န၀ါရီ ၂၅ ရက် က တင်သွင်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service