အကြွေးဆပ်ရန် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာ ရောင်းထုတ်လျက်ရှိသော တရုတ်အခြေစိုက် HNA Group က တရုတ်ပြည်မကြီးရှိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ ၈ ခုကို ကွမ်ကျိုးအခြေစိုက်ကုမ္ပဏီသို့ ရောင်းချ

အကြွေးဆပ်ရန် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာ ရောင်းထုတ်လျက်ရှိသော တရုတ်အခြေစိုက် HNA Group က တရုတ်ပြည်မကြီးရှိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ ၈ ခုကို ကွမ်ကျိုးအခြေစိုက်ကုမ္ပဏီသို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Mar 2018 12:29 pm တွင် တင်ခဲ့သည်
4275 ကြိမ် ကြည့်ရှု့ပြီး
အကြွေးဆပ်ရန် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာ ရောင်းထုတ်လျက်ရှိသော တရုတ်အခြေစိုက် HNA Group သည် ယခု ၂၀၁၈ အစပိုင်းကတည်းက ပြည်ပရှိ အိမ်ခြံမြေနှင့် ဟိုတယ်ပေါင်း ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖိုးကို ရောင်းထုတ်လျက်ရှိရာ ယခုအခါတွင်လည်း တရုတ်ပြည်မကြီးရှိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ ၈ ခုကို ကွမ်ကျိုးအခြေစိုက်ကုမ္ပဏီသို့ ရောင်းချလိုက်ပြန်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

HNA Group နှင့် စပ်လျဉ်းသည့် သတင်းများကို ယခင်ကလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/709661 (၂) https://www.imyanmarhouse.com/news/read/700554 (၃) https://www.imyanmarhouse.com/news/read/693994 (၄) https://www.imyanmarhouse.com/news/read/528976 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများ ရောင်းချခဲ့ပြီးဖြစ်သော်လည်း ကြွေးမြီများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသေးသောကြောင့် ရှန်ဟိုင်း၊ ပေကျင်းနှင့် အခြားမြို့ကြီးများတွင်ရှိသော အိမ်ခြံမြေများကို ဆက်လက်ရောင်းချခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုလအတွင်းတွင် HNA Group သည် ကြွေးမြီ ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် ပေးဆပ်ရန်ရှိသောကြောင့် ၎င်းပိုင်အိမ်ခြံမြေများကို Guangzhou R&F နှင့် Sunac China တို့ထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

HNA Group သည် စုစုပေါင်းအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ကြေးရှိ ပြည်မကြီး ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် လူနေအိမ်ခြံမြေများကို ရောင်းထုတ်လျက်ရှိနေသည်။

Guangzhou R&F နှင့် Sunac China တို့ထံ ရောင်းချခဲ့သည်များအပြင် ပေကျင်းနှင့် ရှန်ဟိုင်းတို့ရှိ ယွမ်ငွေ ၁၄ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) တန်ကြေးရှိ ရုံးနှင့် ဟိုတယ်အဆောက်အအုံ ၉ ခုကိုလည်း ရောင်းချလျက်ရှိသည်ဟု ဆိုသည်။

HNA Group က အရောင်းဈေးကွက်တင်ထားဆဲ အဆောက်အအုံများမှာ ရှန်ဟိုင်းမြို့၊ လျူကျားစွေအရပ်၊ ပူမင်လမ်းရှိ အထပ် ၆၀ မြင့် Shanghai HNA Tower ၊ ရှန်ဟိုင်းရှိ အခန်းပေါင်း ၃၇၀ ပါဝင်သော Shanghai Pudong ဟိုတယ်၊ ရှန်ဟိုင်း ယန်စီ နိုင်ငံတကာ အင်တာပရိုက်စ် ပလာဇာ၊ စတုရန်းမီတာပေါင်း ၁၁၂၀၀၀ ကျယ်ဝန်းသည့် business park စီမံကိန်းတို့ ပါဝင်လေသည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေအချက်အလက်များ ထုတ်ပြန်သည့် Real Capital Analytics မှ အချက်အလက်များအရ HNA Group သည် လက်ရှိအားဖြင့် တရုတ်ပြည်မကြီးတွင် ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေအဆောက်အအုံ ၂၈ ခု ပိုင်ဆိုင်ထားသည်။

ပေကျင်းရှိ အဆောက်အအုံ ၁၁ ခုမှာ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံတန်ကြေးရှိပြီး ကွမ်ကျိုး၊ ချုံကင်း၊ ထျန်ကျင်းနှင့် ချင်ဒေါင်းတို့တွင်လည်း အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသေးသည်။

ဟောင်ကောင်တွင် ရုံးခန်းနေရာများ ဈေးနှုန်းခေါင်ခိုက်လျက်ရှိချိန်တွင် HNA Group သည် ဟောင်ကောင်ရှိ Admiralty’s Lippo Centre ကို ဈေးကွက်ပေါက်ဈေးအောက် ၂၀ ရာခိုင်နှုန်းလျှော့ချကာ ရောင်းချသွားခဲ့သည်။

ယင်းအဆောက်အအုံကို ဟောင်ကောင်ဒေါ်လာ သန်း ၄၀ (ကန်ဒေါ်လာ ၅ ဒသမ ၁ သန်း) [တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၈၀၀၀-ကန်ဒေါ်လာ ၃၅၆၉] ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

Admiralty’s Lippo Centre ကို ဝယ်ယူခဲ့သည့် ဝယ်လက်မှာ ဟောင်ကောင် လုပ်ငန်းရှင် ဂျက်ဖရီ လျူဝေလွန်းဖြစ်ပြီး ဟောင်ကောင်၏ နာမည်ကျော် လျူမိသားစုဝင်တစ်ဦး ဖြစ်သည်။
HNA Group Co., Ltd သည် တရုတ်ပြည် ဟိုင်နန်ကျွန်း၊ Haikou တွင် အခြေစိုက်သည့် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး လေကြောင်း၊ အိမ်ခြံမြေ၊ ဘဏ္ဍာရေး၊ ကမ္ဘာလှည့်ခရီးသွားအပြင် အခြားလုပ်ငန်းနယ်ပယ် များစွာတွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့်ကုမ္ပဏီကြီးဖြစ်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း Fortune Global 500 စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရသည့် ကမ္ဘာ့အဆင့်ဝင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှံမှုအလွန်များပြားသည့် ကုမ္ပဏီများ၌ တစ်ခုအပါအဝင် ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အကြွေးဆပ်ရန် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာ ရောင်းထုတ်လျက်ရှိသော တရုတ်အခြေစိုက် HNA Group က တရုတ်ပြည်မကြီးရှိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ ၈ ခုကို ကွမ်ကျိုးအခြေစိုက်ကုမ္ပဏီသို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
အကြွေးဆပ်ရန် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာ ရောင်းထုတ်လျက်ရှိသော တရုတ်အခြေစိုက် HNA Group က တရုတ်ပြည်မကြီးရှိ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ အိမ်ခြံမြေ ၈ ခုကို ကွမ်ကျိုးအခြေစိုက်ကုမ္ပဏီသို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service