ဟောင်ကောင်တွင် သင်္ဘောကွန်တိန်နာပုံးအရွယ်မျှသာရှိသည့် လူနေခန်းတစ်ခန်းကို ဟောင်ကောင်ဒေါ်လာ ၈ သန်းခန့်ဖြင့် ရောင်းချ

ဟောင်ကောင်တွင် သင်္ဘောကွန်တိန်နာပုံးအရွယ်မျှသာရှိသည့် လူနေခန်းတစ်ခန်းကို ဟောင်ကောင်ဒေါ်လာ ၈ သန်းခန့်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
23 Mar 2018 10:59 am တွင် တင်ခဲ့သည်
4483 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် သင်္ဘောကွန်တိန်နာပုံးအရွယ်ထက် အနည်းငယ်မျှသာ ပိုမိုကျယ်ဝန်းသည့် လူနေခန်းတစ်ခန်းကို ဟောင်ကောင်ဒေါ်လာ ၈ သန်းခန့်ဖြင့် ရောင်းချလိုက်ရာ ဟောင်ကောင်ရှိ ကျဉ်းမြောင်းလှသည့် လူနေခန်းတို့အနက် စံချိန်တင် ဈေးနှုန်း ဖြစ်သွားသည်။

နေအိမ်ခန်းအကျယ်မှာ စတုရန်းပေ ၂၀၉ ပေသာရှိရာ သင်္ဘောကွန်တိန်နာပုံးထက် အနည်းငယ်မျှသာ ပိုမိုကျယ်ဝန်းလေသည်။

ဟောင်ကောင်ဒေါ်လာ ၇ ဒသမ ၈၆ သန်း ( ကန်ဒေါ်လာ ၁ သန်း) ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ စတုရန်း ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၇၆၅၁ အထိ ကျသင့်နေသည်။

ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည့် မြို့လည်းဖြစ်ပြီး ဟောင်ကောင်မြို့သား ၄ ဦးလျှင် ၁ ဦးက ၎င်းတို့၏ဘဝသက်တမ်းအတွင်း နေအိမ်အပိုင်ဝယ်ယူနိုင်ရန် မျှော်လင့်ချက်မရှိကြောင်း ပြောကြားကြသည်။

ရောင်းချလိုက်သည့်အခန်းမှာ ဟောင်ကောင်ရှိ ပေါ့ခ်ဖူလမ်အရပ်တွင် တည်ရှိသည်။

ဟောင်ကောင် developer ဖြစ်သော Kowloon Development က ထုတ်ပြန်ရာတွင် ပေါ့ခ်ဖူလမ်အိမ်ရာစီမံကိန်းရှိ နေအိမ်ခန်းပေါင်း ၃၅၀ အနက် ၆၀ ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းရှိ လူနေခန်းများမှာ စတုရန်းပေ ၂၀၉ ပေမှ ၃၁၀ ပေကြားသာ ကျယ်ဝန်းပြီး ဈေးနှုန်းမှာ ဟောင်ကောင်ဒေါ်လာ ၁၁ ဒသမ ၂၉ သန်းနှင့် အထက်ရှိသည်။

အချက်အလက်များအရ ဟောင်ကောင်သား ၂၇ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ရန် မျှော်လင့်ချက်မထားကြတော့ကြောင်း အိမ်ခြံမြေကြော်ငြာကုမ္ပဏီတစ်ခုဖြစ်သည့် REA Group မှ စီးပွားရေးပညာရှင် နီရီဒါ ကိုနစ်ဘီက ပြောကြားသည်။

နေအိမ်မဝယ်ယူနိုင်ခြင်းကြောင့် အခြားသော လူမှုပြဿနာများလည်း ပေါ်ပေါက်လာစေရာ စုံတွဲများအနေဖြင့် လက်ထပ်ရန် နှောင့်နှေးသွားကြခြင်းကဲ့သို့ အကြောင်းရပ်များဖြစ်သည်ဟု REA Group ၏ သုတေသနအချက်အလက်များတွင် ဖော်ပြသည်။

ဟောင်ကောင်တွင် ယင်းကဲ့သို့ လူနေခန်းများကို နာနိုတိုက်ခန်း၊ ဆေးတောင့် တိုက်ခန်း၊ ဖိနပ်ဘူးတိုက်ခန်းဟု အမျိုးမျိုး အမည်ပေးထားကြသည်။

ဟောင်ကောင်တွင် နေထိုင်သူထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) ကပြောကြားကြသည်မှာ အကယ်၍ ဈေးနှုန်းသာ မျှတမည်ဆိုပါက နာနိုတိုက်ခန်းများကို ဝယ်ယူလိုကြောင်း ပြောကြားကြသည်ဟု စစ်တမ်းတွင် ဖော်ပြသည်။
ယင်းအနက် အချို့က ကိုယ်တိုင်နေထိုင်ရန်ဖြစ်ပြီး အချို့ကမူ ရင်းနှီးမြှုပ်နှံရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

ထိုစစ်တမ်းများအပေါ်အခြေခံ၍ developer တို့က နာနိုတိုက်ခန်းများ အလုံးအရင်းဆောက်လုပ်လာကြမှုကြောင်းလည်း ဈေးကွက်တွင် ရောင်းလိုအား လွန်ကဲမှုဖြစ်ပေါ်လာဖွယ်ရှိနေသည်။

လက်ရှိဆောက်လုပ်နေဆဲ စီမံကိန်းများအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်၌ နာနိုတိုက်ခန်းပေါင်း အနည်းဆုံး ၂၁၀၀ ခန့် ဈေးကွက်သို့ ရောက်ရှိလာဦးမည်ဖြစ်သည်။

Henderson Land က အကောင်အထည်ဖော်နေသည့် အိမ်ရာစီမံကိန်းများဆိုလျှင် အကျယ်အဝန်း စတုရန်းပေ ၂၀၀ ပင်မရှိချေ။

ကွန်တိန်နာတစ်လုံး၏ ပုံမှန်အရွယ်အစားမှာ ပေ ၂၀ ဖြစ်ပြီး စတုရန်းပေ ၁၆၅ ပေရှိကာ ဗြိတိန်တွင် ကားပါကင်နေရာတစ်ခု၏ ပုံမှန်အကျယ်အဝန်းမှာ ၁၂၆ စတုရန်းပေ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်တွင် သင်္ဘောကွန်တိန်နာပုံးအရွယ်မျှသာရှိသည့် လူနေခန်းတစ်ခန်းကို ဟောင်ကောင်ဒေါ်လာ ၈ သန်းခန့်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်တွင် သင်္ဘောကွန်တိန်နာပုံးအရွယ်မျှသာရှိသည့် လူနေခန်းတစ်ခန်းကို ဟောင်ကောင်ဒေါ်လာ ၈ သန်းခန့်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service