ရွှေအိတ်ချိန်း တည်ထောင်မည်

ရွှေအိတ်ချိန်း တည်ထောင်မည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2018 11:02 am တွင် တင်ခဲ့သည်
4947 ကြိမ် ကြည့်ရှု့ပြီး
ရွှေဈေးကွက်အတွင်း အရောင်းအဝယ် မြန်ဆန်စေရေးအတွက် ယခုနှစ်အတွင်း ရွှေအိတ်ချိန်း (Gold Exchange) တစ်ခု တည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ရွှေအိတ်ချိန်းစတင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲရေးဆွဲခြင်းကို စတင်နေပြီး ဆော့ဖ်ဝဲပြီးစီးပါက ရွှေအရောင်းအဝယ် လုပ်ကိုင်နေသူများအားလုံးကို ပေးသွားမည်ဖြစ်ကြာင်း၊ နိုင်ငံတကာရွှေလုပ်ငန်းများ ဝင်ရောက်လာပါက ယင်းစနစ်ကြောင့် ပိုပြီးအဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။

“အခုဆို လယ်ဂျာစာအုပ်တွေနဲ့ပဲ လုပ်နေရတာ။ ဈေးနှုန်းအတက်အကျ ဖြစ်နေတဲ့အတွက် စာရင်းရှင်းခါနီးဆိုရင် စကားများတာတွေဖြစ်တယ်။ ဆော့ဖ်ဝဲနဲ့ဆိုရင် ဖုန်းနဲ့ဝယ်မယ်ဆိုရင်တောင် သူ့ဟာနဲ့သူ အရောင်းအဝယ်မြန်သွားမယ်”ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်းရွှေဈေးသည် နိုင်ငံတကာ ဈေးနှုန်းကိုလိုက်၍ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်နီးပါး ဈေးအတက်အကျဖြစ်နေသည့်အတွက် အရောင်းအဝယ်လုပ်သည့် အချိန်တွင် ဖြစ်ပေါ်နေသည့်ဈေးကို အတည်တကျယူသင့်ပြီး အိတ်ချိန်းပေါ် ပေါက်လာပါက ရှယ်ယာများ အရောင်းအဝယ်လုပ်သကဲ့သို့ ရွှေဈေးကွက်မှာ မြန်ဆန်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“တချို့ကျတော့ ညနေသူတို့ငွေပေးတဲ့အချိန် ဈေးတက်ရင် နေ့လယ်က ပြောထားတဲ့ဈေးကိုပဲ ပေးချင်တာ။ ဈေးကျသွားရင် ကျဈေးကို လိုက်ကြည့်နေတော့ တရားရုံးတွေအထိ ရောက်ကုန်တာ။ ဒီဟာတွေက ကုန်သည်တွေကြားမှာ ခဏခဏဖြစ်လာတော့ ဈေးကို တရားဝင်နှုန်းတစ်ခုဖြစ်ဖို့ လိုလာတယ်”ဟု ရွှေကုန်သည် ဦးအောင်မြင့်က ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများတွင်လည်း အဆိုပါ Gold Exchange ကဲ့သို့ နည်းပညာရှိသည့်အတွက် ရွှေဈေး အတက်အကျအလိုက် ရောင်းနိုင်ဝယ်နိုင်သောကြောင့် ကုန်သည်များနှင့် ရွှေစုသူများမှာ အဆင်ပြေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service