မြိုတိုင်းရင်းသားများ နေထိုင်ရန် မောင်တောတွင် နေအိမ်အလုံး ၃၀ တည်ဆောက်ပြီးဟုဆို

မြိုတိုင်းရင်းသားများ နေထိုင်ရန် မောင်တောတွင် နေအိမ်အလုံး ၃၀ တည်ဆောက်ပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
22 Mar 2018 10:24 am တွင် တင်ခဲ့သည်
4379 ကြိမ် ကြည့်ရှု့ပြီး
မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်ကျေးရွာတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက တည်ဆောက်ပေးနေသော မြို တိုင်းရင်းသားများအတွက် နေ အိမ်အလုံး ၃၀ တည်ဆောက် ပြီးဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းက သတင်းထုတ်ပြန်သည်။

နေအိမ် တည်ဆောက်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်က စတင်ခဲ့ပြီး နေအိမ်တစ် လုံးအတွက် ကျပ် ၈၉ သိန်း အကုန်ကျခံ တည်ဆောက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

အိမ်အရွယ်အစားမှာ အလျား ၂၈ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၃ ပေခွဲဖြစ်ပြီး Steel Structure Building အမျိုးအစား ဖြစ်သည်။

အဆိုပါနေအိမ်များကို ဧပြီ လဆန်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် UEHRD ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက လွှဲပြောင်းအပ်နှံမည် ဖြစ်ပြီး အိမ်အလုံး ၃၀ တွင် မိသားစုဝင် ၂၈၀ နေထိုင်နိုင်မည် ဖြစ်သည်။
‘‘ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အလုပ် အကိုင်ရခဲ့တယ်။ အခု ယာယီနေ တဲ့နေရာအနီးမှာ ဟင်းသီးဟင်း ရွက်တွေ စိုက်ပျိုးထားလို့ စား သောက်ရေးကလည်း သိပ်အခက် အခဲမရှိခဲ့ဘူး။ အခုဆောက်လုပ် ပေးတဲ့ အိမ်တွေကိုလည်း သဘောကျပါတယ် ’’ဟု ခုံတိုင်ကျေးရွာမှ မြိုအမျိုးသားတစ်ဦးက ပြောသည်။

မောင်တော ဒေသတွင် ၂၀၁၇ သြဂုတ်က အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများအတွက် နေအိမ်များ ကို UEHRD အစီအစဉ်အောက်မှ သက်ဆိုင်ရာ ကုမ္ပဏီများ၊ ဖောင် ဒေးရှင်းများက တာဝန်ယူတည် ဆောက်နေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service