အခွန်သက်သာခွင့် သီးခြား ဥပဒေတရပ် ပြဌာန်းပေးမည်

အခွန်သက်သာခွင့် သီးခြား ဥပဒေတရပ် ပြဌာန်းပေးမည် - Property News in Myanmar from iMyanmarHouse.com
21 Mar 2018 12:02 pm တွင် တင်ခဲ့သည်
4996 ကြိမ် ကြည့်ရှု့ပြီး
ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေကြေးများအတွက် အခွန်နှုန်း လျော့ချပေးနိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်၍ ပြည့်စုံသော သီးခြား ဥပဒေတရပ် ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး တင်ပြသွား မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

“သူ့ဆိုင်ရာ ဌာနတွေ ရှိတယ်။ UMFCCI အဖွဲ့အစည်းတွေ ရှိတယ်။ နောက် လိုအပ်ရင် လိုအပ်သလို အခွန်ထမ်းဆောင်တဲ့ လုပ်ငန်း ရှင်ကြီးတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးတော့ ပိုမို ပြည့်စုံတဲ့ သီးခြား ဥပဒေတရပ် ရေးဆွဲသွားဖို့ ဆက်ဆောင်ရွက်သွားမှာပါ။ အခု လွှတ်တော်မှာ ပြီးတာနဲ့ မြန်နိုင်သမျှ မြန်မြန်ဖြစ်အောင် စလုပ်မယ်”ဟု ဦးမောင်မောင်ဝင်းက နေပြည်တော်တွင် ပြောသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန် ကင်းလွတ်ခွင့်ပုဒ်မ ထည့်သွင်းခြင်း မပြုရန် ဥပဒေကြမ်း ကော်မတီ၏ သဘောထား မှတ်ချက်အတိုင်း ယနေ့ ကျင်းပသည့် ပြည် ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းသည် လက်ရှိရပ်ဆိုင်းလုနီးပါးဖြစ်နေသော ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို အသက်ရှုချောင်သွားစေမည်ဟု ထိပ်တန်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ထောက်ခံတင်ပြခဲ့သော အခွန်နှုန်းထား လျှော့ချရေးကို ပယ်ချခဲ့ခြင်း ဖြစ်သည်။

ဝင်ငွေခွန် မဆောင်ရသေးသူများသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဝယ်ယူပါက အခွန် ၁၅ ရာခိုင်နူန်းမှ ၃၀ ရာခိုင်နူန်းအထိ ပေးဆောင်ရန် သတ်မှတ်ထားချက်အား ၃ ရာခိုင်နူန်းမှ ၅ ရာခိုင်နူန်းသို့ လျှော့ချပေးစေလိုကြောင်း၊ ထိုဝင်ငွေခွန် လျှော့ပေးလိုက်ခြင်းသည် လက်ရှိ ဝယ်ယူမှု နည်းပါးပြီး ဈေးကွက်ပျက်နေရာမှ အခွန်လျှော့ခြင်းကြောင့် အရောင်းအဝယ်များ ရှိလာပြီး ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာစေနိုင်သောကြောင့် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ထောက်ခံတင်ပြခဲ့ကြသည်။

ယင်း အခွန်သက်သာခွင့် ပြုသည့်ကိစ္စကို အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေကြမ်းတခုအဖြစ် သီးခြား ရေးဆွဲပြုစု၍ လွှတ်တော်သို့ တင်သွင်းရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

“အဖွဲ့အစည်းပေါင်းစုံနဲ့ ညှိနှိုင်းပြီးမှ သီးခြား ဥပဒေတရပ် ရေးဆွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နှစ်စဉ်တင်သွင်းနေကြ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းမှာ ထည့်သွင်းဖော်ပြခြင်းဟာ ပြည်စုံလုံလောက်မှု မရှိတာကို လေ့လာတွေ့ရှိရပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

လာမည့် ဘတ်ဂျက်ကာလ ဧပြီလ ၁ ရက်နေ့တွင် အခွန်များ လျော့ချနိုင်တော့မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ခဲ့ကြသော်လည်း ယခုလို သီးသန့် ဥပဒေတခု ပြဌာန်းမည် ဆိုပါက ဆက်လက် စောင့်ရဦးမည် ဖြစ်ကြောင်း၊ ထို သီးသန့် ဥပဒေသည်လည်း အောင်မြင် မည်ဟု မပြောနိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သူ ဒေါက်တာ စိုးထွန်းက ပြောသည်။

“ဒီအခွန်ကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း ကြေလည်ဖို့ လိုတယ်။ အစိုးရအနေနဲ့ ဒီအခွန်တွေ ဘာကြောင့် လျော့ချဖို့ လိုတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယိတွေကို ကြိုတင် အသိပေးဖို့ လိုတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုမသိဘူး လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်၍ အခွန်လျော့ချမှု ရွေ့ဆိုင်းလိုက်သဖြင့် လုပ်ငန်းရှင်များထဲတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ အထိနာနိုင်ကြောင်း၊ တချို့ လုပ်ငန်း ရှင်များသည် ဘဏ်ချေးငွေများ ယူထားသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ အထိနာပါက ဘဏ်များပါ ယင်းအကျိုးဆက်ကို ခံရနိုင်၍ လုပ်ငန်းရှင်များ အကြွေးမဆပ်နိုင်ပါက ပြဿနာများ ရှိနိုင်ကြောင်း ပြောသည်။

သို့သော် ဝင်ငွေရလမ်း မဖော်ပြနိုင်ဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ငွေမည်းများသည် အခွန် အနည်းငယ်ဆောင်ရုံဖြင့် ငွေဖြူဖြစ်လာပြီး တရားဝင် လုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ပုံမှန် အခွန်ထမ်းများအတွက် မမျှတကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်ခဲ့ကြသည်။

ထို့ကြောင့် ဝင်ငွေခွန်နှုန်းထားများမှာ ၁ ကျပ်မှ သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ သန်း ၁၀၀၀ နှင့်အထက် ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အခွန် ဥပဒေကြမ်းတွင် ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကား၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်ကားများ၊ ကူပေးကားများသည် ပြည်သူ အများ ဝယ်ယူစီးနင်းနိုင်သည့် အိမ်သုံးအမျိုးအစားကားများ ဖြစ်၍ အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်းအစား ၁၀ ရာခိုင်နှုန်းသို့ ပြင်ဆင် သတ်မှတ်ချက်ကို လွှတ်တော်က အတည်ပြုခဲ့သည်။

သို့သော် ဝင်ငွေခွန်နှင့် ပတ်သက်၍ မူလ အဆိုပြုချက်အတိုင်း တနှစ်ဝင်ငွေ ကျပ် ၄၈ သိန်းရှိပါက ဝင်ငွေခွန် ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service