ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နယူးယောက်နေအိမ် (ကမ္ဘာကျော် သရဲခြောက်သော နေအိမ်ကြီးများ)

ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နယူးယောက်နေအိမ် (ကမ္ဘာကျော် သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
21 Mar 2018 11:28 am တွင် တင်ခဲ့သည်
4691 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်းသည် နယူေးယာက်မြို့ ၊ အနောက် ၁၀ လမ်း၊ အမှတ် ၁၄ ရှိနေအိမ်တွင် နေထိုင်သွားခဲ့ဖူးသည်။

အမေရိကန်ပြည်တွင်းစစ်ကြီး မဖြစ်ပွားမီက နယူးယောက်မြို့ ၊ ဝါရှင်တန်စကွဲယားအရပ်သည် တစ်မြို့ လုံးတွင် ဖက်ရှင်အကျဆုံးဟု ဆိုနိုင်သည့်နေရာ ဖြစ်ခဲ့သည်။

ယင်းဒေသတခွင်ရှိ နေအိမ်များတွင် ဟင်နရီ ဘယ်လ်တာ (သို့မဟုတ်) ဂျိုးဆက် မိခ်ဆိုင်ထုတ် ခေတ်မီပရိဘောဂတို့ဖြင့် ပြည့်နှက်နေလေ့ရှိခဲ့သည်။

Central park နှင့် ဆဌမရိပ်သာလမ်းကြားရှိ အနောက် ၁၀ လမ်းသည်လည်း ယင်းဒေသတွင် အပါအဝင် ဖြစ်သည်။

အနောက် ၁၀ လမ်း၊ အမှတ် ၁၄ နေအိမ်ကို ၁၈၅၀ နှောင်းပိုင်းကာလများတွင် ဆောက်လုပ်ခဲ့ပြီး ဂရိ ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
နေအိမ်အောက်တွင် ကြီးမားကျယ်ပြောသည့် မြေအောက်ခန်းကြီး ပါဝင်သည်ဟု ဆိုသည်။

ပြည်တွင်းစစ်မီးကြီး တောက်လောင်နေစဉ်ကာလများအတွင်း အမျိုးသား၊ အမျိုးသမီးများသည် ဝိတိုရိယခေတ် အဝတ်အစားများ ဝတ်ဆင်ကာ ဝေလငါးဆီဖြင့် ထွန်းလင်းသည့် မီးဆိုင်းကြီးများအောက်တွင် ပါတီပွဲများ ကျင်းပခဲ့လေ့ရှိသည်။

ယင်းနေအိမ်တွင် သူဌေးမကြီး မစ္စက် ဂျိမ်းစ် ဘောမန်း ဂျွန်စတန်သည် သမီးများနှင့် အတူနေထိုင်ခဲ့ဖူးရာ အချိန်ကာလမှာ ၁၈၈၀ ပြည့်လွန်ကာလများ ဖြစ်သည်။

သူ၏ခင်ပွန်းမှာ Colonial Dames of America အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် မက်ထရိုပိုလီတန် မြေအောက်ရထားနှင့် ဘရော့ဒ်ဝေးမြေအောက်ရထား MUR& BUR တို့ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

၁၈၉၇ ခုနှစ်တွင် အဆိုပါ အမှတ် ၁၄ နေအိမ်တွင် နေထိုင်ခဲ့သူမှာ စက်ဘီးအားကစားသမားတစ်ဦးဖြစ်သူ ဖရက်ဒ် အိတ်ခ်ျ-အင်ဒရူးဖြစ်သည်။

အင်ဒရူးသည် ဟန်ဆန်လမ်းပေါ်တွင် စက်ဘီးစီးလေ့ကျင့်ရင်း အသက် ၈ နှစ်အရွယ်ရှိ ဝီလျံမာသာဟုခေါ်သော ကလေးငယ်တစ်ဦးကို ဝင်တိုက်မိရာ ကလေးငယ်မှာ ခြေထောက်ကျိုးသွားခဲ့သည်။
အင်ဒရူလည်း မဆင်မခြင် စက်ဘီးစီးနင်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

၁၉၀၀ ပြည့်နှစ်တွင် သရော်စာရေးဆရာ ဆင်မြူရယ် ကလီးမန်းနှင့် မိသားစု နေထိုင်ချိန်ကာလသည်ကား ယင်းနေအိမ်ကြီးကို မီဒီယာတို့ စတင်အာရုံစိုက်မိကြသည့် ကာလများဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ထိုနေအိမ်သည် စာရေးဆရာကြီးမာ့ခ်တွိန်း နယူးယောက်တွင် နေထိုင်ခဲ့ဖူးသည့် နေအိမ်များအနက် အနှစ်ခြိုက်ဆုံးနေအိမ်များတွင် တစ်လုံးအပါအဝင်ဖြစ်သည်ဟု ဆိုသည်။

တစ်နေ့တွင်ကား မာ့ခ်တွိန်း၏ နေအိမ်မှ အမျိုးသမီးအိမ်ဖော်တစ်ဦးကို အငှားယာဉ်မောင်းက ယာဉ်စီးခ ပိုမိုတောင်းခံသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

အငှားယာဉ်မောင်းသမား ဝီလျံဘက်ခ်သည် မာ့ခ်တွိန်း၏ အိမ်ဖော် ကိတ်လီရီအား Grand Central Station ဘူတာမှ နေအိမ်အထိ ပို့ဆောင်ပေးခဲ့ရာတွင် တစ်ဒေါ်လာသာယူရမည့်အစား တစ်ဒေါ်လာခွဲယူလိုက်ခြင်း ဖြစ်၏။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နယူးယောက်နေအိမ် (ကမ္ဘာကျော် သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နယူးယောက်နေအိမ် (ကမ္ဘာကျော် သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နယူးယောက်နေအိမ် (ကမ္ဘာကျော် သရဲခြောက်သော နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service